Showing posts with label ပစ်သတ်. Show all posts
Showing posts with label ပစ်သတ်. Show all posts

Sunday, September 4, 2022

စစ်တွေမှာ မွတ်ဆလင်လူငယ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

 B B C 

ဘီဘီစီမြန်မာပိုင်း
၂၀၂၂ စက်တင်္ဘာလ ၉ ရက်

စစ်တွေ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဓါးပိုင်ကျေးရွာကမွတ်ဆလင် လူငယ်တစ်ဦး ဟာ ဒီကနေ့ စက်တင်ဘာ ၄ ရက် မနက်ပိုင်းက ရဲကင်းဘက်ပစ်ခတ်လိုက်တာကြောင့် သေနတ်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေပြော ပါ တယ်။

သေဆုံးတဲ့လူငယ်ဟာ ဓါးပိုင်ကျေးရွာ အကွက်၄ က အသက် ၂၀ အရွယ် မောင်ဇော်မီရ်ဟူစောန်ဆိုသူဖြစ်ပြီး ဘုမေကျေးရွာကို ဆိုင်ကယ်နဲ့သွားစဥ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။ ဒေသခံတွေအပြော အရ ခေါ်ယူစစ်ဆေးချိန် ပစ်ခတ်ခံရတာလို့ပြောကြသလို ဘုမေကျေးရွာမှာရှိတဲ့ အမှတ် ၃၆ ရဲတပ်ရင်းက ဖြစ် တယ်လို့ပြောကြပါတယ်။

Friday, October 1, 2021

ထင်ရှားတဲ့ ရိုဟင်ဂျာ ခေါင်းဆောင် ပစ်သတ်ခံရခြင်းက ARSA လက်ချက်လို့ မိသားစုဝင် ပြော

Mzziama
By AFP
01 October 2021

Photo - AFP 

ရိုဟင်ဂျာ အသိုင်းအဝန်း ခေါင်းဆောင် မိုဟစ် အူလာရှ်ဟာ သူရဲ့ ထင်ရှားကျော်ကြားမှုနဲ့ လူ့အခွင့်အရေး လှုပ် ရှားမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခုမှာ စစ်သွေးကြွတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ ဖြစ် တယ်ဆိုပြီး ညီဖြစ်သူက ကြာသပတေးနေ့မှာ ပြစ်တင်ပြောဆိုပါတယ်။

Tuesday, June 9, 2020

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ အရပ်သားနှစ် ဦး ပစ်ခတ်ခံရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
2020-06-09


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ဘက်ပိုင်း အပေါက်ဝကျေးရွာမှာ ဇွန် ၈ ရက် မနေ့ညနေပိုင်းက တပ်မ တော်စစ်ကြောင်းတစ်ခု ရွာထဲကိုဝင်လာပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ အသက် ၃၄ နှစ်အရွယ် ရွာသား ဦးမောင်လှကျော် ဆိုသူ ကျည်ထိမှန်ခဲ့ပါတယ်။ ကျေးရွာတိုက်နယ်ဆေးရုံကနေ အိမ်ပြန်လာရာမှာ အဲဒီ စစ်ကြောင်း နဲ့ တိုးမိရာကနေ ပစ်ခတ်ခံရတာလို့ ကာယကံရှင်ဖြစ်တဲ့ ဦးမောင်လှကျော်က RFA ကိုပြောပါတယ်။

Saturday, September 14, 2019

ဘင်္ဂလား ဒုက္ခသည်စခန်းအနီး ရိုဟင်ဂျာ ၂ ဦး ပစ်သတ် ခံရ

VOA
 ဗွီအိုအေ (မြန်မာဌာန)
14 စက်တင်ဘာ၊ 2019 

ဘင်္ဂလားဒေ့ရှ် အာဏာရပါတီက တာဝန်ရှိသူတစ်ဦးလုပ်ကြံသတ်ဖြတ်ခံ ရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်း နယ်စပ်မြို့မှာ ရဲတပ်ဖွဲ့က နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည် ၂ ဦးကို သောကြာနေ့က ပစ်ခတ်သတ် ဖြတ်ခဲ့ပါတယ်။ 

Sunday, June 23, 2019

ဘူးသီးတောင်မြို့နယ် ဂုပ္ပီတွင် ခမီလူမျိုးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

နိရဉ္စရာ
23 Jun, 2019
သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၂၃/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂုပ္ပီကျေးရွာတွင် ဈေးဆိုင်သည် ခမီးလူမျိုးတစ်ဦး သေနတ်ဖြင့် ပစ် သတ် ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

Saturday, May 4, 2019

စေတီတောင် ဒေသခံတစ်ဦး သဗ္ဗာန်လှေနဲ့ ထင်း သယ်သွားစဉ် ပစ်ခတ်ခံရ

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-05-04
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ စေတီတောင်ရွာသား ဦးခင်မောင် ကို ၂ဝ၁၉ ခုနှစ် မေလ ၃ ရက်နေ့က စစ်တွေဆေးရုံမှာ တွေ့ရစဉ် Photo: RFA


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာကနေ စည်တောင်ကျေးရွာဘက်ကို မနေ့ကနေ့ လယ်ပိုင်းမှာ စက်တပ်သဗ္ဗာန်လှေနဲ့ ထင်းတင်ဖို့သွားတဲ့ အသက် ၅၄ အရွယ် ဦးခင်မောင်ဟာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ဝဲဘက်ခါးအထက်ပိုင်းမှာ ကျည်ထိမှန်သွားပြီး စစ်တွေဆေးရုံကြီးကို မနေ့ညနေက အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။

Thursday, April 4, 2019

ဘူးသီးတောင်မှ အရပ်သားအများအပြား ပစ်ခတ်ခံရ

Myanmar Now
By အောင်ငြိမ်းချမ်း
4/04/2019

 
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ပစ်ခတ်ခံရသည့် အရပ်သားတစ်ဦး မြို့နယ်ဆေးရုံတွင် ကုသမှု ခံယူနေစဉ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ဧပြီ ၃ ရက်နေ့က ရဟတ် ယာဉ်ပေါ်မှ ပစ်ခတ်မှုကြောင့် ဒေသခံ ၁၃ ဦးထက် မနည်း ဒဏ်ရာရပြီး သေဆုံးသူ တချို့ ရှိသည်ဟု ဒေသခံများကို ကိုးကားပြီး အမျိုးသား လွှတ်တော်အမတ် ဦးမောင်ကျော်ဇံက ယနေ့ ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားစဉ် ကျည်ဆံထိမှန်သူတို့သည် စိုင်းဒင်ချောင်းအနီး ဝါးခုတ်နေကြသူများ ဖြစ်သည်ဟု ဆိုသည်။

ရေချမ်းပြင်၊ သပြုချောင်း၊ သင်းတောင် စသည့် ရွာများမှ သေဆုံးသူ ၅ ဦးထက် မနည်း ရှိသည်ဟု ရေချမ်းပြင်ရွာ အုပ်ချုပ်ရေးမှူး ဂျီရာလ်မန်ထံမှ သိရ ကြောင်း ဦးမောင်ကျော်ဇံက ပြောသည်။

Sunday, March 24, 2019

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ တိမ်ညိုစခန်းမှူး သေဆုံး

DVB
By ဒီဗွီဘီ
24 March 2019

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းမှူးဟာ မတ်လ ၂၃ ရက်နေ့ ည ၇ နာရီဝန်းကျင်က ထမင်း ဆိုင်တခုမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

Friday, March 22, 2019

ဘူးသီးတောင်မြို့နယ်အတွင်း ပစ်ခတ်မှု အရပ်သား ၅ ဦးသေဆုံး ၂၀ ကျော်ဒဏ်ရာရ

VOA 
ဗွီအိုအေ (မြန်မာဌာန)  
ကိုနိုင်ကွန်းအိန်
22 မတ်၊ 2019 
  ကျောက်တော်မြို့နယ်အစပ်ရှိ ဝါးတောင် စစ်ရှောင်ဒုက္ခသည်စခန်း
 
  မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA အဖွဲ့တို့အကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်မြို့နယ် စည်တောင်ရွာအတွင်းမှာ မတ်လ (၂၁) ရက် ကြာသပတေးညက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ခံရမှုကြောင့် ရွာသား(၅)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို လူဦးရေ (၄၀၀)ကျော် စစ်ဘေး တိမ်းရှောင်နေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Monday, February 25, 2019

မင်းဖူးကျေးရွာပစ်ခတ်မှု နောက်ဆက်တွဲ …

RFA
လွတ်လပ်တဲ့အာရှအသံ
2019.02.22
 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာမှာ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မနက်ပိုင်းက ပစ်ခတ်မှုတွေအတွင်း ရွာခံအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။
 
မင်းဖူးကျေးရွာမှာ အဲဒီနေ့က ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုမင်းသိန်းအောင်က သွားရောက်မေးမြန်းပြီး တင်ပြထားပါတယ်။

Friday, February 22, 2019

အာဆာ ခေါင်းဆောင်တဦး ပစ်ခတ်မှုအတွင်း သေဆုံး ဟုဆို

ဧရာဝတီ
By Muktadir Rashid
22 February 2019

၂၀၁၇ခုနှစ် မတ်လက နရူးလ် အလမ် ကို ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့က ကော့ဘဇားတွင် ဖမ်းစဉ်(RAB))

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့ (ARSA) ခေါင်းဆောင်တဦးဖြစ်သည့် နရူးလ် အလမ်(ခ) ဟာရ ကာအယ်ယာကင် သည် ဘင်္ဂလားဒေ့ရှ် အ ထူးတပ်ဖွဲ့ (Rapid Action Battalion) နှင့် ကော့ဘဇားခရိုင် တက္က နပ်တွင် သောကြာနေ က အပြန်အလှန် ပစ် ခတ်မှု၌ သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ် အထူးတပ် ဖွဲ့က ပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */