Showing posts with label လွှဲပြောင်း. Show all posts
Showing posts with label လွှဲပြောင်း. Show all posts

Saturday, December 7, 2019

ထိုင်းဖမ်းထားတဲ့ AA ခေါင်းဆောင်မိသားစု မြန်မာကိုလွှဲမယ့် ကိစ္စ ပျက်

VOA
ဗွီအိုအေ (မြန်မာဌာန)
07 ဒီဇင်ဘာ၊ 2019
နိုင်ကွန်းအိန်
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်။
ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး နဲ့ ကလေး ၂ ဦးကို မြန်မာအာဏာပိုင်တွေဘက် လွှဲပြောင်းပေးတဲ့ အစီအစဉ် ပျက်ပြယ်သွားပြီလို့ ANC ခေါင်းဆောင်တဦးက ပြောပါတယ်။ ဒီလို လွှဲပြောင်းမယ့်အစီအစဉ်ကို တရုတ်နိုင်ငံဘက်က ကန့်ကွက် လို့ ဖြစ် ကြာင်း နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

Wednesday, November 6, 2019

ထိုင်း ဝရမ်းပြေး လူကုန်ကူးတရားခံ ကမ္ဘောဒီးယား ဖမ်းဆီး လွှဲပြောင်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
06 နိုဝင်ဘာ၊ 2019 
၂၀၁၅ နိုဝင်ဘာတုန်းက ထိုင်း လူကုန်ကူးတရားခံများကို ဘန်ကောက်တရားရုံးသို့ ရုံးထုတ်စဉ်

လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံတောင်ပိုင်းကို ခိုးထုတ် ရာမှာပါဝင်တဲ့ အဓိက သံသယရှိသူတွေထဲက ထိုင်းအစိုးရ ဖမ်းဝရန်းထုတ်ထားသူ တဦးဖြစ်တဲ့ ကိုတုတ် (ခေါ်) Santipiyakul ကို ကမ္ဘောဒီးယားနိုင်ငံမှာ ဖမ်းဆီးရမိပြီး သူ့ကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ တဦးဖြစ်တဲ့ Surapong Chaichan က တနင်္ဂနွေနေ့ သ တင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။၂၀၁၅ ခုနှစ်တုန်းက လူကုန်ကူးဂိုဏ်းကြီးတခုကို ဖြိုခွဲဖမ်းဆီးတာမှာ လူကုန်ကူးမှုမှာ ပါဝင်တဲ့ စစ်တပ် တာ ဝန်ရှိသူတချို့အပါအဝင် လူပေါင်း ၁၄၈ ယောက်ဟာ ဒုက္ခသည်တွေကို မလေးရှား ကိုမပို့ခင် ထိုင်း-မလေး နယ်စပ်၊ ထိုင်းနိုင်ငံတောင်ပိုင်း Songkhla ခရိုင်၊ Hat Yai မြို့နယ် ၊ Padang Besar တောတွင်းယာယီစခန်းမှာ ထိန်းသိမ်းထား ခဲ့ပြီး ဒီလိုဖမ်းဆီးထားချိန်မှာ လူကုန်ကူးသူတွေက ညှဉ်းပမ်းနှိပ်စက်တာတွေနဲ့ လူ သတ်မှုတွေ ကျူးလွန်ခဲ့ကြတာကို ဖော်ထုတ်နိုင်ခဲ့တာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */