Showing posts with label တိုက်တွန်း. Show all posts
Showing posts with label တိုက်တွန်း. Show all posts

Monday, August 19, 2024

အရပ်သားတွေကို အကာအကွယ်ပေးဖို့ AA ကို SAC-M တိုက်တွန်း

RFA
RFA Burmese
2024.08.19
 

မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကယ်ထုတ်ပေးခဲ့သည်ကို AA က ထုတ်ပြန်ထားစဉ်။ Telegram/ AA Info Desk
 
ရခိုင်ပြည်နယ် မြောက်ပိုင်းက အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအောက်က တာဝန်တွေကို လိုက်နာဆောင်ရွက်ဖို့ အာရက္ခတပ်တော် (AA) ကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဩဂုတ်လ ၁၉ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

Friday, March 22, 2024

ရိုဟင်ဂျာတွေကို ကန်လက်ခံကူညီဖို့ USCIRF တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၂ မတ်၊ ၂၀၂၄ 

အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းလွန်အတွင်း မှောက်နေတဲ့လှေပေါ်တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)
 
မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလွန်ကာလမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ကိုယ့်ဆန္ဒနဲ့အညီ နေရပ်ပြန်နိုင်ဖို့ အခွင့် အလမ်းတွေရှိလာရေး အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာအသိုက်အဝန်းနဲ့ လက်တွဲပြီး ကူညီဆောင် ရွက်သွားဖို့ USCIRF နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ပြည်ထောင်စုကော်မရှင်က တိုက် တွန်းပါတယ်။

Thursday, September 7, 2023

ရိုဟင်ဂျာအရေး နည်းလမ်းရှာဖို့ နိုင်ငံတကာကို ဘင်္ဂလား ဒေ့ရှ် တိုက်တွန်း

RFA
RFA Burmese
2023.09.07

၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များ။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေအရေး ဖြေရှင်းနိုင်အောင် ရေရှည်ခံတဲ့ နည်းလမ်းရှာ ဖွေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်က ပြောလိုက်ပါ တယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ စက်တင်ဘာ ၇ ရက်က ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံမှာ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်က ပြောလိုက်တာပါ။

Sunday, August 28, 2022

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နိုင်ငံတကာအကူညီပေးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၇ သြဂုတ်၊ ၂၀၂၂  
MALAYSIA-MYANMAR-PRISON-IMMIGRATION-ROHINGYA This handout taken and released by the Royal Malaysia Police on April 20, 2022 shows Rohingya refugees, who had escaped from Malaysian Immigration's temporary Sungai Bakap depot, detained on the side of a highw
 

မြန်မာနိုင်ငံကိုပြန်ဖို့ ရုန်းကန်ကြိုးစားနေကြတဲ့ ရိုဟင်ဂျာတွေကို မလေးရှားက အားပေးထောက်ခံကြောင်း မ လေး ရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မနေ့ညဘက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်း နိုင်ငံ တွေကို ထွက်ပြေးခိုလှုံရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာအသိုင်းဝိုင်းက ပစ်မထားဖို့လည်း ပန်ကြားလိုက်ပါတယ်။

Thursday, August 25, 2022

မြန်မာနိုင်ငံဆီ ရိုဟင်ဂျာ ဒုက္ခသည်များ ဘေးကင်းစွာ ပြန်နိုင်ရေးအတွက် အီးယူ တိုက်တွန်း

မဇ္စျိမ
25 August 2022

ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ဥရောပသမဂ္ဂ အီးယူက ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုပြီး ရိုဟင်ဂျာများ မြန်မာနိုင်ငံဆီ ဘေးကင်းစွာ ပြန်နိုင်ရေးအတွက် တိုက်တွန်းပြောဆိုသည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ မြန်မာနိုင်ငံမှ ရိုဟင်ဂျာ အမျိုးသမီး၊ အမျိုးသားနှင့် ကလေးငယ် ၇၅၀,၀၀၀ ကျော်ထက်မနည်း ထွက်ပြေးခဲ့ကြသည့် ငါးနှစ်မြောက် ပူးတွဲထုတ်ပြန်ချက်၌ အီးယူ နိုင်ငံခြားမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ်နှင့် အခြားသော ကော်မရှင်နာများက ရိုဟင်ဂျာများကို ထောက်ခံကြောင်း ဖော်ပြခဲ့သည်။

Saturday, May 1, 2021

အာဆီယံသဘောတူညီချက် NUG နဲ့ ထိစပ်အ ကောင် အထည်ဖော်ဖို့ SAC-M တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
30 ဧပြီ၊ 2021
မြန်မာ့အရေး အာဆီယယံအစည်းအဝေးနှင့်ပတ်သက်ပြီး ပြောဆိုနေသည့် အင်ဒိုနီးရှားသမ္မတ Joko Widodo ။ ဧပြီ ၂၄၊ ၂၀၂၁။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ အချက်ငါးချက်ပါ သဘောတူညီ ချက်အပေါ် အာဆီယံနဲ့ နိုင်ငံတကာအနေနဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိစပ်ပြီး ခိုင်မာတဲ့လုပ်ဆောင်မှုနဲ့ အကောင်အထည်ဖော်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Thursday, August 20, 2020

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး အိန္ဒိယကူညီဖို့ ဘင်္ဂလား ဒေ့ရှ်တိုက်တွန်း

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
20 သြဂုတ်၊ 2020  
မှတ်တမ်းဓါတ်ပုံ- ၂၀၁၇ နိုဝင်ဘာတုန်းက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် စခန်းတွေမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးကိစ္စမှာ အိန္ဒိယနိုင်ငံကလည်း ပူးပေါင်း ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောကြား ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာန အတွင်းဝန် Masud Bin Momen က ပြောပါတယ်။ ဒါကာမြို့ကို ကြိုတင်စီစဉ် မထားဘဲ ရောက်လာတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Harsh Shringla နဲ့ တွေ့ဆုံအပြီး ဗုဒ္ဓဟူးနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီးဌာန အတွင်းဝန် Masud Bin Momen က သတင်းထောက် တွေကို အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

Wednesday, February 5, 2020

ICJ ကြားဖြတ်အစီအမံ မြန်မာလက်ခံဖို့ EU တိုက်တွန်း

VOA
05 ဖေဖော်ဝါရီ၊ 2020
ဗွီအိုအေ (မြန်မာဌာန)
ICJ နိုင်ငံတကာတရားရုံးက မြန်မာနိုင်ငံအတွက်ချမှတ်ထားတဲ့ ကြားဖြတ်အစီအမံတွေကို လိုက်နာဖို့ EU ဥရောပသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ မြန် မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲအပြီး EU ကိုယ်စား Estonian သံအမတ်ကြီး Sven Jürgenson က တိုက် တွန်းခဲ့တာဖြစ်ပါတယ်။

Wednesday, January 29, 2020

ရခိုင်အကြပ်အတည်းနည်းလမ်းရှာဖြေရှင်းဖို့ ကန်သံအမတ် ကြီးတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
29 ဇန္နဝါရီ၊ 2020
ကိုစည်သူ
အမေရိကန်မြန်မာဆက်ဆံရေးဆွေးနွေးပွဲမှာ သံအမတ်ကြီး Scot Marciel ဆွေးနွေး 

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအကျပ်အတည်းတွေကို နည်းလမ်းတကျဖြေ ရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်း‌ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel ကပြော ဆိုလိုက်ပါတယ်။ 

Tuesday, January 28, 2020

စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို အရေးယူဖို့ EU တိုက် တွန်း

VOA
28 ဇန်နဝါရီ၊ 2020
ဗွီအိုအေ (မြန်မာပိုင်း)
VOA
28 ဇန်နဝါရီ၊ 2020
ဗွီအိုအေ (မြန်မာပိုင်း)
 မောင်တောတွင် တပ်မတော်သားများကို တွေ့ရစဉ် (သြဂုတ် ၃၁၊ ၂၀၁၇)

ရခိုင်ပြည်နယ်တွင်းမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ရာဇဝတ်မှုနဲ့ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေမှာ တာဝန်ရှိသူတွေကို တရားဥပဒေကြောင်း အရ အပြစ်ပေး အရေးယူဖို့ မြန်မာအစိုးရကို ဥရောပ သမဂ္ဂ EU က တိုက်တွန်းလိုက်ပါတယ်။

Wednesday, January 22, 2020

ရိုဟင်ဂျာကလေးပညာရေး ကူညီဖို့ ဘင်္ဂလားဒေ့ရှ်ကို AI တိုက်တွန်း

VOA
ဗွီအိုအေ( မြန်မာပိုင်း)
22 ဇန္နဝါရီ၊ 2020
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် ကလေးတွေကို ပညာရေးအကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Amnesty International က တိုက်တွန်းလိုက်ပါတယ်။

Tuesday, September 17, 2019

လူ့အခွင့်အရေး ချိုးဖောက်တဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ ယန်ဟီလီ တိုက်တွန်း

VOA 
ဗွီအိုအေ (မြန်မာဌာန)
17 စက်တင်ဘာ၊ 2019
အင်ကြင်းနိုင်
လူ့အခွင့်အရေးကောင်စီ ညီလာ ခံမှာ အစီရင်ခံစာ တင်သွင်းနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူကိုယ်စားလှယ် ယန်ဟီလီ
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကို အရေးယူ အပြစ်ပေးနိုင်မှသာ တိုင်းရင်းသား လူ နည်းစုတွေ အပေါ် စစ်တပ်ရဲ့ညှင်းပမ်းနှိပ်စက်မှုတွေကို အဆုံးသတ်စေမှာဖြစ်ပြီး ရိုဟင်ဂျာတွေ ဌာနေပြန် ရေး အစီအစဉ် အောင်မြင်ဖို့ သော့ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စား လှယ် ယန်ဟီလီက ပြောကြားလိုက်ပါတယ်။

Friday, August 30, 2019

ရိုဟင်ဂျာအရေး ဝိုင်းဝန်းကူညီဖို့ ဘင်္ဂလားဒေ့ရှ် တိုက် တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန
30 သြဂုတ်၊ 2019 
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာအစိုးရမှာ တာဝန်ရှိတဲ့အတွက် နိုင်ငံတကာက ဝိုင်းဝန်း ကြိုးပမ်းတိုက်တွန်းကြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး AK Abdul က ဒါကာမြို့ အခြေစိုက် နိုင်ငံ တကာ သံတမန်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ တိုက်တွန်း လိုက်ပါ တယ်။ 

Monday, August 26, 2019

ရိုဟင်ဂျာတွေ လုံခြုံစွာ နေရပ်ပြန်နိုင်ရေးစီစဉ်ဖို့ အမေ ရိကန် တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-25
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ် Photo: Dibyangshu SARKAR / AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ရိုဟင်ဂျာတွေ သူတို့နေရပ်ကို သူတို့ဆန္ဒအရ ပြန်ခွင့်ရဖို့ဆိုရာမှာ သူတို့နိုင်ငံ သားဖြစ်ခွင့်ရရေး အာမခံချက်မရသေးနိုင်တဲ့အချက်က အဓိကကျနေပါတယ်။အရင်ဆုံးနေ ရပ်ပြန် လာကြပြီးမှသာ နိုင်ငံသားဖြစ်ခွင့်ရှိရေးကို ဆက်လက်လုပ် ဆောင်သွားပေးမှာ ဖြစ်တယ်လို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေအထိ ရှင်းပြပေးခဲ့ပြီးဖြစ်တယ်လို့ နိုင် ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Saturday, August 24, 2019

ပိတ်ဆို့မှုတွေတိုးလုပ်ဖို့ ကန်အစိုးရကို ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင် တိုက်တွန်း

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-08-24

ရိုဟင္ဂ်ာအမ်ိဳးသမီး ဒုကၡသည္မ်ား။
Photo: AFP
■ ကုလသမဂ္ဂ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေဖော်ထုတ်ရေးမစ်ရှင် FFM အဖွဲ့က သြဂုတ် ၂၃ ရက်နေ့ က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ မြန်မာ့တပ်မတော်လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာမွတ်စလင်တွေနဲ့ တ ခြားသူတွအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ တချို့ဒေသတွေမှာ ဆက်လက် ကျူး လွန်နေတာဟာ တပ်မ တော်ရဲ့ လူမျိုးတုံးဖယ်ရှားရေး ရည်ရွယ်ချက်ကို ဖော်ပြနေတယ်လို့ အမေရိ ကန် ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF က မနေ့က ကြေညာချက် ထုတ် ပြန် ပြောကြားလိုက်ပါတယ်။

Thursday, August 22, 2019

တိုက်ပွဲတွေ ရပ်တန့်ဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ကို တရုတ်တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-22
တရုတ်နိုင်ငံခြားရေးဌာနက အာရှရေးရာ အထူးသံတမန် Sun Guoxiang ကို ၂၀၁၈ ဇူလိုင် ၁၂ ရက်နေ့က တွေ့ရစဉ် Photo: Thiha Tun/RFA                           
 
ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်ဖို့နဲ့ ဒီတိုက်ပွဲတွေကို တရုတ်နိုင်ငံအနေနဲ့ လက်မခံကြောင်း မြောက်ပိုင်းလက်နက်ကိုင်ခေါင်းဆောင်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ် စားလှယ် မစ္စတာ ဆွန်ကော့ရှန်က ခေါ်ယူတွေ့ဆုံပြီး ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

Saturday, May 4, 2019

ရခိုင်ပြည်နယ်မှာ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံး မှုမဖြစ်စေဖို့ လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-05-04
ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ဒဏ်ရာရသူ တစ်ဦးကို စစ်တွေဆေးရုံမှာ ၂၀၁၉ မေလ ၃ ရက်နေ့က တွေ့ရစဉ် Photo: RFA 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုမဖြစ်စေဖို့ တပ်မတော်ရော AA ရော နှစ်ဖက်လုံး ဂရုပြုကြဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မနေ့က တိုက်တွန်းချက် ထုတ်ပြန်လိုက်ပါတယ်။

တိုက်ပွဲကြောင့် အပြစ်မဲ့ပြည်သူ ထိခိုက်သေဆုံးမှုမရှိ စေရေး ဂရုပြုကြရန် နှစ်ဖက်တပ်များကို ကော်မရှင် တိုက်တွန်း

DVB
By ဒီဗွီဘီ
4 May 2019
တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးတာ မရှိစေဖို့ နှစ်ဖက်တပ်တွေ ဂရုပြုကြဖို့ အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ခေတ္တ ထိန်းသိမ်းစစ် ဆေးနေတဲ့ အမျိုးသားတွေထဲက ၆ ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ဒဏ်ရာရ၊ ၄ ယောက် ပျောက်ဆုံးနေ တာကို သိရတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */