Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts

Tuesday, June 23, 2020

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ကပ်ရောဂါ ကူးစက်မှာ စိုးရိမ်မှုတွေတိုး


VOA
ဗွီအိုအေ (မြန်မာဌာန)
23 ဇွန်၊ 2020
ဇော်ထက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox' Bazar ဒေသက ကုတုပလောင်ရိုဟင်ဂျာ ဒုက္ခသည်စခန်းက ဈေးတခုမှာ တွေ့ရတဲ့ မြင်ကွင်း။ (ဇွန် ၀၂၊ ၂၀၂၀)

လူဦးရေ ၁,၀၀၀,၀၀၀ လောက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ COVID-19 ကူး စက် နှုန်း ဟာ စိုးရိမ်ရတဲ့အခြေအနေကို ရောက်နေပြီလို့ ဒုက္ခသည်စခန်းမှာနေထိုင်သူတွေ၊ လူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့တွေက ပြောလိုက်တဲ့အကြောင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော် ထက်က တင်ပြပေးမှာပါ။

Tuesday, May 12, 2020

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း မီးလောင်မှု ဖြစ်ပွား


VOA 
ဗွီအိုအေ (မြန်မာဌာန)
12 မေ၊ 2020
မဆုမွန်
ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း မီးလောင်နေတဲ့ မြင်ကွင်း (ဓာတ်ပုံ - U Eisalam ( U Aye Lwin) မေ ၁၂၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း မီးလောင်မှုသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် မဆုမွန်က ပြောပြပေးပါမယ်။

သိန်းချီတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ကုတုပလောင်ဒုက္ခ သည်စ ခန်း အမှတ်(၁) မှာ ဒီကနေ့ အစောပိုင်းက မီးလောင်မှုဖြစ်ပွားရာမှာ ထိခိုက်ပျက်စီးမှု ကြီးမားတဲ့အကြောင်း ဒုက္ခသည်တွေက ပြောပါတယ်။ မီးလောင်မှုကြောင့် အမျိုးသမီးနဲ့ ကလေးတချို့ ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ အသေအပျောက်တော့ မရှိဘူးလို့လည်း ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ ဦးအီစလံက ပြောပါတယ်။

Tuesday, January 28, 2020

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာကလေးတွေအတွက် ပညာ ရေးအစီအစဉ် စတင်မည်

ရိုဟင်ဂျာကလေးငယ်များ UNICEF က ဖွင့်ထားတဲ့ ကျောင်းတက်ရောက်စဉ် (သြဂုတ်လ ၂၀၁၈) (AP Photo/Altaf Qadri)


ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည် ကလေးတွေကို ပညာသင်ကြားခွင့် ပေးတော့မယ့် အကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာကလေးတွေ ပညာသင်ခွင့်ရစေလိုကြောင်း လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen က AFP သတင်းဌာနကို ပြောဆို ခဲ့တာ ပါ။ 

Saturday, December 28, 2019

ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ် ကို ICG ပြောကြား

RFA 
လွတ်လပ်တဲ့ အာရှအသံ
ခင်မောင်စိုး
2019-12-27 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို ၂၀၁၈ သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Dibyangshu SARKAR / AFP

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ သူတို့နိုင်ငံမှာ လာရောက်ခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် ကန့်သတ် ထိန်းချုပ်မှုတွေ ပိုမိုလုပ်ဆောင်နေတာကို ရပ်ဆိုင်းဖို့ ICG နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့က ဒီဇင်ဘာလ ၂၇ ရက်နေ့စွဲနဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

Tuesday, November 19, 2019

IIMM ရဲ့ဘင်္ဂလား ပထမ ခရီးစဉ်

19 နိုဝင်ဘာ၊ 2019  
ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား IIMM က ပထမဆုံး အကြိမ် အဖြစ်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို သွားရောက်ခဲ့ပြီး အဖွဲ့ရဲ့ လုပ်ငန်းတာဝန်၊ ဒုက္ခသည်တွေရဲ့ စိုးရိမ်မှုနဲ့ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ယန္တရားနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့ ကနေ ၁၄ ရက်နေ့ အထိ သွားရောက်ခဲ့တဲ့ ဘင်္ဂလားဒေရှ့် ခရီးစဉ် ကိုတော့ IIMM အကြီးအကဲ Nicholas Koumjian ဦးဆောင်ပြီး ကောဇ့်ဘဇားက ဒုက္ခသည် အသိုင်းအ၀ိုင်း ကိုယ်စားလှယ် တွေ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ၊ လူမှု အသိုင်းအ၀ိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း ကြေ ညာချက် ထုတ်ပါတယ်။

Friday, October 25, 2019

ဘင်္ဂလားဒေ့ရှ်၌ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့မှုဖြင့် လူ ၁၆ ဦးကို သေဒဏ် ပေး

မြန်မာ့အလင်း
ဒါကာ
အောက်တိုဘာ ၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆယ်ကျော် သက် မိန်းကလေးငယ်တစ်ဦးကို အရှင်လတ်လတ်မီးရှို့ခဲ့သူ ၁၆ ဦးကို သေဒဏ်ပေးလိုက်ကြောင်း သိရ သည်။ အဆိုပါမိန်းကလေးသည် ၎င်း၏ ကျောင်းအုပ်ကြီးအပေါ် လိင် ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုဖြင့် တရားစွဲဆိုထားမှုကို ရုပ်သိမ်းပေးရန် ငြင်းဆန်ခဲ့သည့်အတွက် ထိုသို့မီးရှို့ ခံခဲ့ရခြင်းဖြစ်သည်။

Thursday, March 28, 2019

ဘင်္ဂါလီအရေး ဘင်္ဂလားဒေ့ရှ်၏ အပြုသဘောပူးပေါင်း ဆောင်ရွက်မှု လိုအပ်ဟု တပ်ချုပ်ပြော

ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကအပြုသဘောဆောင်ပူးပေါင်း ဆောင်ရွက်ရန်လို အပ် သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကပြောကြားသည်။

မြန်မာနိုင်ငံသို့ (၆) ကြိမ် မြောက်ခရီးစဉ်အဖြစ်လာရောက် သော ကုလသမဂ္ဂအထွေထွေအ တွင်းရေးမှူးချုပ် ၏ အထူးကိုယ် စားလှယ်မစ္စစ်ခရစ္စတင်းရှယန်နာ ဘာဂီနာကို နေပြည်တော်ရှိဘုရင့် နောင်ရိပ်သာဧည့် ခန်း မဆောင်၌ မတ်လ ၂၆ ရက်က လက်ခံတွေ့ ဆုံစဉ်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယင်းသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

Friday, March 15, 2019

ဖမ်းဆီးဒုက္ခသည်တွေ ပြန်လွှတ်ဖို့ ARSA ကို Fortify Rights တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
15 မတ်၊ 2019
 ရိုဟင်ဂျာ ဒုက္ခသည်များ
ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ အနေနဲ့ သူတို့ဖမ်းထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အမြန်ဆုံးပြန် လွှတ်ပေးဖို့နဲ့ ကျပန်းဖမ်းဆီးတာ နှိပ်စက်ညှင်းပမ်းတာတွေ မလုပ်ဖို့အပြင် အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို အကာကွယ်ပေးဖို့ Fortify Rights လူ့အခွင့်ရေးအဖွဲ့ကြီးက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆို လိုက်ပါတယ်။

Wednesday, March 13, 2019

မြန်မာပူးပေါင်းဆောင်ရွက်မှုမရှိပေမဲ့ အရေးယူနိုင်ဖို့ ICC ကြိုးပမ်းမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်၊ 13 မတ်၊ 2019

 
Director of the Jurisdiction, Complementarity and Cooperation Division of the International Criminal Court, Mr Phakiso Mochochoko, speaks during a press conference in Dhaka on March 11. (AFP)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့တဲ့ ဖိနှိပ်ညှင်းပမ်း မှုတွေအတွက် တာဝန်ရှိသူတွေအနေနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ ICC နိုင်ငံတကာရာဇ၀တ်ခုံရုံး တာ ၀န်ရှိသူက အခိုင်အမာပြောကြားလိုက်ပါတယ်။

Tuesday, February 26, 2019

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၈ ထောင်နီးပါး မြန်မာပြန်လက်ခံမည်


VOA
ဗွီအိုအေ (မြန်မာဌာန)

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်မိသားစု (ဓာတ်ပုံ-ကုလသမဂ္ဂ)

ရခိုင်ပြည်နယ်က မတည်မငြိမ်အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေထဲက ၈ ထောင် လောက်ကို ပြန်လည်လက်ခံဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း မြန်မာအစိုး ရက ပြောဆိုလိုက်ပါတယ်။ စိစစ်ထားတဲ့ လူစာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပေးပို့ထားပြီး အခုအချိန်အထိ တုံ့ပြန်ချက် မရသေးကြောင်းလည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန အကြီးတန်းအရာရှိတဦးက ပြောပါ တယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခ က ပြောပြပေးမှာပါ။

Friday, February 8, 2019

တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ရခိုင်၊ ခမီ လူမျိုးတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး


 2019-02-07


    အစိုးရ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေကို တွေ့ရစဉ်
                                                                                                                                                 Photo: Soe Lin Tun


အစိုးရ တပ်မတော်နဲ့ AA တို့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်က ရခိုင်နဲ့ ခမီ စတဲ့ တိုင်းရင်းသား ဒေသခံ ၁၈၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့အနက် ကလေး ငယ် ၅၀ ခန့် ဖျားနာနေကြပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သိရပါတယ်။

Wednesday, February 6, 2019

ရခိုင်အရေး စိတ်ရင်းမှန်နဲ့ ဖြေရှင်းဖို့ Jolie တိုက် တွန်း


ရခိုင်ပြည်နယ်ထဲမှာဖြစ်နေတဲ့ ရက်စက်မှုတွေအဆုံးသတ်စေဖို့နဲ့ လူမှုအသိုင်း အဝိုင်းအားလုံးရဲ့ အခြေ အနေတိုးတက်စေဖို့ မြန်မာအစိုးရအနေနဲ့ စိတ်ရင်းအမှန်နဲ့ ထိထိရောက်ရောက်ဆောင်ရွက်ဖို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအထူးသံတမန် Angelina Jolie ကတိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ခုလိုအခြေအနေရောက်ရတာက ကြိုတင် ကာကွယ်နိုင်ရက်နဲ့ မကာကွယ်နိုင် ခဲ့ တာကြောင့်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့
တဲ့ Angelina Jolie ကပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ပလက်ဝစစ်ဘေးရှောင် ၂၀၀ ကျော် ဘင်္ဂလား နယ်စပ် တိမ်းရှောင်

ရခိုင်စစ်ရှောင်ဒုက္ခသည်များ (photo-Rakhine Ethnics Congress)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၂၀၀ ကျော် အိုးအိမ်စွန့်ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘက်မှာ စစ်ပြေး တိမ်းရှောင်နေရပါတယ်။ ဒါ့အပြင် ပလက်ဝနဲ့ ကျောက်တော် ကြားဒေသမှာ တိမ်းရှောင်နေ သူတွေလည်း ရှိပါတယ်။ နယ်စပ်ရောက် ဒုက္ခသည်တွေကို AA အဖွဲ့က အကူအညီပေးထားပြီး တခြားအကူအညီတွေ မရသေးဘူးလို့လည်း ဆိုပါ တယ်။ ဒါ့အပြင် ကျောက်တော်
က စစ်ရှောင်တချို့ဟာ မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးခံထားရပြီး စစ်ဆေးခံ နေရ ပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထောက် နိုင်ကွန်းအိန်ကသတင်းပေး ပို့ထားပါတယ်။

Tuesday, February 5, 2019

ကုလသမဂ္ဂမဟာမင်းကြီးရုံးအထူးသံတမန် Angelina Jolie ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်



ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ UNHCR ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ အထူးသံတမန် နံမည်ကြီး ဟောလီဝုဒ် မင်းသမီး Angelina Jolie ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား အနီးက ကုတုပလောင် ဒုက္ခသည်စခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေကို အားပေးစကား ပြောခဲ့ပါ တယ်။ အပြည့်စုံကို မဆုမွန် စုစည်းတင်ပြကြပါတယ်။

လင့်၊ https://burmese.voanews.com/a/unhcr-special-envoy-angelina-jolie-visit-cox-bazar-rohingya-camps/4773322.html

ရိုဟင်ဂျာတွေနိုင်ငံမဲ့မဖြစ်ဖို့ အခွင့်အရေးရှိကြောင်း Angelina Jolie ပြော

၂ဝ၁၈ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင် ကုတုပါလောင် ဒုက္ခသည်စခန်းတွင် ကုလသမဂ္ဂ UNHCR အထူးသံတမန် Angelina Jolie သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။ 

 ရိုဟင်ဂျာဒုက္ခသည်တွေ နိုင်ငံမဲ့ဘဝ မရောက်ဖို့ အခွင့်အရေးအပြည့်အဝ ရှိကြောင်းနဲ့၊ သူတို့ကို နိုင်ငံမဲ့ ဒုက္ခသည်တွေအဖြစ် သဘောထားဆက်ဆံနေတာဟာ မိမိတို့အားလုံး ရှက်စရာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး  Angelina  Jolie က ပြောလိုက်ပါတယ်။

Thursday, January 24, 2019

ရိုဟင်ဂျာတွေထားမယ့်ကျွန်း ယန်ဟီးလီကြည့်ရှု


■ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ရွှေ့ပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားတဲ့ ကျွန်းပေါ်ကို ဒီကနေ့ သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ဘာဆန်ချာလို့ အမည်ရှိတဲ့ အဲဒီကျွန်းဟာ ရွှံ့နွံထူထပ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကမှ ပင်လယ်ထဲက ပေါ်ထွက်လာတဲ့ ကျွန်းဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေရဲ့ ပညာရေး UNICEF ဆောင်ရွက်ပေးနေ



■ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာကလေးငယ် ၁ သိန်း ၄ သောင်း ၅ ထောင်လောက်ဟာ အခုအချိန်မှာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့အကူအညီနဲ့ ပညာသင်ကြားနေကြပြီလို့ သိရပါတယ်။

ဒုက္ခသည်စခန်းတွေထဲမှာ ကျောင်းစာသင်ခန်းပေါင်း ၁၆ဝဝ လောက် တည်ဆောက်ပြီးသွားပြီလို့ ဆိုပါတယ်။

Tuesday, January 22, 2019

မစ္စယန်ဟီးလီ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို တွေ့ရစဉ် 

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဘင်္ဂလားဒေ့ရှ်နိုင် ငံ ကော့ဇ်ဘဇားမြို့က ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒီနေ့ နေ့လယ်ပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။

Monday, January 21, 2019

ကုလ ကိုယ်စားလှယ် နယ်စပ်မျဉ်းရှိ ဒုက္ခသည် တွေ တွေ့ဆုံ

                                            ကုလ ကိုယ်စားလှယ် နယ်စပ်မျဉ်းရှိ ဒုက္ခသည်တွေ တွေ့ဆုံ ( ဓါတ်ပုံ- Zero Line က ဦး ဒီလ်မူဟာမက်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီ လီ ဒီကနေ့ နေ့လည်ပိုင်းမှာတော့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် နယ်နမိတ်မျဉ်းကြား Zero Line ဇုံမှာ ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေအပါအဝင် ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ယမ်ဟီးလီ တို့ နာရီဝက်လောက် တွေ့ဆုံစကားပြောခဲ့ပြီး သူတို့လက်ရှိကြုံနေရတဲ့အခက်အခဲတွေ၊ ရခိုင်မှာကြုံခဲ့ရတဲ့ လူ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် ယန်ဟီးလီက ကုလသမဂ္ဂကို အလေးအနက်ထား အစီရင်ခံ တင် ပြ ပေးပါ့မယ်လို့ ကတိပေးခဲ့တဲ့အကြောင်း ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ နယ်နမိတ်မျဉ်းကြား ခိုလှုံနေသူ ရိုဟင်ဂျာ တွေရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဒီလ်မူဟာမက်က ဗွီအိုအေမြန်မာပိုင်း မဆုမွန်က ဆက်သွယ်စုံစမ်းစဉ် သူက အခုလိုစဖြေပါတယ်။

Sunday, January 20, 2019

ဒုက္ခသည်တွေနဲ့ ကုလအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ တွေ့ဆုံမည်

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသက ဒုက္ခသည်စခန်းမှာ တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ရခိုင်ပြည်နယ် မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့က ဒုက္ခ သည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ လာမယ့် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။ မစ္စယန်ဟီးလီကို ကြိုဆိုဖို့အတွက် ဒီနေ့ကစပြီး ဒုက္ခသည်စခန်းတွေမှာ ပြင်ဆင်နေကြ တယ် လို့ တန်ခါလီ ဒုက္ခသည်စခန်းက ဦးခင်မောင် က ပြောပါတယ်။ လက်ရှိ မြန်မာအစိုးရက မစ္စယန်ဟီးလီကို ပြည်ဝင်ခွင့်ပိတ်ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */