Showing posts with label သတင်း.. Show all posts
Showing posts with label သတင်း.. Show all posts

Tuesday, October 22, 2024

ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ ကူညီသွားမယ်လို့ အင်ဒိုနီးရှားပြော

RFA
RFA Burmese
2024.10.22 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တောင်ပိုင်း ကမ်းခြေအနီး ရိုဟင်ဂျာများ လိုက်ပါလာသည့် လှေတစ်စီးပေါ်တွင် ရိုဟင်ဂျာကလေးငယ်တစ်ဦးအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ AFP

အရှေ့တောင်အာရှဒေသတွေကို ရိုက်ခတ်လာတဲ့ ရိုဟင်ဂျာအကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့အတွက် ဦးစားပေး ဆောင်ရွက်သွားမယ်လို့ အင်ဒိုနီးရှား နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာညှိနှိုင်းရေး ဝန်ကြီး ဘူဒီ ဂန်နာဝမ် (Budi Gunawan) က ပြောလိုက်ပါတယ်။

Monday, September 30, 2024

မောင်တော မြို့သိမ်းတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန်ခုခံနေ

DVB
September 30, 2024


ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းတခုဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကို အာရက္ခတပ်တော် (AA) က စက်တင်ဘာ ၂၇ ရက်မှာ ထိုးစစ်အရှိန်မြှင့်တင်ပြီးနောက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ အပြင်းအ ထန် ခုခံနေရတယ်လို့ စစ်ရေးအခြေအနေကို သိရှိသူတွေက ပြောပါတယ်။

Sunday, September 29, 2024

ရိုဟင်ဂျာတွေ တရားမျှတမှုရရေးနဲ့ လုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရေး ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို

RFA
RFA Burmese
2024.09.28

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တက်ရောက်မိန့်ခွန်းပြောကြားနေသည့် ဘင်္ဂလားဒေ့ရှ်အစိုးရ အကြံပေးအရာရှိချုပ် မိုဟာမက် ယူနွတ်အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။
 

Thursday, September 26, 2024

ရိုဟင်ဂျာအရေးအဆင့်မြင့်အစည်းအဝေး ဘင်္ဂလားဒေ့ရှ်ခေါ်ယူမည်

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၆ စက်တင်ဘာ၊ ၂၀၂၄ 
၇၉ ကြိမ်မြောက် ကုလအထွေထွေညီလာခံဘေးပန်းမှာ ရိုဟင်ဂျာအရေး အဆင့်မြင့်အစည်းအဝေးခေါ်မယ့် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ Muhammd Yunus (ယူနုစ်)
 
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ Muhammd Yunus (ယူနုစ်) ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းက ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အဆင့်မြင့် အစည်းအဝေးတရပ်ကို ကျင်းပမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေး တာဝန်ခံMd Touhid Hossai က အင်္ဂါနေ့က ပြောပါတယ်။

Monday, March 11, 2024

မလေးရှားရောက်ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

VOA
ဆုမွန်
၁၁ မတ်၊ ၂၀၂၄

မလေးရှားရောက်ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရ
 
နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် ကျန်းမာရေးစောင့်ရှောက်မှုစတဲ့ အခက်အခဲ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာတွေကို တရားဝင်အသိအမှတ်ပြုပေးဖို့နဲ့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပဋိညာဉ်ကြေညာစာတမ်းနဲ့အညီ ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးတွေဖော်ဆောင်ပေးဖို့ မလေးရှားလူငယ်ကွန်ရက် Rohingya Youth Network in Malaysia (RYNM) ဥက္ကဋ္ဌ ကိုမေယုအီစံ Mayyu Ahsan က တောင်းဆိုလိုက်ပါတယ်။ မလေးရှားရောက်ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အခြေအနေ VOA Rohingya Lifeline အစီအစဉ်ကနေ Hamid Hussain စီစဉ်တင်ဆက်ထားတဲ့သတင်းကို အခြေခံပြီး ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က စုစည်းတင်ဆက်ပေးထားပါတယ်။

Thursday, March 7, 2024

မောင်တောနယ်မှာ အရပ်သားနှစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

RFA
RFA Burmese
2024.03.07 

ရခိုင်ပြည်နယ် မောင်တောမြို့အဝင်ဝအား တွေ့ရစဉ်။ RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို မတ်လ ၇ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က တောင်ပြို-ကြိမ်းချောင်းကားလမ်းမပေါ်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက သေ နတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Thursday, February 8, 2024

