ဧရာဝတီ
ဖီးနစ်
26 October 2022.png)
စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ် ဆိုရှယ်လစ်အမည်ခံ ဗဟိုထိန်းချုပ်မှုများတဲ့ ပညာရေးစနစ်ကို အဓိကနေရာကနေ ကူညီပံ့ပိုးပေးခဲ့သူ တဦးကတော့ ဒေါက်တာ ညီညီပဲ ဖြစ်ပါတယ်။
၁၉၇၆ ခုနှစ်မှာ ဒေါက်တာ ညီညီက “တက္ကသိုလ်ပညာရေး မြန်မာလိုသင်မည်” ဆိုတဲ့ ဆောင်းပါးတပုဒ် ရေးသား ခဲ့တယ်။ ဆောင်းပါးကတော့ ပုဂံတိုက်ထုတ် “စနစ်သစ်ပညာရေး” ဆိုတဲ့ စာအုပ်မှာ ပါတာပါ။ ထိုနှစ်ပိုင်းတွေက ထွက်ရှိတဲ့ စာအုပ်တွေရဲ့ ထုံးစံအတိုင်း အဲဒီစာအုပ်ဟာလည်း လက်ဝဲအငွေ့အသက်တွေ ပျံ့လွင့်လို့ နေပါတယ်။ အဆိုပါ ဆောင်းပါးထဲမှာ ပါဝင်တဲ့ ဒေါက်တာ ညီညီဆိုလိုတဲ့ အကြောင်းအရာတွေကို ခြုံငုံတင်ပြရမယ်ဆိုရင်အင်္ဂ လိပ်တွေဟာ မြန်မာနိုင်ငံသားတို့ရဲ့ ဇာတိသွေး၊ ဇာတိမာန် တက်ကြွမလာအောင် ချိုးနှိမ်ထားလိုတဲ့အတွက်တက္က သိုလ်မှာ အင်္ဂလိပ်လို သင်ကြားစေခဲ့ခြင်း ဖြစ်တယ်။ တက္ကသိုလ်ပညာရပ်တွေကို မြန်မာဘာသာနဲ့ သင် ကြားမယ် ဆိုရင် မြန်မာတို့အနေနဲ့ အဆင့်မြင့် ပညာရပ်တွေကို ပိုမိုနားလည်လိမ့်မယ်လို့ ယူဆကြောင်း ရေးသားခဲ့ပါတယ်။