B B C
ဘီဘီစီ မြန်မာပိုင်း29 ဧပြီ 2020
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူမျိုးစု သုတ်သင်ရှင်းလင်းမှုနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုပြီး တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး အဆင့် ရှိသူနဲ့ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ၊ ရဲအရာရှိတွေ အပါအဝင် စုစုပေါင်း ၁၄ ဦးကို စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုကို သက်တမ်းထပ် တိုးလိုက်တယ်လို့ ဗြိတိန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။