" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label ရသေ့တောင်. Show all posts
Showing posts with label ရသေ့တောင်. Show all posts

Monday, August 19, 2019

ရခိုင်မြောက်ပိုင်း မြို့နယ်သုံးခုမှာ တိုက်ပွဲတွေဆက်ရှိ

VOA
19 သြဂုတ်၊ 2019
နိုင်ကွန်းအိန်

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်း မနေ့ကတရက်ထဲ ရသေ့တောင်၊ မြေပုံနဲ့ ဘူးသီးတောင်မြို့ နယ် (၃)ခုမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့AAတို့ အကြားတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ AA တာဝန်ရှိသူတွေနဲ့ဒေသခံတွေက ပြောပါတယ်။ တပ်မတော်ဖက်ကတော့ မနေ့က ဘူးသီးတောင်မြို့နယ် မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်သိမ်းဆီးရရှိခဲ့ တယ်လို့ ပြောပါတယ်။ ဒီရက်ပိုင်းအတွင်းတိုက်ပွဲမှာ နှစ် ဖက်ထိခိုက်မှုတွေရှိနေခဲ့တယ်လို့ AAဖက်ကဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်း အိ န်ကနေ သတင်းပေးပို့ထားပါတယ်။

Friday, July 5, 2019

ရသေ့တောင်မြို့နယ် အမြတ်တောင်ရွာ မီးရှို့ခံရမှု ဖြစ်ပွား

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-07-05

ရသေ့တောင်မြို့အ၀င်ကို တွေ့ရစဉ်  Photo: RFA


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရကအင်တာနက်ပိတ်ပြီး ၁၅ ရက်အကြာ ဒီကနေ့မှာ မြန်မာ့တပ်မေ တာ် က ရသေ့တောင်မြို့နယ် အမြက်တောင်ရွာကို နယ်မြေရှင်းလင်းရေးဝင်လုပ်ရင်း ရွာကိုမီးရှို့သွားတယ်လို့ ဒေသခံရွာသားတွေက ပြောကြပါတယ်။

RFA သတင်းထောက် ကိုထက်အာကာ တင်ပြထားပါတယ်။ 

Link :https://www.rfa.org/burmese/program_2/amyattaung-village-fire-07052019092041.html 

Monday, July 1, 2019

တပ်မတော်နှင့် အေအေတို့ တနေ့တည်း ၄ မြို့နယ် တွင် တိုက်ပွဲဖြစ်၊ နှစ်ဖက်အကျအဆုံးရှိ

DVB
 By ဒီဗွီဘီ
1 July 2019

ရခိုင်ပြည်နယ်က မြို့နယ်သုံးခုအပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ဇွန်လ ၃၀ ရက်နေ့ မနက် ပိုင်းကစလို့ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ နှစ်ဖက် လက်နက်ကိုင်တွေက ဒီဗွီဘီကိုပြောပါတယ်။

Sunday, June 30, 2019

ရသေ့တောင်မှာတိုက်ပွဲဖြစ်ပြီး ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-06-30
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမြေပုံ
Photo: MIMU

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင်းက ကျောက်တန်းနဲ့ လိုင်ဂွင်ကြားက တံတားအနီးမှာ မနေ့ညနေ ပိုင်းက မိုင်းပေါက်ကွဲသံတွေနဲ့အတူ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံကြားရတာကြောင့် အဲဒီအနီး နားဝန်းကျင် ရွာ ၄ ရွာက ရွာသူရွာသားတွေဟာ ကြောက်လန့်ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြ တယ်လို့ ဒေသခံတွေကပြောပါတယ်။

Saturday, June 29, 2019

ရသေ့တောင်မြို့နယ်မြောက်ပိုင်းတွင် မိုင်းပေါက်ကွဲသံ နှင့်အတူ ပစ်ခတ်သံများကြား၍ ရွာသားထောင်နှင့် ချီပြီးထွက်ပြေးတိမ်းရှောင်

နိရဉ္စရာ၊
 ဇွန် ၂၉/ ၂ဝ၁၉
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းနှင့် လိုင်ဂွင်အကြား တံတားအနီးတွင် မိုင်း ပေါက်ကွဲသံများနှင့် အတူ လက်နက်ကြီး လက်နက်ငယ်သံ ပစ်ခတ်သံကြားရ၍ ရွာသားများ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သတင်းရရှိသည်။

ကျောက်တန်းဒေသခံအမျိုးသမီးတစ်ဦးက “ ကျွန်မတို့မိသားစု အကုန်လုံး ဆောက်ခပ်ရွာကို ရောက်နေကြ ပါ တယ်။ တစ်ရွာလုံး ထွက်ပြေးကြတာပါ။ ကျွန်မတို့ ကျောက်တန်းရွာကလူတွေ ဆောက်ခပ်၊ ထီးစွဲ၊ သောင်း ဒရား ရွာတွေကို ရောက်သွားကြပါတယ်။ မိုင်းပေါက်သံနဲ့ အတူ လက်နက်ကြီး လက်နက်ငယ်သံတွေ ကြား တော့ ကြောက်ပြီး ထွက်ပြေးကြတာပါ” ဟု ပြောကြားသည်။

Saturday, June 1, 2019

ကျောက်တန်းစစ်ဆေးတွေ့ရှိချက်ကို သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် လိုအပ်ပါကသမ္မတထံတင်ပြမည်

နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၃၁/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ စစ်ဆေး တွေ့ရှိချက်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ ပို့ပေးသွားမည် ဖြစ် ပြီး လိုအပ်ပါက သမ္မတထံလည်း တင်ပြမည်ဟု ၎င်းအဖွဲ့ ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးယုလွင်အောင်က ပြောသည်။

Sunday, May 19, 2019

ရခိုင်ပြည်နယ်ထဲ စစ်ရေးပဋိပက္ခကို ငြိမ်းချမ်းရေးနဲ့ အဖြေရှာဖို့အတွက် တောင်းဆိုဆန္ဒပြ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-19


ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေရပ်ဆိုင်းပြီး စားပွဲဝိုင်းမှာညှိနှိုင်းအဖြေရှာဖို့ သံဃာတော်တွေနဲ့ ဒေသခံတွေ စစ်တွေမြို့မှာ ၂ဝ၁၉ ခုနှစ် မေလ ၁၉ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေချုပ်ငြိမ်းရေးအတွက် စစ်တွေမြို့အပါအဝင် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မောင်တော စတဲ့မြို့နယ် လေးခုမှာ သံဃာတော်နဲ့ ဒေသခံတွေက ဒီနေ့ ဆန္ဒ ပြတောင်းဆိုခဲ့ကြပါတယ်။

Wednesday, May 15, 2019

ရသေ့တောင်မြို့နယ်တွင် ကျွဲ၊ နွားများရေမသောက်ရ ၍ သေဆုံးမှုများရှိနေ

နိရဉ္စရာ
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊ မေ ၁၅/၂၀၁၉

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ် ကျေးရွာတစ်ချို့တွင် ကျွဲ၊ နွားများ အစားအစာနှင့် ရေပြတ်လပ်ရာမှ သေဆုံးမှု များပြားလာနေကြောင်းသတင်းရရှိသည်။

“ကျနော်တို့ ရသေ့တောင်မြို့နယ် ကျေးရွာတစ်ချို့မှာ ကျွဲ
တွေ နွားတွေသေဆုံးနေကြတာကို တွေ့ရပါတယ်။ ဘာကြောင့် သေလဲဆိုတော့ ကျနော်သိရသလောက်ပြော ရရင် ကျနော်တို့ ကျောက်တန်း အပါအ၀င် တခြား အနီးအ နားကျေးရွာကလူတွေပါ ကျေးရွာတွေကို စွန့်ခွာ ထွက်ပြေး ကြတယ်။ အဲသလို ထွက်ပြေးတဲ့ အချိန် မှာ ကျွဲ၊ နွားတွေက ဒီအတိုင်း ကျန်ခဲ့ကြတယ်။ နွေရာသီကလည်း ရောက်နေ တာဆိုတော့ ချောင်းတွေ၊ မြောင်းတွေ အပါအ၀င် ကန်တွေ မှာလည်း ရေတွေက အကုန်ခမ်းခြောက်လာတော့ ရေ မ သောက်ရလို့ သေကြတာများပါတယ်”ဟု ဦးငြိမ်းဇော်က ဆိုသည်။

Tuesday, May 14, 2019

ဖမ်းဆီးခံ ကျောက်​တန်း​ရွာသားများ အားလုံးကို တပ်မတော် ပြန်​လွှတ်ပေး

DVB
By ဒီဗွီဘီ
13 May 2019

ရခိုင်​ပြည်​နယ်​၊ ရ​သေ့​တောင်​မြို့နယ်​၊​ ကျောက်​တန်း​ကျေးရွာ စာသင်ကျောင်းမှာ တပ်မတော်က ဖမ်းဆီး စစ်​​ဆေး​နေသူတွေထဲက လက်ကျန်ရွာသား ၂၂ ဦးစလုံးကို ​မေလ ၁၃ ရက် ​နေလည်​ပိုင်းမှာ ပြန်လွှတ်​​ပေး လိုက်​ပြီလို့ တပ်​မ​တော်​သတင်းမှန်​ပြန်​ကြား​ရေး ဗိုလ်​မှူးချုပ် ဇော်​မင်းထွန်းက ပြောပါတယ်​။

Monday, May 13, 2019

ကျောက်တန်းကျေးရွာမှာ တပ်မတော်က ဖမ်းဆီးထား တဲ့ထဲက ကျန်ရှိသူအားလုံးကို လွှတ်ပေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-13

AA ပတ်သက်ဆက်နွှယ်မှုမရှိသူ ကျောက်တန်းကျေးရွာသား ၂၁ ဦး ၂ဝ၁၉ ခုနှစ် မေလ ၁၁ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့စဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး 
ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေတဲ့ ရခိုင်ပြည် နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေထဲက နောက်ဆုံးကျန်နေတဲ့ ၂၂ ယောက်လုံးကို ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က RFA ကို ပြောပါတယ်။

Sunday, May 12, 2019

ရသေ့တောင်မြို့နယ် စစ်ဘေးရှောင်ပြည်သူများ အခြေအနေ

Narinjara TV
Posted by Narinjara on Sunday, May 12, 2019

ရသေ့တောင်မြို့နယ် စစ်ဘေးရှောင်ပြည်သူများ အခြေအနေနှင့် ပတ်သက်ပြီးCSO ပေါင်း စုံ စစ်ဘေး ရှောင် များကူညီစောင့်ရှောက်ရေးအဖွဲ့(ရသေ့တောင်မြို့နယ်)
ဥက္ကဋ္ဌ ဦးကျော်သာခင်နှင့် တွေ့ဆုံ မေးမြန်းခန်း

Narinjara TV
ရသေ့တောင်မြို့နယ် စစ်ဘေးရှောင်ပြည်သူများ အခြေအနေနှင့် ပတ်သက်ပြီး CSO ပေါင်းစုံ စစ်ဘေးရှောင်များကူညီစောင့်ရှောက်ရေးအဖွဲ့(ရသေ့တောင်မြို့နယ်) ဥက္ကဋ္ဌ ဦးကျော်သာခင်နှင့် တွေ့ဆုံ မေးမြန်းခန်း
Posted by Narinjara on Sunday, May 12, 2019

Saturday, May 11, 2019

ကျောက်တန်းကျေးရွာမှာ တပ်မတော်က ဖမ်းဆီးစစ် ဆေးနေသူတွေ ထဲက ၂၁ ဦးကို ထပ်လွှတ်ပေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-11
ရသေ့တောင်မြို့နယ် အနီးတဝိုက် မြေပုံ
Photo: cincds.gov.mm

ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေရတဲ့ ရခိုင် ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေထဲက ၂၁ ဦးကို ဒီနေ့ညနေမှာ ပြန်လွှတ် ပေးလိုက်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က RFA ကို ပြောပါတယ်။

Friday, May 10, 2019

ဖမ်းဆီးခံ အရပ်သားတွေ သေဆုံးမှု စုံစမ်းဖော်ထုတ်ဖို့ ရခိုင်အမတ်တွေတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန) 
10 မေ၊ 2019 ၊မဆုမွန်
မေလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်း MRCS နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC တို့မှဝန်ထမ်းများက ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တဲ့ ကျောက်တန်းကျေးရွာမှ လူနာ ၃ဦးကို စေတီပြင်တိုက်နယ်ဆေးရုံ မှ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေး (သတင်းဓါတ်ပုံ- ICRC Myanmar)

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ ဆက်လက် ဖမ်းဆီးခံ ထားရသူတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပင်ကြောင်းနဲ့ ဖမ်းဆီးထိန်း သိမ်းထားစဉ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေကို ဖော်ထုတ်နိုင်ဖို့ ရခိုင်နိုင်ငံရေး အသိုင်းအ၀န်း က တိုက်တွန်းလိုက်ကြပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လွှတ်တော်နဲ့ တပ်မတော် ကပါ စုံစမ်းဖော်ထုတ်ဖို့ စီစဉ်နေချိန်မှာပဲ အခုလို တိုက်တွန်းလိုက်ကြတာပါ။ အပြည့်အစုံကိုတော့ ဆက် သွယ် စုံစမ်းထားတဲ့ မဆုမွန် ပြောပြပါမယ်။

Wednesday, May 8, 2019

ရခိုင်မှာ တပ်မတော်ထိန်းသိမ်းထားစဉ် လူ ၆ ဦး သေ ဆုံးမှု စုံစမ်းစစ်ဆေးဖို့ HRW တိုက်တွန်း

08 မေ၊ 2019  

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ တပ်မတော်ရဲ့ ဖမ်းဆီးစစ်ဆေးမှု ခံနေရသူ
တွေ ထဲက ၆ ဦး သေဆုံးခဲ့ရမှုအတွက် မြန်မာအာဏာပိုင်တွေအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးက မေလ ၆ ရက် တနင်္လာနေ့က ကြေညာ ချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ကျောက်တန်းမှ နောက်ထပ် ၃၅ ဦးထပ်မံ လွတ် မြောက် ၊ ၆ ဦးကို စစ်တွေပို့

နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၈/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ကျန်ရှိနေသေးသည့် ၈၃ ဦးထဲမှ ၃၅ ဦးကို ယနေ့ ညနေ ၃ နာရီက ပြန်လည် လွတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

၆ ဦးကိုမူ ရေတပ်သင်္ဘောဖြင့် ယမန်နေ့ ညဥ့်အချိန်က စစ်တွေသို့ ယူဆောင်သွားကြောင်း ဒေသခံများက ပြောကြားသည်။

Tuesday, May 7, 2019

ဆရာတော်ကြီး ၇ ပါး ကျောက်တန်းကျေးရွာသို့ သွားရောက်တွေ့ဆုံခွင့်ရ

နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၆/၂၀၁၉
(သတင်း/အင်တာဗျူး)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ စေတီယင်္ဃန ဆရာတော်ကြီး အပါအ၀င် စည်းကမ်းထိန်းသိမ်းရေး ရဟန်း တော်အဖွဲ့ (စစ်တွေ) မှ ဆရာတော်ကြီး ၇ ပါးသည် ၀င်ထွက်သွားလာခွင့်ကို တင်းကျပ်စွာ ပိတ်ပင်ထားသော ကျောက်တန်းကျေးရွာသို့ မေလ ၅ ရက်နေ့က သွားရောက်ခွင့်ရခဲ့သည်။

အဆိုပါ ခရီးစဉ်တွင် လိုက်ပါခဲ့သည် စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်အဖွဲ့ (စစ်တွေ)မှ နာယက အောင် မြေကုန်းဆရာတော်အား ကျောက်တန်းကျေးရွာသို့ သွားရောက်ရသည့် ရည်ရွယ်ချက်ကို စတင် လျှောက် ထား မေးမြန်းရာ ဆရာတော်က ယခုလို မိန့်ကြားသည်။

ကျောက်တန်း ဖမ်းဆီးခံထားရသူများအထဲမှ ၄၈ ယောက် ထပ်မံလွတ်မြောက်လာ

နိရဉ္စရာ
နိရဉ္စရာ၊ မေ ၆/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ဖမ်းဆီးခံထားရသူ ၁၃၁ ဦးမှ ၄၈ ဦးကို ယနေ့ ညနေ ၃ နာရီခွဲက ထပ်မံ လွတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

“ အခုနက ဘဲ လွတ်လာပါတယ်။ စုစုပေါင်း ၄၈ ဦးပါ။ ၈၃ ဦးတော့ ကျန်ရှိနေပါသေးတယ်” ဟု ကျေးရွာသား တစ်ဦးက ပြောကြားသည်။

သူတို့အား မြန်မာတပ်မတော်မှ ဧပြီ ၃၀ ရက်နေ့ကတည်းက ကျောက်တန်း အထက်တန်းကျောင်းဝင်း ထဲတွင် ထိန်းသိမ်း စစ်ဆေးခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် ပြန်လည် လွတ်ပေးခဲ့ခြင်း ဖြစ်သည်။

Thursday, May 2, 2019

တပ်မတော်မှ ပစ်ခတ်၍ ကျောက်တန်းရွာသား ၆ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

နိရဉ္စရာ
နိရဉ္စရာ၊ မေ ၂ / ၂၀၁၉

တပ်မတော်မှ ပစ်ခတ်၍ ကျောက်တန်းရွာသား ၆ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ၊ အလောင်းများကို မိသားစုများ ယူဆောင်ခွင့်မရသေး၊ ရွာသား ၂၀၀ ကျော်ကို ဆက်လက်နေပူလှမ်းထားဆဲဟုဆို

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် မြန်မာတပ်မတော်မှ ပစ်ခတ်မှုကြောင့် ကျောက်တန်းရွာသား ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ကျောက်တန်ဒေသခံအမျိုးသမီးတစ်ဦးက “ မနေ့ကညဥ့် ၂ နာရီ ခန့်မှာ အမြောက်ပစ်ခတ်သံတွေ၊ လက် နက်ငယ် ပစ် ခတ် သံ တွေ ကြားရပါတယ်။ မနက်မိုးလင်းတော့ ရွာသား ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာပါတယ်။ သေဆုံးသူ ၆ ဦးရဲ့ အလောင်းတွေကို အိမ်သာ အနီးမှာ တာလပတ်ချာအုပ်ပြီး ပုံထားတယ်လို့ သိရပါတယ်။ တစ်ဦးတစ်ယောက်မှ သွားကြည့်ခွင့်မရပါဘူး” ဟု ပြောကြားသည်။

ရသေ့တောင် ကျောက်တန်းရွာသား ၇ ဦး စစ်ဆေးခံရစဉ် သေဆုံးဟု ကြားသိရ

မဇ္ဈိမ သတင်း
By ဇေယျာမော်
02 May 2019
                                                                 ဓာတ်ပုံ - အေးချမ်းခိုင်

ရန်ကုန် ၊ မေလ ၂ ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာသားများအား ရက္ခိုင့်တပ် AA နှင့် ပတ်သက်သည်ဟုဆိုကာ တပ်မတော်မှ စစ်ဆေးမေးမြန်းနေစဉ် ၇ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများ ရှိ သည်ဟု ကြားသိရကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦး ဦးသန်းနိုင်က ဆိုသည်။

“သေတာကတော့ ၇ ဦး ဖြစ်နေပြီလို့ ကြားတယ်။ ဒဏ်ရာရတာကလည်း ၈ ဦး ၊ ၉ ဦး လောက်ဖြစ်နေပြီ လို့ကြားတယ်၊ ကျွန်တော်တို့လည်း ကြားတာပဲ ရှိတယ်။ မျက်မြင်မတွေ့ရဘူး” ဟု ဦး ဦးသန်းနိုင်က ဆို သည်။

Wednesday, May 1, 2019

ရခိုင်မြောက်ပိုင်း ကျောက်တန်းကျေးရွာသား သုံးရာ ကျော် စစ်ဆေးမေးမြန်းခံရ

VOA 
ဗွီအိုအေ (မြန်မာဌာန)   
ကိုနိုင်ကွန်းအိန်
01 မေ၊ 2019 
 ရခိုင် ဒုက္ခသည်များ (photo-Rakhine Ethnics Congress)

စစ်ရေးပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ကျေက်တန်းကျေးရွာက ရွာသား ၃၀၀ လောက်ကို မြန်မာစစ်တပ်က စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန် မာ စစ်တပ်ကနေရွာကို ပိတ်ဆို့ပြီး ရွာသားတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေတာကြောင့် အခြေ အနေအပေါ်မှာ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း စိုးရိမ်နေပါတယ်။ ဗွီအိုအေ သတင်း ထောက် နိုင်ကွန်းအိမ်က စုံစမ်းမေးမြန်းသတင်းပေး ပို့ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */