Showing posts with label ဒုက္ခသည်. Show all posts
Showing posts with label ဒုက္ခသည်. Show all posts

Tuesday, February 20, 2024

ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေးခဲ့ဟု ဒုက္ခသည်များပြောဆို

VOA
ဗွီအိုအေမြန်မာပိုင်း
အင်ကြင်းနိုင်
၂၀ ဖေဖော်ဝါရီ၊ ၂၀၂၄ 

ဘူးသီးတောင်ထဲကို ဝင်ရောက်လာတဲ့ မြန်မာစစ်သားများ။ (သြဂုတ် ၂၉၊ ၂၀၁၇/ ယခင်မှတ်တမ်းဓာတ်ပုံ) 

စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ IDP ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို တပ်မတော်ထဲဝင်ဖို့ အပြင်းအထန်ဖိအားပေးနေကြောင်း ဒေသခံရိုဟင်ဂျာတွေက တနင်္လာနေ့က ဗွီအိုအေကိုပြောပါတယ်။ ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲတွေမှာ ဆက်တိုက်အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်တွေဟာ ရိုဟင်ဂျာတွေကို လူသားဒိုင်းသဖွယ်အသုံးချဖို့ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ မြန်မာစစ်တပ်က ကြိုးပမ်းနေတာဖြစ်တယ်လို့ NUG အစိုးရ ကလည်း တုံ့ပြန်လိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်တင်ပြပေးထားပါတယ်။

Friday, December 15, 2023

ရိုဟင်ဂျာဒုက္ခသည်များ၏ အရင်းခံပြဿနာကို မဆိုင်းမတွ ဖြေရှင်းရန် လိုဟု အင်ဒိုနီးရှား ပြော

မဇ္စျိမ
By ANTARA News
14 December 2023

Photo: AFP

ရိုဟင်ဂျာဒုက္ခသည်များ၏ အရင်းခံပြဿနာကို ချက်ချင်းလက်ငင်း ဖြေရှင်းသင့်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီက ဒီဇင်ဘာ ၁၃ ရက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ ရုံး ၌ ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်ဖိုရမ်တွင် အလေးပေးပြောဆိုသည်။

Sunday, November 19, 2023

ရိုဟင်ဂျာတွေ သယ်ဆောင်လာတဲ့ စက်လှေတွေ အာချေးမှာ ကမ်းကပ်ခွင့်ပြု

BBC
November 19'2023

ကောက်ဘဇား ဒုက္ခသည် စခန်း (၂၀၂၁ ခုနှစ်) 

ရိုဟင်ဂျာ ၅၀၀ ကျော်ကို သယ်ဆောင်လာတဲ့ စက်လှေ ၃ စီးကို အင်ဒိုနီးရှား နိုင်ငံ အာချေး ပြည်နယ်မှာ ကမ်းကပ် ခွင့်ပြုလိုက်ပါတယ်။

လူတွေ အများကြီး သယ်ဆောင်ထားပြီး ခိုင်ခန့်မှု အားနည်းတဲ့ ဒီစက်လှေတွေထဲ က တစီးဟာ အာချေး ကမ်းခြေတခုကို စပြီးရောက်လာစဉ် ပင်လယ်ထဲကို ပြန်သွားဖို့ တွန်းထုတ်ခံခဲ့ရပါတယ်။

Saturday, September 30, 2023

၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဒုက္ခသည် ၁၂၅၀၀၀ အမေရိကန် လက်ခံမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
၃၀ စက်တင်ဘာ၊ ၂၀၂
၃ 

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်

အောက်တိုဘာ ၁ ရက်စတင်မယ့် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အမေရိကန်ပြည်ထောင်စုက ဒုက္ခသည် ၁ သိန်း ၂ သောင်းခွဲ ကို လက်ခံဖို့ သမ္မတ Joe Biden က စက်တင်ဘာလ ၂၉ ရက် သောကြာနေ့ကလက်မှတ်ထိုးအတည် ပြုလိုက်ပါတယ်။

ကမ္ဘာကြီးမှာ စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ မတည်ငြိမ်မှုတွေကြောင့် ဘယ်တုန်းကမှ မကြုံဖူးလောက်အောင် နေရပ်စွန့် ခွာ ထွက်ပြေးရသူ အရေအတွက် စံချိန်တင်အောင် များပြားနေတာကြောင့် ဒုက္ခသည်တွေကို လက်ခံရေး သမ္မတ Biden ရဲ့ သဓိဌာန်ခိုင်မာတယ်ဆိုတာ ပြသတဲ့အနေနဲ့ ဒုက္ခသည် ၁ သိန်းကျော် လက်ခံဖို့ သမ္မတက လက်မှတ် ထိုးခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာချက် ထုတ်ပြန်ပါတယ်။

Saturday, July 15, 2023

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ဒေါ်လာ ၇၄ သန်း အမေရိကန် ကူညီမည်

RFA
RFA Burmese
2023.07.14

၂ဝ၂၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာတချို့အားတွေ့ရစဉ်။ AFP

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၇၄ သန်းကျော် ထပ်ပြီးကူညီထောက်ပံ့သွားမယ်လို့ အမေရိ ကန်အစိုးရက ဇူလိုင် ၁၃ ရက်နေ့က ကြေညာလိုက်ပါတယ်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တစ် ဆင့် ကူညီတာဖြစ်ပါတယ်။

Tuesday, December 27, 2022

၂၀၂၂ သည် ပင်လယ်ပြင်တွင် ရိုဟင်ဂျာသေဆုံးမှု အများဆုံး နှစ်များတွင် ပါဝင်

ဧရာဝတီ
27 December 2022
၂၀၂၂ ဒီဇင်ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှား အာချေးဒေသသို့ လူ ၁၈၀ တင်ပြီး ပင်လယ်ဖြတ်လာခဲ့သော စက်လှေ / AFP
 
ရိုဟင်ဂျာ မွတ်ဆလင်အများစု ပါဝင်သော လူ ၁၈၀ သယ်ဆောင်လာသည့် စက်လှေတစီး နစ်မြုပ်သွားနိုင်ဖွယ်ရှိ သောကြောင့် ၂၀၂၂ ခုနှစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စခန်းများမှ ဆိုးရွားသော အခြေအနေများကြောင့် ထွက်ပြေး နေရသော ရိုဟင်ဂျာများအတွက် အဆိုးရွားဆုံး နှစ်တခုဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး (UNHCR) က ပြောသည်။

၂၀၁၇ ခုနှစ်တွင် စစ်တပ်က သတ်ဖြတ်နှိမ်နင်းသောကြောင့် နိုင်ငံမှ ထွက်ပြေးလာသူ ထောင်ပေါင်းများစွာ အပါ အဝင် မြန်မာမှ ရိုဟင်ဂျာဒုက္ခသည် တသန်းခန့်သည် မွတ်ဆလင်အများစုရှိသော ဘင်္ဂလားဒေ့ရှ်မှ ကျပ်သိပ်နေ သည့် ဒုက္ခသည်စခန်းများတွင် နေထိုင်ရသည်။

Friday, November 25, 2022

မြန်မာ လူ့အခွင့်အရေးမဟာမိတ်ဖွဲ့ရန် ရိုဟင်ဂျာများ စုစည်း

ဧရာဝတီ
By Muktadir Rashid
24 November 2022

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က အူကီယာရှိ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ကျင်းပသော ၂၀၁၇ ခုနှစ် မြန်မာစစ်တပ် အကြမ်းဖက် နှိမ်နင်းမှု နှစ်ပတ်လည် ပထမဆုံးအကြိမ် အခမ်းအနားကို တက်ရောက်လာသည့် ရိုဟင်ဂျာ ဒုက္ခသည်များ / AFP

ရိုဟင်ဂျာအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူ အများအပြားသည် မြန်မာတွင် လူအခွင့်အရေး တောင်းဆိုရန် အဖွဲ့တခုဖွဲ့စည်းရေး စုစည်းခဲ့ကြသည်။

အာရကန် ရိုဟင်ဂျာ အမျိုးသား မဟာမိတ် Arakan Rohingya National Alliance (ARNA) က ရိုဟင်ဂျာ ညီ ညွတ်ရေး တောင်းဆိုပြီး ၎င်းတို့ မွတ်ဆလင် လူမှုအသိုက်အဝန်းသည် ခွဲထွက်ရေးသမားများ မဟုတ်ကြောင်း ကြေညာသည်။

Wednesday, October 12, 2022

ဘားအံထောင်မှာ ရိုဟင်ဂျာတွေ ဒုက္ခရောက်နေတယ်။

Myanmar Now
Stun Aung
October 12 Released in 2022 .

ထမင်းကို ရေနဲ့ရောပြီး ယားယံလို့ လမ်းတောင်မလျှောက်နိုင်တဲ့ ရိုဟင်ဂျာကျား၊ သူသည် ရခိုင်ပြည်နယ်မှ မိုင် ၅၀၀ ခန့်အကွာ ကရင်ပြည်နယ်ရှိ အကျဉ်းထောင်တွင် မီတာ ၁၅၀ ခန့် ရှိသည်
သြဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဘဇားမှာရှိတဲ့ ကုတူပလောင် ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်က ထွက်ပြေးလာမှု ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ- မောင်တောခရိုင်

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများမှ အခြားနိုင်ငံသို့ ရေကြောင်းဖြင့် တိတ်တဆိတ် ခရီးသွားလာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ လက်ရှိတွင် ကရင်ပြည်နယ် ဗန်းတောင်မြို့နယ် တောင်ကလေးအကျဉ်းထောင်တွင် ရိုဟင်ဂျာ အမျိုးသား အမျိုးသမီး စုစုပေါင်း ၁၅၀ ဦး ဖမ်းဆီးခံထားရသည်။

Monday, September 19, 2022

ဘင်္ဂလားဒေ့ရှ်အပါအဝင်နိုင်ငံတကာမှ ULA/AAကိုအသိ အမှတ်ပြုပြီးပူပေါင်းရပ်တည်ပေးလျှင် မူဆလင်ဒုက္ခသည် များ နေရပ်ပြန်ရေးလုပ်ဆောင်နိုင်မည်ဟုဆို

Narinjara
နိရဉ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၂

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင်ဒုက္ခသည်များ နေရပ် ပြန်နိုင်ရေး အ တွက် ဘင်္ဂလားဒေ့ရှ်အပါအဝင် ကုလသမဂ္ဂနှင့်နိုင်ငံတကာတို့မှ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်( ULA)ကို အသိအ မှတ် ပြုပြီး ပူးပေါင်းဆောင်ရွက်လျှင် နေရပ်ပြန်ရေးကိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ULA/AAပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုသည်။

Friday, December 10, 2021

ဒေါ်လာ ၁၅၀ ဘီလီယံ နစ်နာကြေးပေးရန် ရိုဟင်ဂျာ ဒုက္ခသည်များ Facebook ကို တရားစွဲ

ဧရာဝတီ
8 December 2021 

၂၀၁၇ မှာ ရခိုင်ပြည်မြောက်ပိုင်း မွတ်စလင် လူနည်းစုတွေ စစ်တပ်ရဲ့ ရက်စက်မှုတွေကို ကြောက်ပြီး ဘင်္ဂလား‌ ‌ဒေ့ရှ် ဘက် အစုလိုက်အပြုံလိုက် ထွက်ပြေးကြစဉ် 
 
မြန်မာစစ်တပ်နှင့် ယင်းတို့ကို ထောက်ခံသူများက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင် ဆန့်ကျင်ရေး အမုန်း စကား ရေးသားမှုများကို ပိတ်ပင်ပေးရန် ပျက်ကွက်မှုကြောင့် နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၅၀ ဘီ လီယံ ပေးရန် အမေရိကန်နှင့် ဗြိတိန်ရောက် ရိုဟင်ဂျာ ဒုက္ခသည်များက Facebook ကုမ္ပဏီကို တရားစွဲ ဆို လိုက်ကြသည်။

Tuesday, December 7, 2021

အမုန်းတရား ပြန့်ပွားစေမှုနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဖေ့စ် ဘုတ် ကို တရားစွဲဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
07 ဒီဇင်ဘာ၊ 2021

Facebook logo.
ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တဲ့အထိ အမုန်းတရားတွေ ပြန့်ပွားစေတဲ့ ရေးသားဖော်ပြမှုတွေ၊ သတင်းမှား တွေကို Meta လို့ အခုနာမည်ပြောင်းထားတဲ့ Facebook လူမှုကွန်ရက်ကုမ္ပဏီက ထိထိရောက်ရောက် အရေးယူ မကိုင်တွယ်ခဲ့ဘူးလို့ စွပ်စွဲပြီး ရိုဟင်ဂျာဒုက္ခသည်တွေက ကုမ္ပဏီကို ဒေါ်လာ ၁၅၀ ဘီလျံ လျော်ကြေးပေးဖို့ အမေရိကန်ပြည်ထောင်စုမှာ တရားစွဲလိုက်ပါတယ်။

Thursday, December 2, 2021

Bhashan Char ကျွန်းရောက် ရိုဟင်ဂျာဒုက္ခသည်များ ဆွေမျိုးတွေနဲ့ သွားရောက် တွေ့ခွင့်ရ

VOA
ဗွီအိုအေ (မြန်မာဌာန)
01 ဒီဇင်ဘာ၊ 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhasan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။ (ယခင်ပုံဟောင်း)
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝေးလံခေါင်သီတဲ့ Bhashan Char ကျွန်းမှာ သွားရောက်နေထိုင်နေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခ သည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပထမဆုံးအကြိမ် သူတို့ မိသားစု၊ ဆွေမျိုးတွေဆီကို လည်ပတ် ခွင့်ပြုခဲ့ပါတယ်။

Wednesday, November 24, 2021

ရိုဟင်ဂျာဒုက္ခသည်တွေကို ကျွန်းပို့တာရပ်ထားဖို့ HRW တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
23 နိုဝင်ဘာ၊ 2021

Bhasan Char ကျွန်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့သည့် မြင်ကွင်း။ (ဒီဇင်ဘာ ၄၊ ၂၀၂၀)
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Bhasan Char ကျွန်းပေါ်ကို ပြောင်းရွှေ့ခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လွတ်လွတ်လပ် လပ်သွားလာခွင့်နဲ့ တခြားအခွင့်အရေးတွေကို အကာအကွယ်မပေးဘဲနဲ့တော့ ဒုက္ခသည်တွေကို ကျွန်းပေါ်ေြ ပာင်းတာ ရပ်ထားသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဘင်္ဂလား ဒေ့ရှ် အာ ဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

Tuesday, November 2, 2021

ရိုဟင်ဂျာဒုက္ခသည်တွေကြောင့် သစ်တောပြုန်းတီးမှု Sheik Hasina ဥတုရာသီညီလာခံမှာ တင်ပြ

VOA
ဗွီအိုအေ (မြန်မာဌာန)
02 နိုဝင်ဘာ၊ 2021

ဒုက္ခသည်ပြဿနာကို ကမ္ဘာ့နိုင်ငံတွေ မျှဝေတာဝန်ယူပေးဖို့ Glasgow မှာ ကျင်းပနေတဲ့ ဥတုရာသီဆိုင်ရာ COP-26 ညီလာခံမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကပန်ကြားလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော်ရှိနေတဲ့ ဒုက္ခသည်စခန်းဝန်းကျင်မှာ တောပြုန်းတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရ တာကြောင့် ဒုက္ခသည်ပြဿနာကို ကမ္ဘာ့နိုင်ငံတွေ မျှဝေတာဝန်ယူပေးဖို့ Glasgow မှာ ကျင်းပနေတဲ့ ဥတုရာ သီဆိုင်ရာ COP-26 ညီလာခံမှာ တနင်္လာနေ့က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကပန်ကြား လိုက် ပါတယ်။

Thursday, July 29, 2021

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ ရေဘေးဒဏ် သင့်နေ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
29 ဇူလိုင်၊ 2021
ဘင်္ဂလားဒေ့ရှ်ရောက် Rohingya ဒုက္ခသည်များ (ဓာတ်ပုံ - AP)
 
ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှာ မုတ်သုန်မိုး ပြင်းပြင်းထန်ထန် ရွာသွန်းတဲ့အတွက် ရိုဟင်ဂျာ ဒုက္ခသည် တေ သာင်း လောက်ကို ဘေးလွတ်ရာ နေရာတွေဆီ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိတွေက ပြောပါ တယ်။ သီတင်းတပတ်လောက် မိုးပြင်းပြင်းထန်ထန် ရွာနေခဲ့တာကြောင့် မြန်မာနယ်စပ်နားမှာရှိနေတဲ့ ဒုက္ခ သည်စခန်းတွေမှာ ရေကြီး၊ မြေပြိုတဲ့ ဘေးဒဏ်ကို အကြီးအကျယ်ခံနေရပြီး လူ ၁၄ ယောက်ထက် မနည်း သေဆုံးခဲ့သလို စခန်းထဲက ထောင်နဲ့ချီတဲ့ တဲအိမ်တွေ ရေနစ်မြုပ်နေပါတယ်။

Friday, June 18, 2021

ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်ဆေးထိုးပေးဖို့ ရိုဟင်ဂျာခေါင်းဆောင်တဦးတောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
17 ဇွန်၊ 2021

အကူညီပေးရေးအဖွဲ့တွေက ရိုဟင်ဂျာအိမ်ယာတွေကို ပြန်လည်တည်ဆောက်ပေးနေစဉ် (ဓာတ်ပုံ - AP)

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်ခေါင်းဆောင်တဦးက တောင်းဆိုလိုက်ပါတယ်။

ဇွန်လ ၂၀ ရက် လာမယ့် တနင်္ဂနွေနေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဒုက္ခသည်များနေ့မတိုင်ခင်မှာ Cox’s Bazar မြို.ရှိ ဒုက္ခသည်စခန်းတစ်ခုက ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Mohammad Mahbubullah က -

“ကျနော်တို့အနေနဲ့ မြန်နိုင်သမျှမြန်မြန် ကာကွယ်ဆေးထိုးဖို့ လိုပါတယ်၊ ဒါမှ Lockdown အသွားအလာပိတ်ထားတာကို ယုတ်လို့ရမှာလေ။ နိုင်ငံတကာအကူအညီတွေ ရဖို့လိုနေပါတယ်။ Lockdown ချထားတာကြောင့် NGO စေတနာ့ဝန်ထမ်းတွေရော၊ နိုင်ငံတကာအလှူရှင်တွေပါ စခန်းတွေထဲ လာလို့မရဘူးဖြစ်နေပါတယ်။ ဒါကြောင့် လူတိုင်းကာကွယ်ဆေးရပြီးရင် အားလုံး လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီပေါ့နော်။ ဒီ Lockdown ကြောင့် ကျနော်တို့ ရပ်ရွာတွင်းလုပ်ငန်းတွေတောင် ရပ်ဆိုင်းထားရပြီး ပြဿနာအများကြီးကို တက်နေပါတယ်” လို့ပြောပါတယ်။

တကယ်တော့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ ကိုဗစ်-19 ပိုး တွေ့ခဲ့တာကြောင့် မေလ ၂၁ ရက်နေ့ကစပြီး Lockdown ချ အသွားအလာပိတ်ထားတာပါ။

လက်ရှိစခန်းထဲမှာ ကိုဗစ်ပိုးစစ်ဆေးမူတွေလည်း လုပ်ပေးနေရာမှာ တနေ့ကို ပျမ်းမျှလူနာ ၂၀ ကနေ ၃၀ ပဲတွေ့တာကြောင့် လူပြည့်ကျပ်နေတဲ့စခန်းမှာ စိုးရိမ်ရသလောက်အများကြီးမကူးစက်သေးဘဲ အခုချိန်ထိ စုစုပေါင်း ၁,၄၅၁ ဦးမှာသာ ပိုးတွေ့ထားတယ်လို့ Cox’s Bazar ဒုက္ခသည်စခန်းက ဆရာဝန်ကဆိုပါတယ်။

Link : Here

Friday, June 4, 2021

ရိုဟင်ဂျာဒုက္ခသည် ၈၀ နီးပါး အင်ဒိုနီးရှားကျွန်းတခုမှာ ရောက်သွား

VOA
ဗွီအိုအေ (မြန်မာဌာန)
04 ဇွန်၊ 2021
Indonesia Rohingya
အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစုပါဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၈၀ လောက် အင်ဒိုနီးရှားနိုင်ငံ ကမ်းရိုး တန်း က ကျွန်းတခုကို ဒီကနေ့ပဲ ရောက်လာခဲ့တဲ့အကြောင်း ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တချို့က ပြောပါတယ်။
ဒုက္ခသည်တွေစီးလာတဲ့ စက်လှေဟာ ကပ္ပလီပင်လယ်ပြင်မှာ စက်ပျက်ပြီး ပင်လယ်ထဲမှာ ရက်ပေါင်း ၁၁၃ ရက်ကြာ မျောနေခဲ့ပြီးတော့မှ ခုလို အင်ဒိုနီးရှားနိုင်ငံ ကမ်းခြေကို ရောက်လာတာလို့ ဒုက္ခသည်အရေး ဆောင် ရွက်နေသူတွေကို ကိုးကားပြီး AFP နဲ့ ရိုက်တာသတင်းတွေမှာ ဖော်ပြထားပါတယ်။

Wednesday, May 19, 2021

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ လိုအပ်ဆဲ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 မေ၊ 2021  
ဘင်္ဂလားဒေရှ့်နိုင်ငံ ကောဇ့်ဘဇားမှာ ခိုလှုံနေရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် စားနပ်ရိ က္ခာ ဖူလုံရေးက ထိပ်တန်း ဦးစားပေး အဖြစ် ဆက်လက် ရှိနေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

Sunday, May 16, 2021

ရိုဟင်ဂျာဒုက္ခသည်အရေး နိုင်ငံတကာ အကူအညီပေးဖို့ ကုလတိုက်တွန်

VOA
ဗွီအိုအေမြန်မာပိုင်း
ကိုဉာဏ်ဝင်းအောင်
15 မေ၊ 2021
ယာယီအမိုးအကာများနဲ့နေထိုင်နေကြရတဲ့ ရိုဟင်ဂျာမိသားစုတခု (ဓာတ်ပုံ- Reuters)

ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကိုအိမ်ရှင်အဖြစ် လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ဒေသခံတွေကို ကူညီထောက်ပံ့နိုနိုင်ဖို့ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးက ပြောကြားလိုက်ပါတယ်။ ရှေ့တပတ်ထဲကျင်းပမယ့် ရိုဟင်ဂျာတွေဒုက္ခသည်တွေ အကူအညီပေးရေး အလှူရှင်နိုင်ငံများ အစည်းအဝေး မတိုင်ခင် အဲဒီလို ပြောဆိုလိုက်တာပါ။ ဂျနီဗာမြိုကနေ Lisa Schlein ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ။

Friday, February 26, 2021

ပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည် သင်္ဘော အိန္ဒိယ ကူညီ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
26 ဖေဖော်ဝါရီ၊ 2021
အင်ဒိုနီးရှားမှာ ကယ်ဆယ်လိုက်ရတဲ့ ရိုဟင်ဂျာလှေတစီး - 2020 (ဓာတ်ပုံ-AP)
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ် ဘဇား ကနေ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ထွက်ခွါပြီး ကပ္ပလီပင်လယ်ပြင် (Andaman Sea) ထဲမှာ မျောနေတဲ့ သဘောၤတစင်းကို အိန္ဒိယကမ်းရိုးတန်းစောင့်တပ်က အကူအညီတွေ ပေးနေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Anurag Srivastava က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */