" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကုလ ကြိုဆို. Show all posts
Showing posts with label ကုလ ကြိုဆို. Show all posts

Friday, January 31, 2020

ရခိုင်အရေး ASEAN ပူးပေါင်းဆောင်ရွက်မှု ကုလအတွင်း ‌ရေးမှူးချုပ် ကြိုဆို

VOA
31 ဇန်နဝါရီ၊ 2020
ဗွီအိုအေ (မြန်မာဌာန)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သက်လို့ အာဆီယံ ပါဝင်ဆောင်ရွက်လာတာဟာ ကုလသမဂ္ဂအ တွက် လွန်စွာအရေးပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ပြောကြားလိုက်ပါတယ်။

အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီကို မိန့်ခွန်းပြောကြားရာမှာ အတွင်းရေးမှူးချုပ်က အဲဒီလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။ အခုအခါ နေရပ်စွန့်ခွာ သွားကြသူ တွေ နဲ့ ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နိုင်ငံတကာက ပူးပေါင်းအဖြေရှာရေးဟာ မရှိ မ ဖြစ် လိုအပ်ပြီး၊ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်တွေနဲ့အညီ အာဆီယံနဲ့ ကုလသမဂ္ဂက ရှေ့တိုးဆောင်ရွက် သွားနိုင်လိမ့်မယ်လို့ ပြောကြားသွားပါတယ်။  
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */