" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဧည့်စာရင်း. Show all posts
Showing posts with label ဧည့်စာရင်း. Show all posts

Saturday, September 2, 2023

အာဆာအဖွဲ့ ခြေရှုပ်နေသည့် မောင်တောတွင် စစ်ကောင်စီ က ရှောင်တခင် ဧည့်စာရင်းဝင်

Narinjara
ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၃

အာဆာ (ARSA) အကြမ်းဖက်အဖွဲ့ဝင်များ စိမ့်ဝင်လှုပ်ရှားမှုများရှိနေသည့် ရခိုင်ပြည်နယ် အနောက် ဘက်နယ်စပ် မောင်တောမြို့တွင် စစ်ကောင်စီက ရှောင်တခင် ဧည့်စာရင်း ဝင်စစ်မှုများကို ပြုလုပ်နေ သည်ဟု မြို့ခံများက ပြောသည်။

မောင်တောမြို့ပေါ်ရပ်ကွက်များကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များ၊ လဝကဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် အင်အား ၅ဝ ခန့်က ပြီးခဲ့ သည့် သြဂုတ်လ ၂၈ ရက်မှစတင်ကာ ညနေ ၆ နာရီခွဲမှ ည ၁ဝ နာရီခွဲအထိ ရှောင်တခင် စစ်ဆေးနေ ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */