Showing posts with label ရိုဟင်ဂျာအရေး. Show all posts
Showing posts with label ရိုဟင်ဂျာအရေး. Show all posts

Monday, November 4, 2019

ရိုဟင်ဂျာအရေး အာဆီယံလုပ်ဆောင်ချက် ကုလထောက်ခံ

VOA
04 နိုဝင်ဘာ၊ 2019
မသိင်္ဂီထိုက်
အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres. (နိုဝင်ဘာ ၃၊ ၂၀၁၉)

ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေးအတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံဘက်က အထူး လုပ်ငန်းတခု ဖွဲ့စည်းဖို့ ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောဆိုလိုက်ပါ တယ်။ အာဆီယံရဲ့ ပိုပြီး ဆောင်ရွက်လာတဲ့အပေါ်မှာ ကုလသမဂ္ဂဘက်က အပြည့်အ၀ ထောက်ခံကြောင်းနဲ့ ပြဿနာရဲ့ အခြေခံ အကြောင်းရင်းတွေကို ဖြေရှင်းဖို့က မြန်မာရဲ့တာဝန် ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။ ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း တုံ့ပြန်သွား ပါ တယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

Sunday, November 3, 2019

ရိုဟင်ဂျာအရေး ကုလအတွင်းရေးမှူးစိုးရိမ်ချက် အာဆီယံ အစည်းအဝေးတွင်း ဖော်ပြ

VOA 
03 နိုဝင်ဘာ၊ 2019  
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres. (သြဂုတ် ၁၊ ၂၀၁၉)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြရတဲ့ မွတ်စလင်ဒုက္ခသည် ၇ သိန်းကျော်အရေးနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ အင်မတန် စိုးရိမ်ပူပန်မိတယ်လို့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီပဋိပက္ခနဲ့ ပတ်သက်လို့ အရင်းခံအကြောင်းတရားကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ သူတို့တွေ လုံလုံခြုံခြုံ နေရပ်ရင်းပြန်နိုင်ရေး ဆောင်ရွက်သွားဖို့ကိုလည်း ကုလအတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့ပါ တယ်။

အာဆီယံဒေသတွင်း လုပ်ပိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေးအဖွဲ့ ပေါ်လာဖို့ တောင်းဆို

VOA
03 နိုဝင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာဌာန)
အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပသည့်နေရာကို ကင်းလှည့်စောင့်ကျပ်နေသည့် ထိုင်းရဲတပ်ဖွဲ့ဝင်များ။ နိုဝင်ဘာ ၂၊ ၂၀၁၉။

အရှေ့တောင်အာရှဒေသ (ASEAN) မှာ ပိုပြီးတော့ တက်တက်ကြွကြွလုပ်ဆောင်တဲ့ ဒေသတွင်း လူ့အခွင့် အရေးအဖွဲ့တခု ဖွဲ့စည်းဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုကြပါတယ်။

လက်ရှိ အာဆီယံလူ့အခွင့်အရေးကော်မရှင် (AICHR) ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူ့အခွင့် အရေး ချိုး ဖောက် မှုတွေကို စုံစမ်းစစ်ဆေးနိုင်တဲ့ လုပ်ပိုင်ခွင့် မရှိတာကြောင့် ရယ်စရာဖြစ်နေတယ်လို့ လူ့အခွင့်အရေး စောင့် ကြည့် လ့လာရေးအဖွဲ့ (HRW) ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Phil Robertson က နိုဝင်ဘာလ ၂ ရက်၊ စနေနေ့က ဘန်ကောက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

Sunday, October 27, 2019

အရှေ့အာရှ ထိပ်သီးအစည်းအဝေး ထုတ်ပြန်ချက်မူကြမ်း တွင် ဘင်္ဂါလီအရေး ထည့်သွင်းထားခြင်း မရှိဟုဆို

အကုန်သိ
 27 October 2019
        နောက်လ အစောပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်မယ့် အရှေ့အာရှထိပ်သီးအစည်း အ ဝေးအပြီး ထုတ်ပြန်မယ့် အစည်းဝေးထုတ်ပြန်ချက် မူကြမ်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေးခဲ့ရတဲ့ ဘင်္ဂါလီ(မူရင်းအသုံး ရိုဟင်ဂျာ) မွတ်ဆလင်အရေးနဲ့ပတ်သက်ပြီး ဖော်ပြထားခြင်း မရှိကြောင်း ကျိုဒိုသတင်းဌာနက တနင်္ဂနွေနေ့မှာ မြင်တွေ့ခဲ့ရတဲ့ ထုတ်ပြန်ချက်မူကြမ်းမိတ္ထု့တစ်ခုအရ သိ ရတယ်လို့ ဘန်ကောက်ပို့စ်က ရေးသားပါတယ်။ 

Saturday, July 27, 2019

ရိုဟင်ဂျာအရေး အလေးပေး ဆောင်ရွက်နေကြောင်း ပြင်သစ်အစိုးရ လွှတ်တော်ကိုပြောကြား

 ရိုဟင်ဂျာ ဒုက္ခသည်များ (နိုဝင်ဘာ၊ ၂၁၊ ၂၀၁၇)

ရိုဟင်ဂျာ မွတ်ဆလင်လူနည်းစုတွေနဲ့ သက်ဆိုင်တဲ့ အခြေအနေဟာ သိပ်ကို စိုးရိမ်ဖွယ်ရာကောင်းဆဲရှိပြီး ဒါနဲ့ပတ်သက်လို့ ပြင်သစ် အစိုးရဟာ အထူးသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အထွေထွေညီ လာခံ၊ လုံခြုံရေးကောင်စီတို့ အပါအဝင် မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင် ရွက်နေ တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဌာနရဲ့ ဇူလိုင်လ ၂၅ ရက်၊ ကြာသပတေး နေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

Friday, July 19, 2019

ရိုဟင်ဂျာအရေး ICC စုံစမ်းမှုနဲ့ မြန်မာနိုင်ငံ

VOA 
19 ဇူလိုင်၊ 2019
ကိုဇော်ဝင်းလှိုင်



မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ စုံစမ်းစစ် ဆေးမှုတွေ တတ်နိုင်သလောက် ပြုလုပ်နိုင်ဖို့ အခုလို တောင်းဆိုတာလည်း ဖြစ်ပါတယ်။ ရိုဟင်ဂျာ တွေ အပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းခွင့်ပြုရေး ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ICC နိုင်ငံတကာရာဇ၀တ်ခုံရုံးရဲ့ လက် ထောက် တရားလိုရှေ့နေ James Stewart က ပြောပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင် ကတင် ပြထားပါတယ်။

Sunday, June 23, 2019

ရိုဟင်ဂျာပြဿနာနဲ့ အာဆီယံမှာလည်နေတဲ့ မြန်မာ

B B C
ဘီဘီစီ မြန်မာပိုင်း
22 ဇွန် 2019
 ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်လျက်ရှိပါတယ်။

ဇွန်လ ၂၂ ရက်မှာ စတင်ကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးကို လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ASEAN မှာ ရိုဟင်ဂျာအရေး ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
23 ဇွန်၊ 2019
မသိင်္ဂီထိုက်


အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံ ထိပ်သီး ညီလာခံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ စနေနေ့က စတင်လိုက်ပါတယ်။ ထိပ်သီးညီလာခံ အကြို ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲမှာတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးကို အကျေအလည် ဆွေးနွေးခဲ့ကြပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */