လွတ်လပ်တဲ့ အာရှအသံ
2019-06-17
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို ၂၀၁၈ သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Dibyangshu SARKAR / AFP
ရိုဟင်ဂျာတွေရခိုင်ပြည်နယ်ကို ပြန်လာနိုင်ရေးအတွက် လိုအပ်တဲ့ အခြေအနေတွေ စီစဉ်ပေးဖို့ မြန်မာ အစိုး ရမှာ တာဝန်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖိနှိပ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးရောက်ရှိနေသူတွေ မြန်မာ ပြည်ပန်လာနိုင်ဖို့အတွက် စိစစ်မှုတွေ လျှော့ပေါ့ပေးဖို့ လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန အရာရှိတဦးက ပြောပါတယ်။
