ဝါရှင်တန်ဒီစီမြို့တော် အမေရိကန်နိုင်ငံခြားရေးဌာနမှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Matthew Miller (ဩဂုတ် ၅၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေ ပေါ်လာပေမဲ့ ရိုဟင်ဂျာဒုက္ခ သည် တွေကို ဆက်လက် လက်ခံထားဖို့ အရေးကြီးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ Matthew Miller က မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည် အကူအညီပေးရေးမှာ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်သလဲ ဆိုတာကိုတော့ လတ်တလော တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ဘီလျံ နှစ်ထောင်ဖိုး အကူအညီတွေ ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။