တောင်ပြိုစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီက ရိုဟင်ဂျာတပ်ဖွဲ့တချို့နဲ့ ပူးပေါင်းခုခံခဲ့ဟု AA ထုတ်ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ ဖေဖော်ဝါရီ၊ ၂၀၂၄ 

၂၀၂၄၊ ဖေဖော်ဝါရီလ (၄/၅/၆) မှာ စစ်ကောင်စီတပ်ရဲ့ နယ်ခြားစောင့်တပ်စခန်းများဖြစ်သော တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းတွေနဲ့ ARA၊ RSO စခန်းတို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီး သိမ်းဆည်းခဲ့တဲ့ လက်နက်ခဲယမ်းမီးကျောက်များ။ (Photo: AA Info Desk)

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ Arakan Rohingya Army (ARA) နဲ့ Rohingya Solidarity Organisation (RSO) တပ်ဖွဲ့တွေနဲ့ ပူးပေါင်းခုခံခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ဘက်က ဖေဖော်ဝါရီ (၇) ရက် (ဗုဒ္ဓဟူးနေ့) က သတင်းထုတ်ပြန်ပါတယ်။

Tuesday, December 12, 2023

အင်ဒိုကမ်းခြေရောက် ရိုဟင်ဂျာတွေကို ဒေသခံတွေဆန္ဒပြ မောင်းထုတ်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၂ ဒီဇင်ဘာ၊ ၂၀၂၃ 

MIGRATION-INDONESIA/ROHINGYA

အင်ဒိုနီးရှားနိုင်ငံ အာချေးက ဆာဘန်ကျွန်းကို လှေနဲ့ရောက်ရှိလာတဲ့ရိုဟင်ဂျာတွေကို ဒေသခံတွေက ပြန်နှင်ထုတ်ဖို့ ကြိုးစားနေကြတာကြောင့် အထိတ်တလန့်ဖြစ်ရပါတယ်လို့ ကုလသမဂ္ဂဒုက္ခသည် များ ဆိုင်ရာရုံး UNHCR က ပြောပါတယ်။

Wednesday, November 29, 2023

ရခိုင်တွင် လက်နက်ကြီးမှန်၍ အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံး

ဧရာဝတီ
28 November 2023

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ (CJ)

ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင် စသည့် မြို့နယ်များတွင် စစ်ကောင်စီက လက်နက်ကြီး အပါအဝင် ဒရုန်းများဖြင့် ကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်မှု ကြောင့် အရပ်သားပြည်သူ ၄ ဦး ပွဲချင်း ပြီးသေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Wednesday, November 22, 2023

ရခိုင်မှာ တိုက်ပွဲပြင်းထန်လာပြီး ဒေသခံများ အခက်အခဲ ပိုမိုကြုံတွေ့နေရ

CNI
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂

AA တပ်ဖွဲ့ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ တိုက်ပွဲပြင်းထန်လာပြီး ဒေသတွင်းနေ ပြည်သူများ အခက်အခဲ ပိုမိုကြုံတွေ့နေရသည်ဟု ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသည်။

Saturday, May 20, 2023

မိုခါကြောင့် သေဆုံးသူ ၁၄၅ ယောက်ရှိ

B B C

၁၉ မေ ၂၀၂၃

မေလ ၁၄ရက်နေ့က ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် သေဆုံးသူ စုစုပေါင်း ၁၄၅ ယောက် ရှိခဲ့တယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။ အဲဒီ သေဆုံးသူတွေထဲမှာ ရိုဟင်ဂျာ တစ်ရာကျော် ပါဝင်နေပါတယ်။ မုန်တိုင်းကြောင့် သေဆုံးသူတွေထဲမှာ ရိုဟင်ဂျာတွေ အသေအပျောက် များခဲ့တာ ဘာကြောင့်ပါလဲ။ မုန်တိုင်း အလွန် ရခိုင်ပြည်နယ်မှာ အခြေအနေတွေ ဘယ်လို ရှိပါသလဲ။ မအေးသူ စံက ပြောပြပေးမှာပါ။ 

Link : Here

Tuesday, May 16, 2023

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းက နေအိမ် ၂၈ဝဝ ကျော်ခန့် ပျက်စီး၊ ဒုက္ခသည် ၇ ဦး ဒဏ်ရာရ

DVB
May 15, 2023

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို မေ ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က စတင်ဝင်ရောက်ခဲ့တဲ့ အင်အား အ လွန်ပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာ့ဖ်နာ့ဖ်နဲ့ အူခိယာဒေသမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ ခသည်စခန်းက နေအိမ်အဆောက်အအုံပေါင်း ၂၈၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေ ရပ်ပြန်ပို့ရေးကော်မရှင်နာ (RRRC) က ထုတ်ပြန်ပါတယ်။

Tuesday, April 11, 2023

ရိုဟင်ဂျာစာနာကူညီမှု အိမ်ရှင်ဘင်္ဂလားဒေ့ရှ်ကို ကန်ကျေးဇူး တင်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၁ ဧပြီ၊ ၂၀၂၃ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ အဖွဲ့ကဝါရှင်တန်ဒီစီကိုရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ၊ အဘ္ဘဒူ မိုမဲန် နဲ့အဖွဲ့ကိုနိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံစဉ်။ (ဧပြီ ၁၀၊ ၂၀၂၃)


ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်ကို လက်ခံစောင့်ရှောက်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အလွန်တရာကျေးဇူး တင် ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Monday, March 13, 2023

ရိုဟင်ဂျာစခန်းမီးလောင်မှု ထိထိရောက်ရောက်အရေးယူဖို့ ဒုက္ခသည်တွေမျှော်လင့်

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.12
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းတစ်ခုမှာ မီးလောင်ခဲ့ပြီးနောက် မီးလောင်ပြင်မှာထိုင်နေတဲ့ ရိုဟင်ဂျာကလေးငယ်တစ်ဦး။Reuters

ပြီးခဲ့တဲ့တစ်ပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားက ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် (၁၁)မှာနေအိမ်သုံးထောင်ကျော်ဆုံးခဲ့ရတဲ့ မီးလောင်မှုဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရှို့မီးလို့ ဒုက္ခသည်တွေက ယူဆကြပါတယ်။

Saturday, January 14, 2023

မြန်မာ့အရေးဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ရုံး ဖွင့် လှစ် ဆောင်ရွက်သွားမည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ပြော

DVB
13 January, 2023 


မြန်မာနိုင်ငံက ပဋိပက္ခတွေကို အာဆီယံအဖွဲ့အနေနဲ့ ဦးဆောင်ဖြေရှင်းနိုင်ရေး ရည်ရွယ်ပြီး အသစ်ဖွင့်လှစ် သွား မယ့် မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးမှာ သူကိုယ်တိုင် ဦးဆောင်သွားမှာဖြစ်တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။

အင်ဒိုနီးရှားဟာ အခုနှစ်မှာ  အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ  တာဝန်ယူထားတာဖြစ်ပြီး အာဆီယံရဲ့ ဥက္ကဋ္ဌရဲ့ မြန် မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်အဖြစ်  အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက တာဝန်ယူမှာ ဖြစ်ပါတယ်။ 

Saturday, November 19, 2022

နယ်မြေကျော် ရိုဟင်ဂျာများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

သတင်းနှင့်မီဒီယာကွန်ယက်
Thursday, November 17, 2022

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် အတွင်း စက်လှေပျက်ပြီး အဖမ်း ခံထားရသည့် ရိုဟင်ဂျာ ၃၅ ဦးကို စစ်ကောင် စီ၏ ဘိုကလေးမြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချလိုက် သည်ဟု တရားရုံး အသိုင်းအဝိုင်းထံမှ သိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ထောင်ဒဏ် ၅ နှစ်စီ ချခံလိုက်ရသည့် ရိုဟင်ဂျာများထဲတွင် အသက်မပြည့်သေးသူ ၁၃ ဦးကိုမူ ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင်ရန် အမိန့်ချလိုက်သည်ဟု တရားရုံး အသိုင်း အဝိုင်းနှင့် ဧရာဝတီ မြန်မာ-မူဆလင် လူငယ်ကွန်ရက် အဖွဲ့ဝင်များက ပြောသည်။
                                                                             

Tuesday, November 15, 2022

မင်္ဂလာဒုံမြို့နယ် ပုလဲလမ်းဆုံတွင် ရိုဟင်ဂျာ ၉ ဦး ဖမ်းဆီး ခံရ

DVB
14 November, 2022

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် အမှတ် ၃ လမ်းမကြီး ပုလဲလမ်းဆုံမှာ နိုဝင်ဘာ ၁၃ ရက်နေ့ ည ၈ နာရီခွဲက ရိုဟင်ဂျာ ၉ ဦး ဖမ်းမိရမိခဲ့တယ်လို့ သိရပါတယ်။

သဃန်းကျွန်းကြီးကျေးရွာ ပုလဲလမ်းဆုံနဲ့ ရခိုင်ဘုန်းကြီးကျောင်းမှတ်တိုင်ကြားမှာ ကားပေါ်က ဆင်းလာတဲ့ ရိုဟင်ဂျာတွေကို တွေ့ရှိကြောင်း သတင်းပေးပို့ခဲ့ရာမှ ဖမ်းဆီးခံခဲ့ရတာလို့ ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြော ပါတယ်။

Thursday, October 20, 2022

အဓမ္မပြုကျင့်သူ AA မှ တပ်သားအဆင့်ရှိသူ ရဲဘော်နှစ်ဦး အား ထောင်ဒဏ်အနှစ် ၂၀ နှင့် ကြိမ်ဒဏ်ကြီးအချက် ၃၀ ချမှတ်

နိရဉ္စရာ၊
အောက်တိုဘာ ၂၀/၂၀၂၂

အိမ်ထောင်သည် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်သူ ရက္ခိုင့်တပ်တော် (AA)မှ တပ်သားအဆင့်ရှိသူ ရဲဘော် နှစ်ဦးအား ထောင်ဒဏ်အနှစ် ၂၀ နှင့် ကြိမ်ဒဏ်ကြီးအချက် ၃၀ ချမှတ်လိုက်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က အောက်တိုဘာ ၂၀ ရက် ယနေ့ သတင်းထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက် အပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။။

အောက်တိုဘာလ (၁) ရက်နေ့၊ မွန်းလွဲ (၁) နာရီ မိနစ် (၃၀) ခန့်တွင် ရက္ခိုင့်တပ်တော်မှ တပ်သား အဆင့်ရှိ ရဲ ဘော် (၂) ယောက်သည် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင် ကျေးရွာအုပ်စုနေ အသက် (၃၀) အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးအား ၎င်း၏ နေအိမ်၌ လက်နက်အားကိုးဖြင့် အဓမ္မပြုကျင့်ခဲ့သည်ဟု ကျူးလွန်ခံရသူမှ တိုင်တန်းလာသောကြောင့် ရက္ခိုင့်တပ်တော်အနေဖြင့် ယင်းအမှုအား စစ်ခုံရုံးဖွဲ့၍ စနစ်တကျ စုံစမ်းစစ်ဆေးခဲ့ပါသည်။

Wednesday, September 7, 2022

ပင်လယ်ထဲမျောပါနေသည့် ရိုဟင်ဂျာ ၁၀ဦးနှင့် ကျွန်းပေါ်က ၄၁ဦးတို့ကို ထိုင်းကယ်တင်



ထိုင်းနိုင်ငံ စတုန်ခရိုင်ရှိ ပင်လယ်ထဲတွင် အကာအကွယ်မရှိဘဲ မျောပါဒုက္ခရောက်နေသော ရိုဟင်ဂျာ ဒုက္ခသည် ၁၀ ဦးကို စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ၄၁ ဦးကို ကျွန်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စတုန်ခရိုင် လန်ဂူးဒေသ ဘူလိုးကျွန်းအနီး ပင်လယ်ပြင်တွင် မျောပါနေသည်ကို ထိုင်းငါးဖမ်းသမားများက မြင်တွေ့သဖြင့် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Monday, August 22, 2022

မောင်တောမြို့နယ်တွင် AA နှင့် တပ်မတော်ကောင်စီတို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

RFA
2022.08.22
ရက္ခိုင့်တပ်မတော် (အေအေ) ရဲဘော်တစ်ဦးကို တွေ့ရစဉ်
ဓာတ်ပုံ- ရက္ခိုင့်တပ်မတော် YouTube

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း မိုင်တိုင်ကျေးရွာအနီးတွင် သြဂုတ် ၂၂ ရက် နံနက်ပိုင်းမှ စတင်ကာ တပ်မတော် ကောင်စီနှင့် ရက္ခိုင့်တပ်မတော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မီယိုတိုင်ရွာအနီး ဝေတောင်ပေါ်တွင် လက်နက်ကြီးတစ်ခု။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အမျိုးသမီးတစ်ဦးကတော့ နှစ်ဖက်စလုံးက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */