ဝေမိုး | Click here for the English language version of this article.Cite as: ဝေမိုး၊ (၂၀၂၁)၊
Tuesday, January 24, 2023
ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းစစ်ဘောင်ချဲ့မှုများ
စစ်ကောင်စီရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေအတွက် ဂျာမနီနိုင်ငံကို တိုင်ကြားစာအသစ်တင်သွင်း
B B C
ဘီဘီစီမြန်မာပိုင်း
၂၄ ဇန္နဝါရီ ၂၀၂၃စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံ၊ တာဝန်ယူစေဖို့ တိုင်ကြားသူ ၁၆ ယောက်နဲ့ လူ့အခွင့် အ ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Fortify Right တို့က နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို အသုံးပြုပြီး တောင်းဆိုခဲ့တယ်လို့ Fortify Right က ဒီနေ့ ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
စာမျက်နှာ ၂၁၅ မျက်နှာပါ တိုင်ကြားချက်နဲ့အတူ စာမျက်နှာ ၁၀၀၀ ကျော်ပါတဲ့ နောက်ဆက်တွဲစာရွက်စာတမ်း တွေကို ဂျာမနီနိုင်ငံ ပြည်ထောင်စုအစိုးရရှေ့နေဆီ ဇန်နဝါရီ ၂၀ ရက်မှာ တိုင်ကြားခဲ့ကြတာပါ။Friday, January 13, 2023
အကူအညီတွေ လိုအပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ
VOA
VOA Policy
January 09, 2023
Thursday, January 12, 2023
မြန်မာစစ်အာဏာသိမ်းပြီးနောက် ရက်စက်ကြမ်းကြုတ်မှု များ ပိုမိုများပြားလာ
HUMAN RIGHTS WATCH
January 12, 2023
အာဆီယံနိုင်ငံများအနေဖြင့် စစ်အစိုးရအပေါ် ပြင်းထန်သော အရေးယူပိတ်ဆို့မှုများ ချမှတ်သင့်
.png)
(ဂျကာတာ) – ၂၀၂၁၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်အစိုးရသည် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် တာဝန်ရှိသည်ဟု HRW က ယနေ့ ထုတ်ပြန်သည့် ‘ကမ္ဘာ့အစီရင်ခံစာ ၂၀၂၃’ တွင် ဖော်ပြထားသည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ဥပဒေမဲ့ဖမ်းဆီးထိန်း သိမ်း မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် အရပ်သားများအပေါ် တိုက်ခိုက်မှုများကို လုံခြုံရေးတပ်ဖွဲ့များက ကျူးလွန်ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး အကျပ်အတည်းကြားတွင် အန္တရာယ်နှင့်ရင်ဆိုင်နေရသော ပြည်သူ များသို့ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းကို စစ်အစိုးရမှ ပြင်းထန်စွာ ဟန့်တားခဲ့သည်။
Wednesday, January 11, 2023
လက်နက်ပွဲစားထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီး နင်းဖမ်းဆီးချိန် မင်းအောင်လှိုင် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု များကိုလည်းသိမ်းဆည်းရမိ
၂၀၂၃ ခုဇန္နဝါရီလ ၁၁ ရက်။
.png)
မြန်မာခရိုနီ စစ်လက်နက်ပွဲစားထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးချိန်တွင် အကြမ်: ဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း Justice For Myanmar က ယနေ့ထုတ်ပြန်သည်။
ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ချိမှုနှင့် လက်နက်ပွဲစားထွန်းမင်းလတ်ကို စီးနင်းဖမ်းဆီးချိန်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် တန်ဖိုးကြီးကွန်ဒိုတစ် ခန်း၏ ပိုင်ဆိုင်မှုအထောက်အထားနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်၏ ဘဏ်စာအုပ်များကို တစ်ပါတည်း တွေ့ရှိ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
Monday, January 9, 2023
မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ ဆက်တိုက်ဖမ်းဆီးခံနေရ မှု စိုးရိမ်ဖွယ်ရှိ
ဗွီအိုအေမြန်မာပိုင်း
ဆုမွန်
၀၈ ဇန္နဝါရီ၊ ၂၀၂၃
Sunday, December 25, 2022
စက်လှေနစ်ပြီး ရေကူးလာသူ ရိုဟင်ဂျာ တစ်ရာကျော် စစ်ကောင်စီ ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။
စက်လှေနစ်မြုပ်ပြီး ရေကူး၍ ကမ်းပေါ်တက်လာသော ရိုဟင်ဂျာ ၁၁၂ ဦးကို စစ်ကောင်စီ လက်အောက်ခံ တပ် ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ် သူများက ပြောသည်။
ရိုဟင်ဂျာ ကလေး ၁၂ ဦး၊ အမျိုးသမီး ၄၃ ဦး၊ အမျိုးသား ၅၇ ဦး စုစုပေါင်း ၁၁၂ ဦးကို ဧရာဝတီတိုင်း ဘိုကလေး မြို့နယ်အတွင်း ဖမ်းမိထားခြင်း ဖြစ်သည်။
ဒေသခံအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး က “သူတို့စီးလာတဲ့ စက်လှေ နစ်မြုပ်သွားလို့ ကမ်းပေါ်ကူးလာကြတာ။ ဒေ သခံတွေက တွေ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေကို သတင်းပို့ရာကနေ အဖမ်းခံရတာ” ဟု ပြောသည်။
Tuesday, December 20, 2022
Friday, December 9, 2022
ပင်လယ်ထဲကကယ်ထားတဲ့ ရိုဟင်ဂျာတစ်ရာကျော်ကို ပြန်ပို့ ဖို့ စစ်ကောင်စီ စီစဥ်နေ
ဘီဘီစီမြန်မာပိုင်း
2022-12-09ထိုင်းပင်လယ်ပြင်ထဲကနေ ကယ်ဆယ်ထားတဲ့ ရိုဟင်ဂျာ ၁၅၄ ဦးကို ပြန်ပို့ဖို့ စီစဥ်နေတဲ့အကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံက သိရပါတယ်။
လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ လူမှုဝန်ထမ်းနဲ့ကယ်ဆယ်ရေးဌာနတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ရိုဟင်ဂျာတွေ ကို စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။
‘လုပ်ထုံးလုပ်နည်းအရတော့ နယ်ခြားဒေသတွေ နဲ့ ပင်လယ်ပြင်မှာတွေ့တာမျိုးဆိုရင်တော့ မူရင်းနေရာကိုပြန်ပို့ဖို့ များပါတယ်’ လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ဒုက္ခသည်စခန်းတွေကနေ အင်ဒိုနီးရှားနိုင်ငံကိုသွားရောက် ဖို့ထွက်ခွာလာသူတွေဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
Tuesday, December 6, 2022
လှည်းကူးမှာအလောင်းတွေ့တဲ့ရိုဟင်ဂျာတွေဟာစစ်ကောင်စီ က ဖမ်းထားသူတွေဖြစ်တယ်လို့ဆို
Delta News
December 5, 2022
ကားလမ်းဘေးမှာ စွန့်ပစ်ခံထားရတဲ့ ရိုဟင်ဂျာအမျိုးသား (၁၃) ဦးရဲ့ အလောင်းတွေကို ဒီကနေ့မနက် (၇) နာရီဝန်းကျင်က လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ၊ တပင်ရွှေထီးလမ်းဘေးမှာ တွေ့ရှိခဲ့ရတာလို့ဆိုပါတယ်။
လှည်းကူးမြို့နယ်အတွင်းမှာ နိုဝင်ဘာ (၂၈) ရက်က ၁၂ ဘီး ကုန်တင်ယာဉ်တစီးပေါ်လိုက်ပါလာတဲ့ ရိုဟင်ဂျာ (၆၆) ဦးနဲ့ ယာဉ်မောင်းနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ယာဉ်မောင်းနှစ်ဦးအပါအဝင် အမျိုးသား (၅၄) ဦးနဲ့ အမျိုးသမီး (၁၄) ဦးဖမ်းဆီးခံခဲ့ရတာပါ။
Friday, November 11, 2022
လူထု ထောက်ခံမှု မြင့်မားလာမှုနှင့်အတူ အင် အားသိန်းချီ ရှိလာသော PDF၊ LDF ၊ PDT တပ်များက စစ်ကောင်စီ ထိန်း ချုပ်ခဲ့သော နယ်မြေများကို တဖြည်းဖြည်း စိုးမိုးသိမ်း ယူလာပြီ
by ချစ်သဲညှာ
Nov 10, 2022
ဒါပေမယ့် အားလုံးရဲ့ ထင်ကြေးတွေက လွဲမှားခဲ့ပါတယ်။ လူအများထင်သလို စစ်ကောင်စီက PDF တွေကို မနှိမ် နင်းနိုင်ခဲ့ဘဲ လူထောက်ခံမှု ပိုမိုမြင့်တက်လာပြီး PDFတွေရဲ့ အင်အားက ကြီးမားလာနေပါတယ်။
Saturday, November 5, 2022
ဘူးသီးတောင်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက် နက်ကြီးကျည်ထိမှန်၍ ဒေသခံ ၁ ဦးသေဆုံး ၊ အသက် ၅ နှစ် အရွယ်ကလေးငယ်နှင့်အမျိုးသမီးဒဏ်ရာရ
မဇ္စျိမ
05 November 2022
ယနေ့ နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၁၁နာရီ ၂၀ မိနစ်တွင် စစ်ကောင်စီတပ် စကစ(၁၅)မှ ပစ်ခတ်ခဲ့သည့် လက် နက်ကြီးကျည်သည် သရက်ကင်း မနုကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဦးအဘူနော်ဆဲဆိုသူ သေဆုံး ခဲ့ပြီး အသက် ၃၅ နှစ်အ ရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ငါးနှစ်အရွယ် ကလေး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
Wednesday, November 2, 2022
AA သိမ်းပိုက်ထားသည့် လိပ်ရနယ်ခြားစောင့်စခန်းအနီးရှိ ကျေးရွာများကို စစ်ကောင်စီသွားလာခွင့် ပိတ်ထား၍ ဒေသခံ များ အခက် အခဲဖြစ်နေ
မြို့ပေါ်သို့ သွားလာခွင့် ပိတ်ထားခံရသည့် ကျေးရွာများမှာ လိပ်ရကျေးရွာ၊ ကျောက်ချောင်းကျေးရွာ၊ ကျွန်းပေါက် ပြုစုကျေးရွာ၊ ရေတွင်းပြင်ကျေးရွာတို့ဖြစ်ေကြာင်း၊ ယင်းကျေးရွာ လေးရွာတွင် အိမ်ခြေ ၂၀၀ခန့်နှင့် လူဦးရေ ၅၀၀ခန့် ရှိနေကြောင်း နှင့် ကျေးရွာများ၌ ရိုဟင်ဂျာများ အများစုနေထိုင်ကြကြောင်း သိရသည်။
Friday, October 28, 2022
မြန်မာတပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ဘင်္ဂလားဒေ့ရှ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ဂါရဝပြု နှုတ်ဆက်
သောကြာ အောက်တိုဘာ 28 ရက် 2022
ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးနဲ့ ရိုဟင်ဂျာတွေ အမြန်နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွေကို နှစ်ဘက်စလုံးက ဆွေးနွေးပြီး ဖွံ့ဖြိုးတိုးတက်ရေး အလှည့်သစ်တခုမှာ မြန်မာစစ်တပ်က ဘင်္ဂလားဒေ့ရှ် တပ်မတော်နဲ့ ဒါကာမှာ တွေ့ဆုံခဲ့ပါတယ်။
နယ်နိမိတ်ချင်း ထိစပ်နေသော နယ်မြေများတွင် စစ်ဆင်ရေးများ ပြုလုပ်နေချိန်တွင် သတိထားရန် မြန်မာ တပ် မတော်အား ဘင်္ဂလားဒေ့ရှ် တပ်မတော်က သတိပေးထားသည်။
ဘူးသီးတောင် ဂူတာပြင်ကျေးရွာအနီး တိုက်ပွဲအပြင်းအထန် ဖြစ်၊ မူဆလင်လူကြီးတစ်ဦးကျည်စထိမှန်ဒဏ်ရာရ
နိရဉ္စရာ
အောက်တိုဘာ ၂၈/၂၀၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်စာတိုင်နှင့် ဂူတာပြင်ကျေးရွာ နှစ်ရွာအကြားတွင် ရက္ခိုင့်တပ် တော်(AA ) နှင့် မြန်မာ့စစ်ကောင်စီတပ်တို့ ယမန်နေ့ ညနေက ၁ နာရီခန့် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသ ခံမူဆလင်အမျိုးသားတစ်ဦးတွင်လည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။
Thursday, October 27, 2022
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်း၏ ခေါင်းဆောင်မှု မြန်မာပြည်တွင်ကျရှုံး
Dhaka Tribune
အေအက်ဖ်ပီအောက်တိုဘာလ 27 ရက်၊ 2022,
မြန်မာနိုင်ငံသည် စစ်တပ်အာဏာသိမ်းပြီးကတည်းက မငြိမ်မသက်ဖြစ်နေပြီး နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေပါသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က သဘောထားကွဲလွဲမှုတွေကို ဖြိုခွင်းရာမှာ လူပေါင်း ၂၃၀၀ ကျော် သေ ဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ရွာတွေမှာ အဓမ္မကျင့်မှု၊ တရားလက်လွတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေ ပါဝင်ပါတယ်။
Saturday, October 22, 2022
ရိုဟင်ဂျာများပိုင် မြေဧက ၇၀၀ ကျော်ကို တပ်အမည်ပေါက် သိမ်းယူ
စထွန်းအောင်
Published on Oct 22, 2022

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော မြေလှန်မီးရှို့ စစ်ဆင်ရေးများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ သိန်း နှင့် ချီသော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ အသက်လု ထွက်ပြေးခဲ့ရသည်မှာ ပြီးခဲ့သည့်လပိုင်း တွင် ငါးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
နိုင်ငံမဲ့ဘဝဖြင့် ဒုက္ခသည်စခန်းများတွင် နေထိုင်ရင်း လူမှုရေး၊ ပညာရေးနှင့် စီးပွားရေးအခွင့်အလမ်းများဆုံး ရှုံး ကာ အနာဂတ်မရေမရာဖြစ်နေသည့် ရိုဟင်ဂျာများအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုမှာ မြန်မာနိုင်ငံရှိ ၎င်းတို့ပိုင် မြေယာများ ‘တပ်ပိုင်မြေ’ အဖြစ် သိမ်းယူခံလိုက်ရခြင်းပင်ဖြစ်သည်။
Monday, October 10, 2022
Sunday, October 9, 2022
ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်တိုက်ပွဲမှာ စစ်ကောင် စီ ဘက်က အကျအဆုံးရှိပြီး လက်နက်ခဲယမ်းတွေပါ သိမ်း ဆည်းရမိတယ်လို့ အေအေထုတ်ပြန်
B B C
ဘီဘီစီမြန်မာပိုင်းအေအေက ထုတ်ပြန်လာတဲ့ ဖမ်းဆီးရမိလက်နက်များ
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင် (ခမီ)ရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေဘက်က အောက်တိုဘာ ၇ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ကျောက်စာတိုင်ကျေးရွာနဲ့ ၁ ဒသမ ၃ ကီလိုမီတာအကွာမှာ အောက်တိုဘာ ၃ ရက်နေ့ နေ့လယ် ၁ နာရီခွဲကစတင်ပြီး ငါးနာရီခန့်အကြာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြတဲ့တိုက်ပွဲတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၇ ဦးကျဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။ ဒါ့အပြင် အောက်တိုဘာ ၂ ရက် ညနေ ၅ နာရီကျော်မှာလည်း ပလက်ဝမြို့နယ် မြိတ်ဝကျေးရွာရဲ့ အရှေ့ဘက်မှာ မိနစ် ၂၀ ခန့်အကြာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြသလို အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်း ၉ နာရီမှာလည်း ဖရုံချောင်းကျေးရွာအနောက်ဘက်မှာ မိနစ် ၂၀ ခန့်အကြာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။ အခုလအတွင်း စစ်ကောင်စီတပ်တွေနဲ့ အေအေတို့အကြား ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေအတွင်းမှာ နှစ်ဘက်တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေကြပြီး စစ်ကောင်စီဘက်က အထိနာနေတယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
Wednesday, August 31, 2022
ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီတပ်စခန်းကို AA သိမ်း ပိုက်
RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022.08.31
၂ဝ၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က ရခိုင်-ဘင်္ဂလားနယ်စပ် မိုင်တိုင် ၄ဝ အနီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် သိမ်းဆည်းရမိခဲ့သည့် လက်နက်များအား ရက္ခိုင့်တပ်တော် AA ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားစဉ်။ Photo: AA info desk