Friday, January 20, 2023
ဇန္နဝါရီလ ၁၈ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်တွင် ရန်ကုန်မြို့မှ မြဝတီမြို့သို့ ဦးတည်မောင်းနှင်လာသည့် Cheng Long အမျိုးအစား ယာဉ်အမှတ် YGN 6R5614 အဖြူရောင် ၂၂ ဘီးတွဲကားတစ်စီးသည် မရမ်းချောင်း စစ်ဆေးရေး ဂိတ် အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားဆီးစစ် ဆေးခဲ့ရာ ရိုဟင်ဂျာ ၆ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။