မှတ်တမ်းပုံဟောင်း_ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် June 23, 2021 (AP Photo/ Alexander Zemlianichenko, Pool)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဘက်အရာရှိ ၂၀ ကျော်ကို အာဂျင်တီးနား တရားရုံးက နိုင်ငံ တကာ ဖမ်းဝရမ်းထုတ်ခဲ့တဲ့ အကြောင်းအရင်းမှာ ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ကျူး လွန်မှု သက်သေ အခိုင်အမာရှိနေတာကြောင့် ဖြစ်တယ်လို့ အာဂျင်တီးနား လူ့အခွင့်အရေးရှေ့နေက ဗွီအိုအေကို ပြောပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေကို အဓိက ပစ်မှတ်ထား ဖမ်းဝရမ်းထုတ်ခဲ့တဲ့ အာဂျင်တီးနားတရားရုံးအမိန့်နဲ့ ပတ်သက်လို့ ရိုဟင်ဂျာအကျိုးဆောင်ရှေ့နေလည်းဖြစ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ Tomas Quintana ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */
/* PAGINATION CODE ENDS- RONNIE */