Showing posts with label တပ်မတော်ပြန်ကြားရေး. Show all posts
Showing posts with label တပ်မတော်ပြန်ကြားရေး. Show all posts

Monday, March 25, 2019

လေးလတာ အပစ်ရပ်မှုအချိန်ကာလ လုံလောက်ပြီဟု တပ်မတော် ပြော

 မဇ္ဈိမ
By အောင်မြတ်သူ
25 March 2019
 
 

 နေပြည်တော်၊ မတ် ၂၅ ရက် ။ ။ စစ်တိုင်းကြီး ၅ တိုင်းတွင် ပစ်ခတ်မှုရပ်စဲထားမှုသည် လာမည့် ဧပြီ ၂၁ ရက် တွင် ပြည့်တော့မည် ဖြစ်ရာ ငြိမ်းချမ်းရေးဆောင်ရွက်ရန်အတွက် လုံလောက်သည့်အချိန် ဖြစ်သည်ဟု တပ် မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။

အေအေက အိမ်နီးချင်းနိုင်ငံလုပ် လက်နက်အသစ်များ အသုံးပြုနေဟု တပ်မတော်ရှင်းလင်း

DVB
By ဒီဗွီဘီ
25 March 2019

ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာ အေအေလက်နက်ကိုင်အဖွဲ့ အသုံးပြုနေတဲ့ လက်နက်ခဲ ယမ်းတွေဟာ အား လုံးနီးပါးအသစ်တွေဖြစ်ပြီး အိမ်နီးချင်းနိုင်ငံက ထုတ်တာဖြစ်တယ်လို့ တပ်တော်က ပြောကြား လိုက် ပါ တယ်။

Sunday, March 24, 2019

ရခိုင်ပြည်နယ် မြို့၊ ကျေးရွာများတွင် အေအေအဖွဲ့ကို လက်မခံရန် တပ်မတော် သတင်းထုတ်

DVB
By ဒီဗွီဘီ
23 March 2019
ရခိုင်ပြည်နယ်အတွင်း မြို့၊ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ အေအေအဖွဲ့ကို လက်မခံဖို့နဲ့ ရွာထဲဝင်လာပါက အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို သတင်းပေးပို့ဖို့ တပ်မတော်က မတ်လ ၂၂ ရက်နေ့မှာ သတင်းထုတ် ပြန် လိုက်ပါတယ်။
အေအေအဖွဲ့က ရပ်ကွက်နဲ့ကျေးရွာတွေကို အကာကွယ်ယူပြီး တပ်မတော်စစ်ကြောင်းတွေကိုချောင်းမြောင်း တိုက်ခိုက်တာကြောင့် မလွဲမရှောင်သာ ပြန်လည်ခုခံရတဲ့အတွက် မလိုလားအပ်တဲ့ ထိခိုင်ဆုံးရှုံးမှုတွေ ရှိ လာနိုင်တယ်လို့ ဆိုထားပါတယ်။

Saturday, February 23, 2019

လက်နက်ကိုင်အဖွဲ့တွေမရှိမှ တပ်မတော်က နိုင်ငံရေး ကနေ ထွက်သွားမည်

RFA  
လွတ်လပ်တဲ့ အာရှအသံ
2019-02-23
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် စိုးနိုင်ဦး ကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်

 
လက်နက်ကိုင်အဖွဲ့အစည်းတွေ မရှိတဲ့ အချိန်မှသာ တပ်မတော်ဟာ နိုင်ငံရေးကနေ ထွက်ခွာသွား မှာဖြစ် ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးက ပြောလိုက်ပါတယ်။

ရက္ခိုင့်တပ်မတော် အမာခံနယ်မြေ တည်ဆောက် တာကို မြန်မာ့တပ်မတော်လက်ခံမှာ မဟုတ်


VOA
ဗွီအိုအေ (မြန်မာဌာန)၊ 
ကိုမိုးဇော် 
23 ဖေဖော်ဝါရီ၊ 2019 
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အပစ်ရပ် ၂ လ တာကာလ သတင်းစာရှင်းလင်းပွဲ။ ဝဲမှယာ - ဗိုလ်ချုပ် ထွန်းထွန်းညီ၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၉)

 တပ်မတော်က စစ်တိုင်းဌာနချုပ်နယ်မြေ ၅ ခုမှ အပစ်ရပ်ကာလသတ်မှတ်ပြီးနောက် ၂ လ တာကာလအ တွင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသားတပ်တွေ အကြားတိုက်ပွဲတွေ လျော့ကျ ခဲ့ကြောင်း နဲ့ AA ရက္ခိုင်တပ် မတော်အနေနဲ့ အမာခံနယ်မြေတည်ဆောက်တာကို လက်ခံ မှာ မဟုတ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက် ပါတယ်။ တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်းမှာ NSCN-K နာဂတပ် ဖွဲ့ ဌာနချုပ် ဒေသမှာ စစ်ရေးဆောင်ရွက်တာတွေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေး ကိစ္စတွေကို ထည့်သွင်းရှင်းလင်းပါတယ်။ ဒီသတင်းကိုတော့ ရန်ကုန်မြို့ အခြေစိုက် ဗွီအိုအေမြန် မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */