ရခိုင်စစ်ရှောင်ပြည်သူများ (Rakhine Ethnics Congress )
တပ်မတော်နဲ့ AA လက်နက်ကိုင်တပ်တို့ကြား တိုက်ပွဲဖြစ်စဉ်တွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရ မှုတွေကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ တာဝန် ယူ စုံစမ်းဖြေရှင်းပေးဖို့ ရခိုင်စစ်ရေးဖြစ်စဉ်တွေကို ကွင်းဆင်းလေ့လာခဲ့တဲ့ ရခိုင်အမျိုးသားပါတီ စုံစမ်းရေး ကော်မရှင်က တောင်းဆိုလိုက်ပါတယ်။ စစ်ဖြစ်နေတဲ့ ခြောက်မြို့နယ်ထဲက ဒေသတွင်း အရပ်သား ထိခိုက် သေဆုံးမှု၊ ရှေးဟောင်းအမွေအနှစ်ပျက်စီးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းတွေ့ရှိသမျှ အစီရင်ခံ စာတစောင် ထုတ်ပြန်အပြီး ANP စုံစမ်းရေးကော်မရှင်က တောင်းဆိုလိုက်တာပါ။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာပါ။