RFA
RFA Burmese
2023.12.13
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်းက စစ်ကောင်စီ၏တရွန်အိုင်ဗျူဟာကုန်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA) မှ သိမ်းပိုက်ခဲ့စဉ်။ AA Info Desk
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကာလဟာ ဒီဇင်ဘာ ၁၃ ရက် ဒီနေ့မှာ တစ်လပြည့်ခဲ့ပါပြီ။
ဒီတစ်လတာအတွင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ် စပ်တွေမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး နယ်စပ်အနီးက စစ်ကောင်စီအတွက် အရေးပါတဲ့ တရွန်အိုင်၊ နှုံးဘူး၊ ဒုံးညို စတဲ့ တပ်စခန်းကြီးတွေကို သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန် ထားပါတယ်။