" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရာအိမ္မွဴး. Show all posts
Showing posts with label ရာအိမ္မွဴး. Show all posts

Sunday, June 2, 2019

ပုဏ္ဏားကျွန်းမှာ တပ်မတော်ကခေါ်သွားတဲ့ ရာအိမ်မှူး နှစ်စ်ယောက် ပြန်လွတ်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-06-02
                                    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အဝင် ဆိုင်းဘုတ် Photo: RFA


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီကျေးရွာသား ရာအိမ်မှူး နှစ်ယောက်ကို မနေ့က တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

Saturday, May 18, 2019

ရွှေပြည်ရွာမှ ရာအိမ်မှူးတစ်ဦးကို တပ်က ခေါ်ယူသွား ၍ မိသားစုများစိုးရိမ်

နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၁၆/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာမှ ရာအိမ်မှူး ဦးသိန်းစောအောင် (၄၅) နှစ်ကို တပ်က ခေါ်ဆောင်သွားသဖြင့် မိသားစုများအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု သူ၏ ဇနီးဖြစ်သူ ဒေါ်မိုးမိုးရီက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“မနေ့က စစ်တပ်တွေ ရွာကို ရောက်လာနေတယ်။ ကျွန်မအိမ်ရှင်လည်း အိမ်မှာရှိပါတယ်။ ကျွန်မတို့က ရွာမှာ ဈေးဆိုင်ကြီးဖွင့်ထားပါတယ်။ ဈေးဆိုင်တွေက ၀န်တွေကို ဆိုင်မှာထားသလို အိမ်အောက်မှာ ထား ပါ တယ်။ ကျွန်မတို့က အနီးအနားက ဆိုင်အသေးလေးတွေကိုလည်း ရောင်းပါတယ်။ သူတို့က ကျွန်မ တို့ အိမ်ကို လာဝိုင်းပါတယ်။ ပီးရင် ဆိုင်ပစ္စည်းတွေကို ကျွန်မတို့ ဈေးဆိုင်အနီးမှာ စုပုံပါတယ်။ ဓာတ်ပုံရိုက် ပါတယ်။ ကျွန်မယောင်္ကျားကိုလည်း ဓာတ်ပုံရိုက်ပါတယ်။ ပီးရင် ညနေ ၅ နာရီကျော်မှာ ကျွန်မယောင်္ကျားကို သူတို့ စခန်းချတဲ့ ဘုန်းကြီးကျောင်းကို ခေါ်သွားပါတယ်။ အခုသူ့ကို ခေါ်သွားတော့ ကျွန်မတို့ အရမ်းစိုး ရိမ်နေရပါတယ်” ဟု ဒေါ်မိုးမိုးရီက ပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */