Showing posts with label ရေကြောင်း. Show all posts
Showing posts with label ရေကြောင်း. Show all posts

Friday, May 3, 2024

မောင်တောမြို့နားသို့ တိုက်ပွဲဖြစ်ပွားမှု နီးကပ်လာ

နိရဉ္စရာ
ရက်စွဲ: ၀၃ မေ ၂၀၂၄
နောင်မင်းသူ၊ နိရဉ္စရာ၊ မေလ ၃ /၂၀၂၄

(စစ်ကောင်စီက ရေကြောင်းမှအင်အားအကြီးအကျယ်ဖြည့်တင်းနေပြီး စစ်တွေသို့ စစ်ဇက်ရေယာဉ်ဖြင့် စစ်တပ်မိသားစုများနှင့်၀န်ထမ်းများကို ထပ်မံပြောင်းရွှေ့)

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့အနီးသို့ တိုက်ပွဲများနီးကပ်လာသဖြင့် စစ်ကောင်စီက ရေကြောင်းကနေ အင်အားအကြီးအကျယ်ဖြည့်တင်းနေပြီး တစ်ခြားတစ်ဖက်တွင်လည်း ရေတပ် ဇက်ရေယာဉ်များဖြင့် စစ်တပ်မိသားစုများနှင့် ၀န်ထမ်းများကို ထပ်မံပြောင်းရွှေ့ နေသည်ဟု သတင်းရရှိသည်။

Saturday, October 1, 2022

ရခိုင်မြောက်ပိုင်းရှိ မြို့နယ်အများအပြားသို့ ရွှေပြည်တန်ရေ ယာဉ် ပြေးဆွဲခွင့်မရသေး

DMG
စစ်တွေ
Oct 1, 2022 


 ရခိုင်ပြည် ရေကြောင်းသွားလာရေးတွင် အကျယ်ပြန့်ဆုံး ရေယာဉ်လိုင်းတစ်ခုဖြစ်သော ရွှေပြည်တန်အမြန်ရေ ယာဉ်သည် ရခိုင်မြောက်ပိုင်းရှိ မြို့နယ်များသို့ ခရီးစဉ်ပြေးဆွဲခွင့်မရဘဲ ရပ်တန့်ထားရဆဲဖြစ်သည်ဟု သိရသည်။

အဆိုပါရေယာဉ်လိုင်းကို စက်တင်ဘာလ ၁၅ ရက်တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ခရီးစဉ်ပြေးဆွဲခြင်းကို ရပ်တန့်ထားရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စစ်တွေ-ပေါက်တော၊ စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-တောင်ကုတ်-မာန်အောင် ခရီးစဉ်များကိုသာ ပြေးဆွဲခွင့်ပြုထားပြီး ကျန်မြို့နယ်များသို့ ပြေးဆွဲ ခွင့် မပြုသေးပေ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */