မဇ္ဈိမ
ဧပြီ ၁၆
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေးအေဂျင်စီ ၂၆ ဖွဲ့သည် ဒုက္ခသည်များ၊ နေရပ်စွန့် ခွါထွက်ပြေးသူများ၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများအတွက် COVID-19 ကပ်ရောဂါဆိုင်ရာ သတင်းအ ချက် အလက် များ ရရှိစေရန်နှင့် ကူညီထောက်ပံ့မှုများလုပ်ဆောင်နိုင်ရန်အတွက် ကော့စ်ဘဇား၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် မိုဘိုင်းအင်တာနက်နှင့် ဆယ်သွယ်ရေးအပြည့်အဝရရှိအောင် ဆောင်ရွက်ပေး ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့အား ဒီကနေ့ တိုက်တွန်းလိုက်သည်။
Showing posts with label အင်တာနက်လိုင်း. Show all posts
Showing posts with label အင်တာနက်လိုင်း. Show all posts
Thursday, April 16, 2020
Wednesday, February 5, 2020
အင်တာနက်လိုင်းတွေဖြတ်ခံရပြီးနောက် ရသေ့တောင် တိုက်ပွဲပြင်းထန်ခဲ့
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဇာဏီထွဏ်း
2020-02-05
ရခိုင်ပြည်နယ်က မြို့နယ် ငါးခုမှာ အင်တာနက်လိုင်းတွေ ပြန်ပိတ်ပြီး နောက်ရက် ဖေဖော်ဝါရီ ၄ ရက်မှာ တပ် မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ရသေ့တောင်မြို့နယ်မှာ မနေ့က နေ့လယ်ပိုင်းလောက်ကစပြီး တပ်မတော် ခမရ ၅၃၇ ကနေ ပစ်ခတ်ခဲ့တာ ကြောင့် မညင်းတောင်၊ ကုလားချောင်း၊ ကုန်တန်းကျေးရွာက ဒေသခံတွေက တခြားရွာတွေကို ထွက်ပြေး ခဲ့ရတယ်လို့ ရသေ့တောင်မြို့နယ် ဒေသခံတွေက ပြောပါတယ်။

Wednesday, June 26, 2019
ဒေသတွင်း သတင်းအမှောင်မချဖို့ Yanghee Lee တိုက်တွန်း
မတ်လ ၁၁ ရက် ၂၀၁၉ခုနှစ်က
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ
လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ
တင်သွင်းနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်
ယန်ဟီလီ
ရခိုင်နဲ့ ချင်းပြည်နယ်က ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ မိုဘိုင်းဖုန်း အင်တာနက်သုံးခွင့်ကို မြန်မာအစိုးရက ဖြတ်တောက်လိုက်တာဟာ ဒေသတွင်း သတင်းတွေကို အမှောင်ချလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီက တနင်္လာနေ့က သတိပေးပြောကြား လိုက်ပါတယ်။
မြန်မာအစိုးရက အင်တာနက် ဖြတ်တောက်လိုက်တာဟာ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်လိုက်တာဖြစ်ပြီး လုံးဝမလုပ်သင့်တဲ့ ကိစ္စရပ်ဖြစ်တယ်လို့ နယူးရောက်အခြေစိုက် CPJ သတင်းသမားများ ကာကွယ်ရေး စောင့်ရှာက်ရေးအဖွဲ့ကြီးကလည်း ဝေဖန်ပြောကြားခဲ့ပါတယ်။

Tuesday, June 25, 2019
အင်တာနက်ဖြတ်တောက်တာ သတင်း အမှောင်ချ တာလို့ AA ကြေညာချက်ထုတ်
RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-25
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ကိုးခုမှာ အစိုးရက မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုခွင့် ယာယီ ပိတ်လိုက် တာဟာ တပ်မတော်ရဲ့လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့နဲ့ စစ်ရာဇ၀တ်မှုတွေကို ဖုံးကွယ်ဖို့ အ တွက် ရည်ရွယ်ချက် ရှိရှိနဲ့ ကြိုတင်ပြုလုပ်ထားတာဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က မနေ့က ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-06-25
အင်တာနက်လိုင်း ယာယီဖြတ်တောက်ခံတဲ့ မြောက်ဦးမြို့နယ်က ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို ၂၀၁၉၊ ဇွန် ၂၄ ရက်နေ့က တွေ့ရစဉ်Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ကိုးခုမှာ အစိုးရက မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုခွင့် ယာယီ ပိတ်လိုက် တာဟာ တပ်မတော်ရဲ့လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့နဲ့ စစ်ရာဇ၀တ်မှုတွေကို ဖုံးကွယ်ဖို့ အ တွက် ရည်ရွယ်ချက် ရှိရှိနဲ့ ကြိုတင်ပြုလုပ်ထားတာဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က မနေ့က ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။
Monday, June 24, 2019
အင်တာနက်ပြန်ဖွင့်ပေးဖို့ ပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆိုတင်
RFA
လွတ်လပ်တဲ့ အာရှအသံ2019-06-24
၂၀၁၉ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့ ပြည်ထောင်စုအစိုးရကိုတိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရခိုင်ပြည်နယ် လွှတ်တော် မှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
Saturday, June 22, 2019
တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ အင်တာနက်လိုင်းဖြတ်တောက်
RFA
ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ တယ်လီဖုန်းကတဆင့် အင်တာနက်ဝန်ဆောင်မှုတွေ ရပ် ဆိုင်းထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြန်မာ့ဆက်သွယ်ရေး MPT၊ Telenor၊ Ooredoo နဲ့ Mytel ကုမ္ပဏီတွေက အင်တာနက်ဝန်ဆောင်မှုတွေ အားလုံးက ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-06-22
မြောက်ဦးမြို့နယ်က Telenor နဲ့ အင်တာနက် အသုံးပြုသူတွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ယာယီရပ်ဆိုင်းဖို့ညွှန်ကြားလာတဲ့ မက်ဆေ့ခ်ျကို တွေ့ရစဉ်
Photo credit - Citizen Journalist
Photo credit - Citizen Journalist
ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ တယ်လီဖုန်းကတဆင့် အင်တာနက်ဝန်ဆောင်မှုတွေ ရပ် ဆိုင်းထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြန်မာ့ဆက်သွယ်ရေး MPT၊ Telenor၊ Ooredoo နဲ့ Mytel ကုမ္ပဏီတွေက အင်တာနက်ဝန်ဆောင်မှုတွေ အားလုံးက ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
Subscribe to:
Posts (Atom)