" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label နိုင်ငံသားအခွင့်အရေး. Show all posts
Showing posts with label နိုင်ငံသားအခွင့်အရေး. Show all posts

Wednesday, February 7, 2024

‘‘ရိုဟင်ဂျာ၊ ဘင်္ဂါလီ၊ ... ဘယ်လိုပဲခေါ်ခေါ် ရခိုင်ပြည်သားတစ်ယောက်ဆိုရင် နိုင်ငံသားအခွင့်အရေးက ရရမှာပဲ’’ – AA စစ်ဦးစီးချုပ်

BBC
၀၆ ဖေဖော်ဝါရီ၊ ၂၀၂၄ 

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုးက မေးမြန်းထားပါတယ်။


ဘီဘီစီ - ရခိုင်က တရုတ်တစ်ခုတည်းအတွက် ပထဝီအရ ဗျူဟာမြောက်ရုံတင်မက အိန္ဒိယရဲ့ မဟာဗျူဟာမြောက်ကုလားတန်စီမံကိန်းလိုဟာမျိုးတွေ ရှိတယ်။ ငါးဖမ်းလုပ်ငန်းတွေ၊ ပင်လယ်ခရီးသွား၊ ကူးသန်းရောင်းဝယ်ရေးလမ်း ကြောင်းတွေ အင်မတန်မှကို အလားအလာ ကောင်းတဲ့ ဒေသဆိုတော့ အဲဒီဒေသကို ရက္ခိုင့်တပ်တော်အနေနဲ့ဒါမှမဟုတ်လည်း ULA အနေနဲ့ ဦးစီးဦးဆောင် ကမကထလုပ်ပြီး စီမံခန့်ခွဲဖို့ရာ အုပ်ချုပ်ရေးပိုင်းမှာကောလုံလောက်တဲ့ စွမ်းရည်မျိုးတွေ ဖြည့်ဆည်းထားနိုင်ပြီလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်လို့ ယုံကြည်လား။

Sunday, May 7, 2023

နိုင်ငံသားအခွင့်အရေး မရရင် နေရပ်ပြန်ဖို့ မဖြစ်နိုင်ဘူးလို့ ရိုဟင်ဂျာတွေ ပြော

RFA
2023.05.06
ဘင်္ဂလားဒေ့ရှ်စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာဝန်ရှိသူများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့က မောင်တောမြို့တွင် တွေ့ရစဉ်။ U MG MG Tin

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ စစ်ကောင်စီက ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ပြင်ဆင်ထားတဲ့အခြေအနေတွေကို သွားရောက်လေ့လာခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက သူတို့ တောင်းဆိုထားတဲ့ နိုင်ငံသားအခွင့်အရေးတွေရဖို့၊ ရိုဟင်ဂျာ လူမျိုးအဖြစ် အသိအမှတ်ပြုဖို့နဲ့ မူရင်းနေရပ်က ကျေးရွာတွေမှာ ပြန်လည်အခြေချခွင့်ရဖို့ ကတိကဝတ် တွေ မရရင် နေရပ်ပြန်ဖို့ မဖြစ်နိုင်ဘူးလို့ RFA ရဲ့ ညီနောင် သတင်းဌာန Benar News ကို ပြောကြားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */