Showing posts with label ရခိုင်ပြဿနာ. Show all posts
Showing posts with label ရခိုင်ပြဿနာ. Show all posts

Thursday, October 22, 2020

ရခိုင်ပြဿနာပြေလည်ရေး အာဆီယံ နဲ့ ပူးပေါင်းဆောင် ရွက်ရန် ကုလအဆင်သင်

VOA

ဗွီအိုအေ (မြန်မာပိုင်း)
22 အောက်တိုဘာ၊ 2020

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres

အာဆီယံ- ကုလသမဂ္ဂ ၀န်ကြီးများအစည်းအဝေးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အောက်တိုဘာ ၂၁ ရက် နေ့စွဲနဲ့ သ၀ဏ်လွှာတစောင်ပေးပို့လိုက်ပါတယ်။

အဲဒီသ၀ဏ်လွှာထဲမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် နဲ့ တခြားနေရာတချိုက ရိုဟင်ဂျာ နဲ့ တခြားလူမှု အသိုင်းအ ၀ိုင်းတွေ အိုးအိမ်စွန့် ထွက်ပြေးတိမ်းရှောင်နေရဆဲ ဆိုးရွားတဲ့ ဒုက္ခတွေရင်ဆိုင်နေရဆဲ ဖြစ်နေတဲ့အတွက် ပြဿနာရဲ့ ကြောင်းရင်းဇစ်မြစ်ကို ဖြေရှင်းဖို့ အပူတပြင်းလိုအပ်နေတယ် လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကဆိုပါတယ်။ ဒုက္ခသည်တွေ လုံလုံခြုံခြုံ ဂုဏ်သိက္ခာရှိရှိ သူတို့ဆန္ဒအလျောက် ပြန်သွားနိုင်မယ့် အခြေအေ နတွေ ဖန်တီးပေးဖို့လိုအပ်တယ်လို့ လဲဆိုပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */