" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရသေ့တောင်.သတင်း. Show all posts
Showing posts with label ရသေ့တောင်.သတင်း. Show all posts

Sunday, March 17, 2024

ရသေ့တောင်ကို သိမ်းပိုက်ရေး AA အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေဆဲ

DMG
6 Mar 2024 

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိနိုင်ရေးအတွက် ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ တပ်စခန်းများကို အရှိန်အဟုန်မြှင့်ကာ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က မတ်လ ၁၅ ရက်တွင် ထုတ်ပြန်သည်။ 

ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်ပြီးနောက် ရသေ့တောင် - ပုဏ္ဏားကျွန်း လမ်းဆုံတွင်တွေ့ရသော အာရက္ခစစ်သည်တော်များ။


ရသေ့တောင်မြို့ အခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ (၅၃၆) ၊ (၅၃၇) နှင့် (၅၃၈) တို့ကို AA က တိုက်ခိုက်နေစဉ် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပစ်ကူအမြောက်အများဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ AA က ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */