Sunday, March 23, 2025
Wednesday, February 19, 2025
အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်း NUG တုန့်ပြန်ချက်
အင်ကြင်းနိုင်
၁၉ ဖေဖော်ဝါရီ၊ ၂၀၂၅
ဝါရှင်တန်ဒီစီ — အာဂျင်တီးနားတရားရုံးရဲ့ နိုင်ငံတကာဖမ်းဝရမ်းမှာ ပါဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ နာမည်တွေကို ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်ပါတယ်။
၂၀၁၇ ခုနှစ်က လူနည်းစုရိုဟင်ဂျာတွေကို အကြမ်းဖက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တာနဲ့ စပ်လျဥ်းပြီးတော့ အာဂျင်တီးနားတရားရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်တပ်ခေါင်းဆောင်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့လည်း ပါရှိနေတာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ဘာကြောင့် ဝရမ်းစာရင်းထဲပါနေလဲ (ရုပ်/သံ)
ဧရာဝတီ
19 February 2025
Video
ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်တဲ့ထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ ပါဝင်လာတာ တွေ့ရပါတယ်။
အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းကိုဆန်းစစ်ခြင်း
BBC
၁၆ ဖေဖော်ဝါရီ ၂၀၂၅
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ ၂၃ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
ဒီစွဲချက်နဲ့ အမှုကို ၂၀၁၉ ခုနှစ်မှာ စဖွင့်ခဲ့တာဖြစ်ပြီး ၆ နှစ်အကြာ ၂၀၂၅ ခုနှစ်မှာတော့ စစ်ခေါင်းဆောင်၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် စစ်တပ်အရာရှိကြီး/ငယ် ၂၂ ဦးက ဖမ်းဝရမ်းထဲမှာ ပါဝင်လာတာဖြစ်ပါတယ်။
အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းထဲမှာ အဲဒီ ၂၀၁၇ ခုနှစ်က သမ္မတအဖြစ် တာ၀န်ယူခဲ့တဲ့ ဦးထင်ကျော်နဲ့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ လည်း ပါ၀င်နေပါတယ်။
ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းက စစ်ခေါင်းဆောင်နဲ့ စစ်တပ်အရာရှိတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်လဲ။ သမ္မတဟောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ကို ဝရမ်းထုတ်မှုက ဘယ်လိုသဘောဆောင်လဲ။
အာဂျင်တီးနားတရားရုံးကဘယ်လိုအလုပ်လုပ်သလဲ
အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးစနစ်ကိုအခြေခံထားတာကြောင့် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှုတွေအပါအဝင် ညှဥ်းပမ်းနှိပ်စက်တဲ့ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK)က ၂၀၁၉ ခုနှစ်မှာ အာဂျင်တီးနားဖက်ဒရယ်တရားရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
မြို့တော် ဗျူနိုအေးရီးစ်မှာရှိတဲ့ ဒီဖက်ဒရယ်တရားရုံးကနေ ၂၀၂၁ ခုနှစ်မှာ ယူကေမြန်မာရိုဟင်ဂျာအ ဖွဲ့ (BROUK) ရဲ့ စစ်ခေါင်းဆောင်တွေအပေါ် စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ စုံစမ်းစစ်ဆေးရေးအာဏာကို အာဂျင်တီးနားတရားရုံးအပြင် ဗဟိုအစိုးရရှေ့နေရုံးကိုပါ လွှဲပြောင်းပေးခဲ့ပါတယ်။
အဲဒီရုံးကနေ အာဂျင်တီးနားတရားရုံးဘက်က တောင်းခံလာတဲ့ အကူအညီတွေအတွက် သက်သေအထောက်အထားတွေ မျှဝေပြီး ပံ့ပိုးခဲ့တာလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ IIMM က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ IIMM ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့ဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့ စည်းထားတာဖြစ်ပါတယ်။
BROUK က တိုင်ကြားခဲ့တဲ့ အဲဒီအမှုကို ၂၀၂၃ ခုနှစ် ဇွန်လ၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးမှာ ကြားနာခဲ့ပြီး ရိုဟင်ဂျာမျက်မြင်သက်သေ ၆ ယောက်လည်းထွက်ဆိုခဲ့တယ်လို့ BROUK ကပြောပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လမှာတော့ အာဂျင်တီးနားအစိုးရရှေ့နေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ် ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းဝရမ်း ၂၅ ခုထုတ်ပြန်ဖို့ ဖက်ဒရယ်ရာဇဝတ်ခုံရုံးဆီ တင်သွင်းခဲ့တယ်လို့ IIMM က ဖော်ပြပါတယ်။
အာဂျင်တီးနားနိုင်ငံဟာ"ကမ္ဘာ့နေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်"ကိုအသုံးပြုပြီး မြန်မာက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် စွပ်စွဲချက်တွေကို စတင်စစ် ဆေးခဲ့တဲ့ ပထမဦးဆုံးနိုင်ငံဖြစ်ပါတယ်။
အဲဒီအချက်ကို အခြေခံပြီး အခြားနိုင်ငံတစ်ခုကနေ တရားစွဲဆိုအမိန့်ချပိုင်ခွင့်ရှိတယ်လို့ IIMM က ထောက်ပြထားပါတယ်။
ကမ္ဘာအနှံ့တရားစီရင်ပိုင်ခွင့်(Universal Jurisdiction) ဆိုတာဟာ တချို့ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အမှုကိုစစ်ဆေးရတဲ့နိုင်ငံနဲ့ ဆက်စပ်မှုမရှိရင်တောင် ကျူးလွန်သူတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ တရားစွဲဆိုမှုပြုလုပ်နိုင်တဲ့ အခွင့်အာဏာဖြစ်တယ်လို့ IIMM က ဆိုပါတယ်။
IIMM ဟာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်မှုတွေနဲ့ ပတ်သက်တဲ့အမှုတွေကို စစ် ဆေးနေတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC နဲ့ နိုင်ငံတကာတရား ICJ တို့ကိုလည်း သတင်းအချက် အ လက်နဲ့ စိစစ်သုံးသပ်ချက် အမှုတွဲ ၈၀ ကျော်ကို မျှဝေခဲ့တဲ့အကြောင်း၂၀၂၄ ခုနှစ် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ IIMM တင်ပြခဲ့တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
BROUK ကတော့ မြန်မာစစ်ခေါင်းဆောင်နဲ့ အရာရှိတွေအတွက် အာဂျင်တီးနားတရားရုံးရဲ့ အပြည်ပြည်ဆိုင်ရာဖမ်းဝရမ်းဟာ ရိုဟင်ဂျာအပါအဝင် မြန်မာစစ်တပ်လက်အောက်မှာ လူ့အခွင့်အရေးချိုးဖောက်မှု ခံစားခဲ့ရတဲ့သူတွေအတွက် တရားမျှတမှုသမိုင်းမှတ်တိုင်တစ်ခုပဲလို့ ကြေညာထားပါတယ်။
- ရိုဟင်ဂျာတွေကို ပြန်ပို့ရေး ဆက်မလုပ်ဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း
- စစ်ကောင်စီရဲ့ ပြန်လည်လက်ခံရေး အစီအစဥ်ကို ဒုက္ခသည်တွေ လာရောက်လေ့လာ
ဖမ်းဝရမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်လည်းပါဝင်
အမှုတိုင်ကြားခဲ့တာဟာ ၂၀၁၉ ခုနှစ်အရပ်သားအစိုးရလက်ထက်ဖြစ်ပြီး သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အရပ်သားအစိုးရဦးဆောင်နေတဲ့ကာလဖြစ်ပါတယ်။
ဒါပေမဲ့ ရိုဟင်ဂျာတွေ ကျူးလွန်ခံရချိန် ၂၀၁၇ ခုနှစ်ဟာ သမ္မတဦးထင်ကျော် ဦးဆောင်ခဲ့တဲ့ကာလဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ် BROUK က အမှုစဖွင့်ချိန်မှာ သမ္မတဦးထင်ကျော် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုပါ ထည့်သွင်းအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ BROUK က ၂၀၂၃ ခုနှစ်မှာ နိုင်ငံရဲ့ အခြေအနေကြောင့် သမ္မတဦးထင်ကျော် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နာမည်တွေကို ဖြုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၄ ဇွန်လမှာတော့ အာဂျင်တီးနားတရားရုံးရှေ့နေဘက်က အမှုတည်ဆောက်ပြီးဖြစ်တာကြောင့် ဆိုကာဖြုတ်လို့မရကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၅ ဖေဖော်ဝါရီ ဖမ်းဝရမ်းထွက်လာချိန်မှာ သမ္မတဦးထင်ကျော် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်လာတာဖြစ်ပါတယ်။
ရိုဟင်ဂျာအမှုဟာ NLD အစိုးရလက်ထက်မှာဖြစ်ခဲ့တာကြောင့် အာဂျင်တီးနားတရားသူကြီးဦးဆောင် တဲ့အဖွဲ့ကနေ အရပ်ဘက်ခေါင်းဆောင်တွေမှာ တာဝန်ရှိ၊ မရှိစစ်ဆေးဖို့ အချိန်တန်တာကြောင့် ဖမ်းဝရမ်းစာရင်းမှာ တစ်ခါတည်းထည့်သွင်းခဲ့တာလို့ အမှုကိုဆောင်ရွက်ပေးနေတဲ့ အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေ သောမတ်စ်ကွင်းတားနား က VOA သတင်းဌာနကို ဖြေထားပါတယ်။
ဒါပေမဲ့ ဒီအမှုမှာ အရပ်ဘက်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့လားဆိုတဲ့ မေးခွန်းအတွက် အထောက် အထားတွေအရ စစ်တပ်ပါဝင် ပတ်သက်နေတယ်ဆိုတဲ့အခြေအနေလိုမျိုးတော့ ပြတ်ပြတ်သားသားပြောလို့မရတဲ့ အကြောင်း ကွင်းတားနား က နှိုင်းယှဉ်ပြီးရှင်းပြထားပါတယ်။
ကွင်းတားနားဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် ၂၀၀၈ ကနေ ၂၀၁၄ ခုနှစ်အထိ ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
နိုင်ငံတကာဥပဒေပညာရှင်၊ လူ့အခွင့်အရေးရှေ့နေလည်းဖြစ်တဲ့ ဦးအောင်ထူး ကတော့ အရပ်သားခေါင်းဆောင်တွေ ဖမ်းဝရမ်းစာရင်းထဲပါလာပေမဲ့ တရားရုံးကို အယူခံဝင်နိုင်တဲ့ အခြေအနေရှိတယ်လို့ ထောက်ပြပါတယ်။
"အမှန်တရားဖော်ထုတ်ရေးဘက် မျက်နှာမူပြီး တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် တရားစွဲတဲ့အပိုင်းက လျှော့ပေါ့သက်သာလို့ရတဲ့ ဥပဒေကြောင်းအခြေအနေတွေရှိတယ်" လို့ ဦးထူးအောင်က မှတ်ချက်ပြုပါတယ်။
မြန်မာစစ်တပ်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမရနိုင်တော့ဘူးဆိုတဲ့ အမှန်တရားကိုလက်ခံပြီး ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ အစိုးရအဖွဲ့အတွင်း ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကို အမှုရင်ဆိုင်ချိန် ဖော်ထုတ်ပေးဖို့လိုတယ်လို့ ဦးအောင်ထူးက ထောက်ပြပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး အမှုအတွက်ချေပနိုင်တဲ့အခွင့်အရေးမရှိတဲ့ အခုလိုအချိန်မှာ ဖမ်းဝရမ်းထဲထည့်တာက မဖြစ်သင့်တဲ့လုပ်ဆောင်ချက်လို့ ဝေဖန်ထားကြပါတယ်။
စစ်ကောင်စီဘက်ကတော့ အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းအပေါ် တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။
- နှစ်ပတ်သင်တန်းတက်ပြီး ပြည်တွင်းစစ်ထဲဝင်တိုက်ရတဲ့ရိုဟင်ဂျာတွေ
- ICJ နဲ့ ရိုဟင်ဂျာအရေး ဒေသခံ ရခိုင်တွေရဲ့ အမြင်
ဖမ်းဝရမ်းနောက်ဆက်တွဲခြေလှမ်း
"အာဆီယံဥက္ကဋ္ဌ မလေးရှားကိုပို့မယ်။ ဥရောပသမဂ္ဂ(EU) ကိုပို့မယ်၊ ပြီးရင် အစ္စလာမ်မစ် နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုပို့မယ်။ ပြီးတော့ အမေရိကန်နဲ့ ကုလသမဂ္ဂ (UN)ကိုပို့မယ်။ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ကိုပို့မယ်" လို့ သူက ပြောပါတယ်။
ဝရမ်းထုတ်ခံထားရတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ ပြည်ပနိုင်ငံတွေကို အသွားအလာလုံးဝ လုပ်လို့မရဘဲ ဘယ်နိုင်ငံရောက်နေပါစေ ဖမ်းလို့ရအောင် ရည်ရွယ်ပြီး အခုလိုပို့ဆောင်မှာလို့ ဦးထွန်းခင်က တုံ့ပြန်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုနဲ့ ချိတ်ဆက်ထားတဲ့ ၁၉၆ နိုင်ငံထဲမှာ အာဂျင်တီးနားနဲ့ မြန်မာ နိုင်ငံလည်းပါဝင်တယ်လို့ အင်တာပိုရဲ့ ဝက်ဘ်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
အာဂျင်တီးနားရှေ့နေကတော့ အင်တာပိုအနေနဲ့ နိုင်ငံအသီးသီးက ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ် ဆောင်ရမှာဖြစ်လို့ ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ အာဆီယံတို့လို မိတ်ဖက်အဖွဲ့အစည်းနိုင်ငံတွေဆီက ပံ့ပိုးကူညီမှုတွေရဖို့ အာဂျင်တီးနားအနေနဲ့ ချဉ်းကပ်ဆောင်ရွက်မယ်လို့ သူကဆိုထားပါတယ်။
အင်တာပိုအနေနဲ့ ဖမ်းဝရမ်းလက်ခံရရှိတဲ့အခါ နိုင်ငံတကာရဲလုပ်ငန်းစဉ်တွေအရ စစ်ခေါင်းဆောင်နဲ့ စစ်တပ်အရာရှိတွေအပေါ် အရေးယူမှုလုပ်နိုင်တယ်လို့ နိုင်ငံတကာဥပဒေပညာရှင် ဦးအောင်ထူးက ဘီဘီစီကို ဖြေပါတယ်။
အင်တာပိုအနေနဲ့ အနီရောင်အဆင့် သတိပေးချက် (Red Notice)ကို အဖွဲ့ဝင်နိုင်ငံတွေဆီ တရားဝင်အကြောင်းကြားပြီး ဖမ်းဝရမ်းစာရင်းထဲပါတဲ့သူတွေကို ဖမ်းခိုင်းလို့ရတယ်လို့ ဦးအောင်ထူးက ပြောပါတယ်။
"ဖမ်း မဖမ်းဆိုတာကလည်း သက်ဆိုင်ရာ နိုင်ငံတွေနဲ့ စစ်ကောင်စီနဲ့ကြား ဆက်ဆံရေးအပေါ်မှာလည်း မူတည်မယ်" လို့ သူက ထောက်ပြပါတယ်။
၂၀၂၅ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံဟာ အာဂျင်တီးနားနဲ့ လွှဲပြောင်းရေးစာချုပ်(Extradiction Treaty)ချုပ်ဆိုထားတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။
လွှဲပြောင်းရေးစာချုပ်ဆိုတာဟာ ဝရမ်းထဲပါတဲ့သူကိုဖမ်းပြီး ဝရမ်းထုတ်တဲ့နိုင်ငံကို ပြန်လွှဲပေးတဲ့စာချုပ်ဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာ့ပြဿနာဖြေရှင်းရေး သက်ဆိုင်သူအားလုံးတွေ့ဆုံဖြေရှင်းရေးကို လမ်းကြောင်းဖော်ထားတဲ့ မလေးရှားက စစ်ခေါင်းဆောင်ကို ဖမ်းဆီးတာမျိုးနဲ့ ဝရမ်းထုတ်တဲ့နိုင်ငံပြန်လွှဲဖို့ဆိုတာ ဖြစ်နိုင်ချေနည်းတယ်လို့ စင်္ကာပူအခြေစိုက် မြန်မာ့အရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုပါတယ်။
မလေးရှားနိုင်ငံရဲ့ မြန်မာ့အရေးအထူးသံတမန်ဟာ ဖေဖော်ဝါရီလထဲမှာပဲ မြန်မာ့အရေးဖြေရှင်းရေးလုပ်ငန်းစဉ်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ K2C (KNU၊ KNPP၊ CNF) အဖွဲ့တွေအပြင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ လည်း တွေ့ဆုံထားပါတယ်။
- ယူကေ အပါအဝင် ၆ နိုင်ငံက ICJ မှာ မြန်မာကိုတရားစွဲတဲ့ ဂမ်ဘီယာဘက်ကနေကြားဝင်
- မြန်မာအပေါ် ICJ ရဲ့ လာမယ့် တရားစီရင်ရေး နဲ့ ပတ်သက်လို့ သိသင့်တဲ့အချက်တွေ
ICC ဖမ်းဝရမ်း ထပ်ထွက်လာနိုင်လား
"ဒါက ရိုဟင်ဂျာတွေတင်မကဘူး၊ လူမျိုး၊ ကျား၊ မ မခွဲခြားဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေအားလုံးအတွက် တရားမျှတမှုပဲ" လို့ BROUK က ဖော်ပြပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းတယ်ဆိုပြီး ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ၅ နှစ်ကြာစုံစမ်းပြီး စစ်ခေါင်းဆောင်မှာ အပြစ်ရှိကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဆုံးဖြတ်ချက်ထွက်လာပါတယ်။
အဲဒီနောက် ICC ရှေ့နေချုပ်ကာရင်မ်ခန်းက စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးပါဆိုပြီး ICC ရုံးတော်ကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။
ဗြိတိန်အခြေစိုက် မြန်မာ့အရေးတာဝန်ခံမှုရှိစေရေး MAP အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာခရစ္စတိုဖာဂန်းနက်စ် က ၂၀၂၄ ဒီဇင်ဘာက ဘီဘီစီနဲ့ အင်တာဗျူးမှာ မြန်မာ စစ်ခေါင်းဆောင် အတွက် ICC ရဲ့ ဖမ်းဝရမ်းပါထပ်ပြီး ထွက်လာမယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်ကို ကမ္ဘာ့နိုင်ငံတွေလက်ခံဖို့ပိုခက်ခဲသွားမယ်လို့ မှတ်ချက်ပြုထားပါတယ်။
တဖက်မှာလည်း ICC အနေနဲ့ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးရေး စဉ်းစားနေတဲ့ကာလမှာအာဂျင်တီးနားရဲ့ ဖမ်းဝရမ်းကိုပါ ဆက်စပ်ပြီးစဉ်းစားနိုင်တယ်လို့ နိုင်ငံတကာဥပဒေ ပညာရှင် ဦးအောင်ထူးက ပြောပါတယ်။
"ရိုဟင်ဂျာအမှုအကြောင်းအရာတူနေတဲ့အတွက် ICC အနေနဲ့ စဉ်းစားနိုင်တယ်"လို့ သူကဆိုပါတယ်။
ICC ရဲ့ ဖမ်းဝရမ်းထွက်လာရင်တော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပမယ့် လုပ်ငန်းစဉ်တစ်ခုလုံးအပေါ်မှာအပျက်သဘောသက်ရောက်သွားနိုင်တယ်လို့ ဦးအောင်ထူးက ကောက်ချက်ချပါတယ်။
" နိုင်ငံတကာရာဇဝတ်မှုကျုးလွန်သူအဖြစ် အတိအလင်းဆိုနိုင်လို့ စစ်ခေါင်းဆောင်အနေနဲ့ သမ္မတတက်လုပ်ဖို့ မဖြစ်နိုင်တော့တဲ့အခက်အခဲနဲ့ ရင်ဆိုင်ရလိမ့်မယ်"
Link : Here
Monday, February 17, 2025
အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ
ဧရာဝတီ
ဂျိမ်းရွှေ
17 February 2025
သူ့အတွေး သူ့အမြင်
Friday, February 14, 2025
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စစ်ခေါင်းဆောင်ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်
Friday, February 14, 2025

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြင့် စစ်ခေါင်းဆောင်ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်
ဂျူချန်း
February 14, 2025
မြန်မာစစ်ခေါင်းဆောင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်
RFA Burmese
2025.02.14
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က အရာရှိ ကြီး၊ ငယ် ၂၃ ဦးနဲ့ အဲဒီအချိန်က အစိုးရအဖွဲ့ကိုယ်စား တာဝန်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) RFA ကို ဒီနေ့ ပြောပါတယ်။
စစ်ခေါင်းဆောင်အပါအဝင် တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်
BBC
၁၄ ဖေဖော်ဝါရီ၊ ၂၀၂၅
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် စစ်တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပြီလို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK)က ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Thursday, December 7, 2023
စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်နိုင်ဖို့ အာဂျင်တီးနားတရားရုံးမှာ တောင်းဆို
VOA
ဗွီအိုအေ (မြန်မာဌာန)
၀၇ ဒီဇင်ဘာ၊ ၂၀၂၃
Wednesday, June 14, 2023
အာဂျင်တီးနားမှာ ရိုဟင်ဂျာတွေရဲ့သက်သေထွက်ဆိုပွဲ ပြီး ဆုံး
RFA
RFA Burmese
2023.06.13
ရိုဟင်ဂျာတွေကို အကြမ်းဖက်ထားတဲ့လုပ်ရပ်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက စစ်ဘက် အရပ်ဘက်ခေါင်း ဆောင် တွေကို အာဂျင်တီးနားနိုင်ငံမှာ တရားစွဲထားတဲ့အမှု ကြားနာစစ်ဆေးပွဲ ဇွန်လ ၁၃ ရက် အင်္ဂါနေ့မှာ ပြီး ဆုံးသွားပါပြီ။
ဒီကြားနာပွဲကို အာဂျင်တီးနားနိုင်ငံရဲ့မြို့တော် ဗျူနိုအေးရီးစ်မြို့က ဖက်ဒရယ်တရားရုံးမှာ ဇွန်လ ၆ ရက်နေ့က တည်းက စတင်နေတာပါ။
သက်သေထွက်ဆိုတဲ့သူတွေရဲ့ လုံခြုံရေးအတွက် အများပြည်သူကိုဝင်ခွင့်မပေးဘဲ တံခါးပိတ်ကြားနာပွဲပဲ ပြုလုပ် ခဲ့ပါတယ်။
တရားလိုဖြစ်တဲ့ မြန်မာရိုဟင်ဂျာအသင်း-ယူကေရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က - မြန်မာစစ်ခေါင်းဆောင်တွေကို အရေး ယူနိုင်ဖို့ နီးလာပါပြီ၊ ကမ္ဘာကြီးမှာ ဒီပုဂ္ဂိုလ်တွေ ပုန်းရှောင်နေလို့ မရနိုင်ဘူးဆိုတာ အခုတရားစွဲနေတဲ့လုပ်ရပ်က သက်သေပြနေပါတယ်လို့ ပြောပါတယ်။
ဒီအမှုကို ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း မစ္စတာ သောမတ်စ် ကင်တားနားက တရား လိုဖြစ်တဲ့ မြန်မာ ရိုဟင်ဂျာအသင်း-ယူကေရဲ့ရှေ့နေအဖြစ် ဆောင်ရွက်နေတာပါ။
၂၀၁၂ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကြားမှာ ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရမှုအတွက် စစ်ခေါင်း ဆောင် ဗိုလ် ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ ဦးဝီရသူ တို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တာဝန်ရှိသူတွေအဖြစ် စွပ် စွဲထားပါတယ်။
LinK :Here
Tuesday, June 13, 2023
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အသေးစိတ်တိုင်ကြားလွှာ တင်သွင်း
RFA
Carlos G. Hamann, special for RFA
2023.06.13
Sunday, June 11, 2023
အာဂျင်တီးနား တရားရုံးတွင် ရိုဟင်ဂျာ နှိမ်နင်းမှုအပေါ် သက်သေ စ ထွက်
ဧရာဝတီ
8 June 2023
တံခါးပိတ်ကြားနာမှုသည် မြန်မာနိုင်ငံရှိ “လူတိုင်းအတွက် သမိုင်းဝင်နေ့တနေ့” ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ UK ဥက္ကဋ္ဌ မောင်ထွန်းခင်က ပြောသည်။
Saturday, June 10, 2023
လူမျိုးတုံး သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အာဂျင်တီးနားတရား ရုံးတွင် ရိုဟင်ဂျာများ သက်သေထွက်ဆို
DVB
June 8, 2023
အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့ရှိ တရားရုံးမှာ ရိုဟင်ဂျာမွတ်ဆလင် လူနည်းစုအဖွဲ့ဝင်တွေဟာ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ဇွန် ၇ ရက်က ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် သက်သေထွက် ဆိုခဲ့ကြတယ်လို့ တက်ကြွလှုပ်ရှားသူတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
ဒါဟာ မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်မှာ အာဂျင်တီးနားနိုင်ငံ ရဲ့ တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
Wednesday, December 1, 2021
အာဂျင်တီးနားတရားရုံးစစ်မယ့်ရိုဟင်ဂျာအမှု နိုင်ငံရေးဖိ အား ဟု စစ်ကောင်စီရှုမြင်
VOA
ဗွီအိုအေမြန်မာပိုင်း
ဆုမွန်
01 ဒီဇင်ဘာ၊ 2021
Tuesday, August 17, 2021
အာဂျင်တီးနားတရားရုံး ကြားနာပွဲ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုမှ လွတ်မြောက်လာသူတွေ ထွက်ဆိုမည်
ဗွီအိုအေမြန်မာပိုင်း
အင်ကြင်းနိုင်
17 သြဂုတ်၊ 2021
Monday, August 16, 2021
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အာဂျင်တီးနားတရားရုံး ကြားနာမည်
VOA
ဗွီအိုအေ (မြန်မာဌာန)
16 သြဂုတ်၊ 2021

Friday, October 23, 2020
မြန်မာ အိုင်စီဂျေအမှု ဂမ်ဘီယားဘက်က ပထမဆုံးလျှောက် လဲချက်တင်
2020.10.23
Tuesday, June 2, 2020
အာဂျင်တီးနားမှာ မြန်မာခေါင်းဆောင်တွေကို တရားစွဲထား တဲ့အမှု သုံးသပ်တော့မည်
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန | သတင်းများ
Jun 1, 2020
■ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးထင်ကျော်တို့ကို ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပြီးခဲ့တဲ့နှစ် ၂၀၁၉ နိုဝင်ဘာလက အာဂျင်တီးနားမှာ တရားစွဲထားတဲ့ အမှုကို တရားရုံးက ပြန် လည်သုံးသပ်တော့မှာဖြစ်ပါတယ်။
အပြည့်အစုံကို RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။
Link : Here