" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာသံအမတ်ကြီး. Show all posts
Showing posts with label မြန်မာသံအမတ်ကြီး. Show all posts

Thursday, May 6, 2021

ကန်အောက်လွှတ်တော်ကြားနာပွဲ မြန်မာသံအမတ်ကြီး တင်ပြချက် လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကြိုဆို

VOA
05 မေ၊ 2021
အင်ကြင်းနိုင်


မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို အသိအမှတ်ပြုဖို့နဲ့ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီဆီ ငွေကြေးစီးဆင်းမှုတွေကို ချက်ခြင်းရပ်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန်အောက်လွှတ်တော်အမတ်တွေကိုတိုက်တွန်း လိုက်ပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

Link : Here

Friday, February 26, 2021

အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဖို့ ကုလ သမဂ္ဂမှာ မြန်မာသံအမတ်ကြီးပြော

RFA
လွတ်လပ်တဲ့အာရှအသံ
2021-02-26


ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ဖေ‌ဖော်ဝါရီ ၂၆ ရက် ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း NLD အစိုးရကိုသာ ဆက်လက်ကိုယ်စားပြု

VOA
ဗွီအိုအေ (မြန်မာဌာန)
26 ဖေဖော်ဝါရီ၊ 2021

သံအမတ်ကြီး ဦးကျော်မိုးထွန်: 

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီကနေ့ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီ လာခံမှာ NLD အစိုးရကိုသာ ဆက်ပြီး ကိုယ်စားပြုကြောင်း ပြောသွားပါတယ်။ သံအမတ်ကြီးရဲ့ မြန်မာလိုပြော ဆိုချက် အပြည့်အစုံကတော့ -

Tuesday, July 2, 2019

ဒုက္ခသည်တွေ ဌာနေပြန်ရေး မြန်မာသံအမတ်ကြီး တုံပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
02 ဇူလိုင်၊ 2019
အင်ကြင်းနိုင်
  မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း
ရခိုင်ပြည်နယ်မြောက်ပိုင်း ကို ဒုက္ခသည်တွေ နေရပ်ပြန်လာရေး အခြေအနေတွေ ရှင်းပြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီကို မြန်မာကိုယ်စားလှယ် အဖွဲ့ ဇူလိုင်လ အကုန်မှာသွားရောက်ဖို့ ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက မနေ့က ပြောကြားလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */