VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၅ စက်တင်ဘာ၊ ၂၀၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသအနီး လယ်ကွင်းတွေထဲ မြန်မာဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ် (နိုင်ဝင်ဘာ ၂၊ ၂၀၁၇)
မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာတွေကို စစ်တပ်က ရှင်းလင်းသုတ်သင်ရာမှာ Facebook ရဲ့ တာဝန်မကင်းခဲ့ တာကြောင့် မိခင်ကုမ္ပဏီဖြစ်တဲ့ META က နစ်နာကြေး အမြန်ဆုံးပေးဖို့ နိုင်ငံတကာ လူ့အခွင့်ရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ကတောင်းဆိုလိုက်ပါတယ်။
သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ် မြေရှင်းလင်းတဲ့ စစ်ဆင်ရေး ၆ နှစ်ပြည့်ချိန်အထိ နစ်နာမှုတွေအတွက် တာဝန်ယူမှု မရှိသေးဘူးလို့လည်း ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။