" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, January 5, 2024

ကန်ကျနပူရီတွင် တရားမဝင် ရိုဟင်ဂျာ အယောက် ၃၀ ဖမ်းဆီးခံရ

DVB
January 5, 2024

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ ဇန်နဝါရီ ၅ ရက် ဒီမနက်က တရားမဝင် ဝင် ရောက်လာတဲ့ ရိုဟင်ဂျာ အယောက် ၃၀ ကို ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေ သတွင်းသတင်းမှာ ဖော်ပြပါ တယ်။

နယ်မြေထဲမှာ တဘက်နိုင်ငံက တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရ ထား တဲ့အတွက် နယ်ခြားစောင့်တပ်၊ ကျေးရွာလုံခြုံရေး၊ အုပ်ချုပ်ရေးနဲ့ လဝကရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့တွေဟာ နယ် စပ်တလျှောက် ဝင်လာတဲ့ကားတွေကို တားဆီးစစ်ဆေးခဲ့တာမှာ မနက် ၆ နာရီလောက်မှာတော့ အနက် ရောင် တိုယိုတာ ဟိုင်းလပ်စ်ကား ၁ စီးဟာ ဘန့်ပလန်ဖယ်ရွာအနီး စစ်ဆေးရေးဂိတ်ကို ရောက်လာတယ်လို့ တာဝန်ရှိ သူက ပြောပါတယ်။

တာဝန်ရှိသူတွေက စစ်ဆေးဖို့ရပ်မိန့်ပေးခဲ့ပေမဲ့ အဆိုပါကားက ရပ်မပေးဘဲ အရှိန်မြှင့်မောင်းနှင် ထွက်ပြေးသွား လို့ တာဝန်ရှိသူတွေက ကားနဲ့အနောက်က လိုက်ဖမ်းစဉ် တနေရာရောက်တော့ အဲဒီကားဟာ လမ်းဘေးဓာတ် တိုင်ကို ဝင်တိုက်မိပြီး လမ်းဘေးကို ထိုးကျ သွားခဲ့ပါတယ်။

ကားပေါ်မှာ အော်ဟစ်အကူအညီတောင်းသံတွေကြားရလို့ သွားရောက်စစ်ဆေးရာမှာ ထိခိုက်ဒဏ်ရာရသူ အပါ အဝင် အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးတွေပါ တရားမဝင် ဝင်ရောက်လာသူ ၃၀ ဦးကို တွေ့ရှိကြောင်း၊ ယာဉ် မောင်းကတော့ မှောင်ရိပ်ခိုကာ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ယာဉ်မတော်တဆထိခိုက်မှုကြောင့် ကလေး ၁ ဦး ဒဏ်ရာရပြီး လူကြီး ၇ ဦး မပြင်းထန်တဲ့ ဒဏ်ရာရကာ ဆန်ခ လပူရီဆေးရုံကို ပို့ပေးလိုက်ပါတယ်။

အသက် ၂၀ နှစ်ရွယ် မြန်မာလူငယ် ၁ ဦး ဖွင့်ဟဝန်ခံချက်အရ သူတို့ဟာ ရခိုင်ပြည်နယ်က ဖြစ်ကြောင်း၊ ဒေသ ထဲမှာ တိုက်ပွဲဖြစ်ပြီး ၊ အသက်အန္တရာယ်လည်းရှိ အလုပ်အကိုင်လည်း မရှိတဲ့အတွက် ကြာရင်ငတ်သေ ကုန်မှာစိုး လို့ မလေးရှားနိုင်ငံသွားဖို့ ထွက်လာကြတာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို ဖြတ်သန်းသွာဖို့အတွက် ရခိုင်ကနေ မွန်ပြည်နယ်၊ မွန်ပြည်နယ်ကနေ ဘုရားသုံးဆူထိကုန်းကြောင်း ရေကြောင်းနဲ့ တောတောင်ထဲဖြတ်လာတာ ၈ ရက်ကြာကြောင်း၊ ထိုင်းနယ်စပ်ရောက်တော့ ပွဲစားအဆက်အ သွယ်နဲ့ ဆိုင်ကယ်နဲ့တဖုံ၊ လှေနဲ့တမျိုး စီးလာရပြီး တောစပ်တနေရာမှာ အနက်ရောင်ဟိုင်းလပ်စ်ကားက လာ ကြိုတာလို့ ဆိုပါတယ်။

သူတို့အနေနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ဖို့မဟုတ်ဘဲ တတိယနိုင်ငံသို့ ဖြတ်သွားရုံသာမို့ ခွင့်ပြုပေးဖို့တောင်း ပန်ပေမဲ့ ထိုင်းတာဝန်ရှိသူတွေကတော့ လဝကဉပဒေနဲ့ အရေးယူသွားမယ်လို့ ပြောသွားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */