Myanmar Pressphoto Agency
by MPA CJ012
Aug 25, 2023

“ဂျီနိုဆိုက် ၆ နှစ်ပြည့်ဆိုတာ သက်မှတ်ချက်အရပါ။ တကယ်တန်းက ၆ နှစ်မကပါဘူး။ ကျတော်တို့ သိရသလောက်ဆို ၁၉၄၂ ခုနှစ်နောက်ပိုင်းကာလတွေတည်းက စနစ်တကျ အစပျိုးလာခဲ့တာပေါ့။ အခုသိရသလောက်ဆိုရင် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့က ပူးပေါင်းပြီး ကြိုးစားနေတယ်လို့လည်း သိရတယ်။ ရိုဟင်ဂျာတွေဘက်ကလည်း ဂုဏ်သိက္ခာရှိရှိနဲ့ လုံလုံခြုံခြုံ နေရပ်ပြန်ခွင့်ရချင်တယ်။ ဒါမျိုးတွေမရဘူး ဆိုရင်တော့ မပြန်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုထားတယ်လို့လည်း သိရပါတယ်”ဟု မြန်မာမွတ်စလင် တော်လှန်ရေးအင်အားစု (MMRF) မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။