" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label နစက. Show all posts
Showing posts with label နစက. Show all posts

Tuesday, November 15, 2022

ဘူးသီးတောင်၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး လက်ပစ်ဗုံး ဖောက်ခွဲပြီး သတ်သေ

DVB
15 November, 2022 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ (၈) တပ်ဖွဲ့ဝင်တယောက်ဟာ နိုဝင်ဘာ ၁၄ ရက် မနက် ၁၀ နာရီလောက်က လက်ပစ်ဗုံးဖောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ရဲတပ်ရင်းနှင့်နီး စပ်သူတွေဆီက သိရပါတယ်။

"မနေ့က မနက်ပိုင်းမှာဖြစ်သွားတာ လို့သိရတယ်။ လက်ပစ်ဗုံးဖောက်ပြီး သတ်သေသွားတာတဲ့။ သေဆုံးတာ တ ယောက်တည်း၊ နောက်ထပ်တပ်ဖွဲ့ဝင်တွေ မပါဘူးလို့ သိရတယ်။ ဘယ်လိုဖြစ်သွားလဲတော့ မသိဘူး။ သူက အ ရက် သေစာလည်း မသောက်စားတတ်ဘူး။ လူနဲ့လည်း ရန်ဖြစ်တာမရှိဘူး” လို့ အမည်မဖော်လိုတဲ့ရဲအရာရှိတဦး က အတည်ပြုပြောပါတယ်။

Monday, October 10, 2022

မောင်တောမြို့နယ် မြောက်ပိုင်း နယ်ခြားစောင့် စခန်းကို AA အဖွဲ့က သိမ်းပိုက်လိုက်ပါတယ်။

RFA
Radio Free Asia
2022.10.10
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အချို့၊
Photo: RFA

မောင်တောမြို့နယ် မြောက်ပိုင်းရှိ လော်ရာ နယ်ခြားစောင့် စခန်းကို ရက္ခိုင့်တပ်မတော် (AA) က အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မောင်တော နယ်မြေ (၄) စစ်ကောင်စီ စခန်းမှ ပစ်ခတ် သည့် လက်နက်ကြီး တစ်စီး နံနက် ၄ နာရီ ခွဲခန့် က Kurhali ကျေးရွာ အတွင်းသို့ ကျရောက် သဖြင့် အသက် ၃၇ နှစ်အရွယ် Sira Zawdin မှာ ပွဲချင်းပြီး သေဆုံး ခဲ့ကြောင်း Arakan Express News၊ .

မောင်တောတွင် စစ်တပ် နယ်ခြားစောင့်စခန်းတစ်ခုကို AA ထပ်မံသိမ်းရမိပြီး ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃၀ သေ ဆုံး၊ ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

Khit Thit Media
ရန်ကုန်၊ အောက်တိုဘာ ၁၀
 

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီ၏ နယ်ခြားစောင့် စခန်းတစ်ခုဖြစ်သည့် လိပ်ရစခန်းကို ရက္ခိုင့်တပ်တော်မှ ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့မနက်အာရုဏ်ပိုင်းအချိန်၌ သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် AA အတည်ပြုပြောဆိုသည်။

ရခိုင်သတင်းရင်းမြစ်များ၏ အဆိုအရ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၃၀ ဦးသေဆုံးပြီး ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း၊ AA တပ်တော်မှ ကျဆုံးမှု တချို့ရှိကြောင်း သိရှိရသည်။ AA တပ်တော်ဘက်မှ စစ်ကောင်စီတပ်၏ သေဆုံးမှု ထိခိုက်မှုနှင့်ပတ်သက်၍ တရားဝင် အတည်ပြုချက် မရရှိသေးပေ။
 

Monday, August 22, 2022

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အထူးကိုယ် စားလှယ် နိုလင်းဟေဇာတို့ ဆွေးနွေးချက် အပြည့်အစုံကို နစက သတင်းထုတ်ပြန်

Published: 19 August 2022

နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ် စားလှယ် နိုလင်းဟေဇာတို့ရဲ့ ဆွေးနွေးချက် အပြည့်အစုံကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဩဂုတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အထူးကိုယ်စားလှယ်ရုံးရဲ့ထုတ်ပြန်ချက်ဟာ တစ်ဖက်သတ်ဖြစ်ပြီး အထင်အမြင်လွဲမှားမှုတွေဖြစ်စေခဲ့တဲ့အတွက် ယခုလို အပြည့်အဝထုတ်ပြန်ပေးရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အပြည့်အစုံကို အောက်မှာ ပြန်လည်ဖော်ပြပေးအပ်ပါတယ်။

Sunday, July 4, 2021

ရခိုင်တို့အတွက် AA လား၊ နစကလား၊ NUG လား

ဖက်ဒရယ်ဂျာနယ်
20 ဇွန်လ 2021
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က NLD အစိုးရထံမှ အာဏာသိမ်းယူအပြီး မြန်မာနိုင်ငံ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)အစိုးရအဖြစ်ဖြင့် အုပ်ချုပ်လျက်ရှိနေသည်။ယင်းသို့အုပ်ချုပ်နေ သည် မှာ ၂ လခွဲကြာမြင့်လာပြီးနောက် နစကအစိုးရနှင့် စင်ပြိုင်အစိုးရတစ်ရပ် မြန်မာနိုင်ငံတွင် ပေါ်ပေါက် လာခဲ့သည်။

Sunday, October 9, 2016

( 09.10.2016 ) ရခိုင် တိုက်ခိုက် ခံရမှု ၁၇ ဦးသေ

ရခိုင်တိုက်ခိုက်ခံရမှု ၁၇ ဦးသေ


ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်အပါအဝင် ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက နယ်ခြားစောင့်ရဲ နယ်မြေရုံးတွေ အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရပြီး လက်နက်တွေ လုယူခံရတယ်လို့ အစိုးရက အတည်ပြုပြောကြားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */