လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-05-13
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်းက သရက်ပြင်ရွာမှာ မိုင်းနင်းမိပြီး ရိုဟင်ဂျာ မွတ်စလင် ကလေး နှစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီမိုင်းဟာ ဘယ်သူ့လက်ချက်ဆိုတာတော့ မသိရ သေးပါဘူး။
ရိုဟင်ဂျာ မွတ်စလင် ကလေးငယ် သုံးဦးဟာ ဘူးသီးတောင်မြို့နယ်တွင်းမှာရှိတဲ့ ချာကေရွာကနေ သရက် ပြင် ရွာကို အသီးသွားခူးရင်း မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
Showing posts with label မိုင်းပေါက်ကွဲ. Show all posts
Showing posts with label မိုင်းပေါက်ကွဲ. Show all posts
Wednesday, May 13, 2020
Tuesday, January 7, 2020
ဘူးသီးတောင်ပေါက်ကွဲမှု ကလေးလေးဦး သေဆုံး
လွတ်လပ်တဲ့အာရှအသံ ( RFA )
2020-01-07
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်မွတ်ဆလင်ကျေးရွာမှာ ဒီနေ့မနက်က ပေါက်ကွဲမှု တစ်ခုဖြစ်လို့ ကလေး လေးဦး ပွဲချင်းပြီးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက် မွတ်ဆလင်ကျေးရွာနားက တောင်ကုန်းမှာ ဒီနေ့မနက် ၁၀ နာရီခွဲလောက်က ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တာပါ။
2020-01-07
ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ကျေးရွာမှာ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရွာသားတစ်ဦးကို သယ်ဆောင်လာစဉ်
Photo: CJ
Photo: CJ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်မွတ်ဆလင်ကျေးရွာမှာ ဒီနေ့မနက်က ပေါက်ကွဲမှု တစ်ခုဖြစ်လို့ ကလေး လေးဦး ပွဲချင်းပြီးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက် မွတ်ဆလင်ကျေးရွာနားက တောင်ကုန်းမှာ ဒီနေ့မနက် ၁၀ နာရီခွဲလောက်က ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တာပါ။
Friday, July 26, 2019
မေယူကမ်း ချွတ်ပြင်ရွာအနီး မိုင်းနှစ်လုံးပေါက်ကွဲ၊ လယ်ထွန်နေသည့် ရွာသား ၃ ဦးခေါ်ဆောင်ခံရ
နိရဉ္စရာ
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၂၅/၂ဝ၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း ချွတ်ပြင်ကျေးရွာနှင့် ပိတောက်မြို့ (နတလ) ကျေးရွာ အ ကြား ယနေ့နေ့လယ် ၁၂ နာရီခန့်က မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီးနောက် အနီးအနားရှိ လယ်ထွန်နေသူ စေတီ ပြင် ကျေးရွာသား ၃ ဦးကို လုံခြုံရေး ဆောင်ရွက်နေသည့် တပ်နှင့်ရဲ ပူးပေါင်း စစ်ကြောင်း တစ်ခုက ခေါ်ယူ သွားသည်ဟု သတင်းရရှိသည်။
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၂၅/၂ဝ၁၉
Saturday, June 29, 2019
ရသေ့တောင်မြို့နယ်မြောက်ပိုင်းတွင် မိုင်းပေါက်ကွဲသံ နှင့်အတူ ပစ်ခတ်သံများကြား၍ ရွာသားထောင်နှင့် ချီပြီးထွက်ပြေးတိမ်းရှောင်
နိရဉ္စရာ၊
ဇွန် ၂၉/ ၂ဝ၁၉
ဇွန် ၂၉/ ၂ဝ၁၉
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းနှင့် လိုင်ဂွင်အကြား တံတားအနီးတွင် မိုင်း ပေါက်ကွဲသံများနှင့် အတူ လက်နက်ကြီး လက်နက်ငယ်သံ ပစ်ခတ်သံကြားရ၍ ရွာသားများ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သတင်းရရှိသည်။
ကျောက်တန်းဒေသခံအမျိုးသမီးတစ်ဦးက “ ကျွန်မတို့မိသားစု အကုန်လုံး ဆောက်ခပ်ရွာကို ရောက်နေကြ ပါ တယ်။ တစ်ရွာလုံး ထွက်ပြေးကြတာပါ။ ကျွန်မတို့ ကျောက်တန်းရွာကလူတွေ ဆောက်ခပ်၊ ထီးစွဲ၊ သောင်း ဒရား ရွာတွေကို ရောက်သွားကြပါတယ်။ မိုင်းပေါက်သံနဲ့ အတူ လက်နက်ကြီး လက်နက်ငယ်သံတွေ ကြား တော့ ကြောက်ပြီး ထွက်ပြေးကြတာပါ” ဟု ပြောကြားသည်။

Friday, May 31, 2019
မြေပုံမြို့နယ် စစ်တွေ-ရန်ကုန် ကားလမ်းပေါ်တွင် ခရီးသည်တင်ကား မိုင်းပေါက်ကွဲထိမှန်
နိရဉ္စရာ
ခိုင်လူလှ
နိရဉ္စရာ၊ မေလ ၃၁/ ၂၀၁၉
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စစ်တွေ- ရန်ကုန်ကားလမ်းပေါ်တွင် ခရီးသည် ၄၄ ဦးကို တင်ဆောင်လာသည့် ရွှေမန်းရတနာကား ယနေ့ ညနေက မိုင်းပေါက်ကွဲ ထိမှန်ခဲ့သည်ဟု သတင်းရရှိသည်။
မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးက “ ဖြစ်တာက ဒီကနေ့ ညနေ ၄ နာရီခွဲမှာ ဖြစ်တာပါ။ မြေပုံမြို့နယ်၊ ပင်ကပ် ချောင်း ကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာအနီးမှာ ကားလမ်းဘေးကို ချစဉ် မိုင်းပေါက်ကွဲတယ်လို့ ကနဦး သတင်းရရှိပါတယ်။ ကားပျက်စီးပေမယ့် ခရီးသည်တွေ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘူးလို့ သတင်းရပါ တယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

Subscribe to:
Posts (Atom)