" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကာချုပ်. Show all posts
Showing posts with label ကာချုပ်. Show all posts

Wednesday, July 8, 2020

ကာချုပ်ကို ဗြိတိန်က စီးပွားရေးပိတ်ဆို့တာ နိုင်ငံရေးရည် ရွယ်ချက်လို့ တပ်မတော်ဘက်က တုံ့ပြန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ နေရိန်ကျော်
2020-07-07

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ - ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို ဗြိတိန်အစိုးရက စီးပွားရေးအရေးယူပိတ်ဆို့လိုက်တယ်လို့ ဇူလိုင်လ ၆ ရက်နေ့မှာ ကြေညာ လိုက်ပါတယ်။

Tuesday, July 7, 2020

ကာချုပ်နဲ့ ဒုကာချုပ်ကို ဗြိတိန်က အရေးယူပိတ်ဆို့/ အမေရိကန်က ထောက်ခံ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.07.06
 ■ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒု- ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ် မှူး ကြီး စိုးဝင်းတို့ကို ဗြိတိန်အစိုးရက စီးပွားရေးအရေးယူပိတ်ဆို့လိုက်တယ်လို့ မနေ့က ဇူလိုင်လ ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းက ရိုဟင်ဂျာတွေကို စနစ်တကျ အကြမ်းဖက်နှိမ်နင်း တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူလိုက်တာဖြစ်ပါတယ်။

Saturday, February 15, 2020

ကာချုပ်နှင့်တွေ့ခဲ့သည့် ရန်ကုန် ရခိုင်ဝန်ကြီး ပါတီဆုံးဖြတ် ချက်ကို လိုက်နာမည်ဟုဆို

 နိရဉ္စရာ
ချစ်အိလှိုင်
 ဖေဖော်ဝါရီ ၁၅/၂ဝ၂ဝ
ပါတီအား အသိမပေး၊ ခွင့်မတောင်းဘဲ ကာကွယ်ရေး ဦးစီးချုပ်နှင့်တွေ့ဆုံခဲ့သည့်အတွက် ပါတီက စစ်ဆေး မေး မြန်းပါက ပါတီဆုံးဖြတ်ချက်ကို လိုက်နာရန်အသင့် ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောဆိုလိုက်သည်။

Saturday, May 4, 2019

လွတ်လပ်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင် ၂ ရက်ကြာ ဆွေးနွေး၊ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-05-04
ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းရေးကော်မရှင်အဖွဲ့နှင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံစဉ်
Photo: Independent Commission Of Enquiry_ICOE_myanmar 
 

နိုင်ငံတော် သမ္မတ ဦးဝင်မြင့် ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းရေးကော်မရှင် ICOE ဟာ ကော်မရှင်ရဲ့ ၈ ကြိမ်မြောက် အစည်းအဝေးကို မေလ ၃ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံခဲ့ တယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */