လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများတင်အောင်ခိုင်
2020-05-19
"လူမျိုးတုံးသတ်ဖြတ်မှု လမ်းပေါ်ကို သွားနေတဲ့ မြန်မာနိုင်ငံ"လို့ အမည်ပေးထားတဲ့ Online ပြပွဲတခုကို အမေရိကန်နိုင်ငံရှိ Holocaust ခေါ် ဂျူးလူမျိုးများကို ဂျာမနီ နာဇီတွေက အဆိပ်ငွေ့နဲ့ လူမျိုးတုံးသတ်ဖြတ် ခဲ့တဲ့ အထိမ်းအမှတ်ပြတိုက်ကနေ မေလ ၁၉ ရက်မနေ့က စတင်ပြသလိုက်ပါတယ်။
Showing posts with label ဝါရှင်တန်မြို့. Show all posts
Showing posts with label ဝါရှင်တန်မြို့. Show all posts
Wednesday, May 20, 2020
ဝါရှင်တန်က လူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်းပြတိုက်မှာ ရိုဟင်ဂျာတွေအကြောင်း ပြသ
Sunday, December 8, 2019
ဂမ်ဘီယာကိုထောက်ခံကြောင်း အမေရိကန်ရောက်တိုင်း ရင်းသားတွေ ဆန္ဒပြ
လွတ်လပ်တဲ့အာရှအသံ ( RFA )
07 ဒီဇင်္ဘာ 2019
■ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင် ရာတရားရုံး မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံဘက်ကထောက်ခံကြောင်းအမေရိ ကန်ရောက်တိုင်းရင်းသားတွေ ဒီကနေ့ ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို အမေရိကန်-ကရင်တိုင်းရင်းသားများအဖွဲ့က ဦးဆောင်တာဖြစ်ပြီးတော့ ရခိုင်၊ကချင်၊မွန်နဲ့ မြန်မာ-မွတ်ဆလင်တွေလည်း ပါဝင်ခဲ့ပြီး လူအင်အား တစ်ရာလောက်ရှိပါတယ်။ မြန်မာသံရုံးဘက်ကတော့ ဘာမှတုန့်ပြန်တာမရှိခဲ့ပါဘူး။
Link : Here
ICJ/ICC တရားစွဲ စုံစမ်းစစ်ဆေးမှု ထောက်ခံကြောင်း ဝါရှင် တန် မြန်မာသံရုံးရှေ့ ဆန္ဒထုတ်ဖော်
VOA
ကိုဉာဏ်ဝင်းအောင်
ဗွီအိုအေ (မြန်မာဌာန)
08 ဒီဇင်ဘာ၊ 2019ကိုဉာဏ်ဝင်းအောင်
ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ စုဝေး ဆန္ဒပြသူများ။ (ဓာတ်ပုံ - Karen Organization America, ဒီဇင်ဘာ ၇၊ ၂၀၁၉)
မြန်မာစစ်တပ်နဲ့ အစိုးရဟာ ရိုဟင်ဂျာ မွတ်စလင်တွေ အပါအဝင် လူနည်းစု တိုင်းရင်းသားတွေအပေါ် ကျူး လွန် ထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတာကြောင့် တရားမျှတမှု ရှိလာအောင် ICJ နဲ့ ICC တရားရုံး တွေ က လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်ရောက် တိုင်းရင်းသားတွေက ပြောဆို လိုက်ကြပါတယ်။ စနေနေ့က ဝါရှင်တန် မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲမှာ အဲဒီလို ပြောဆိုလိုက်တာပါ။ အပြည့် အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
Tuesday, July 30, 2019
ရိုဟင်ဂျာဘာသာ အစီအစဉ် ဗွီအိုအေ စတင် ထုတ် လွှင့်
VOA
30 ဇူလိုင်၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ ဗွီအိုအေ ဘင်္ဂါလီ ဘာသာ ဌာန လက်အောက်ကနေ ရိုဟင်ဂျာ အသံလွှင့် အစီအစဉ်ကို ဇူလိုင် ၂၉ ရက်နေ့ တနင်္လာနေ့က စတင် ထုတ်လွှင့်ပါတယ်။ ဗွီအိုအေ (မြန်မာပိုင်း)
Tuesday, May 14, 2019
ရခိုင်မှာအရပ်သားတွေအပေါ် မြန်မာစစ်တပ်အကြမ်း ဖက်မှု အရေးယူပေးဖို့ ဝါရှင်တန်မြန်မာသံရုံးရှေ့ ဆန္ဒ ပြတောင်းဆို
VOA
ဗွီအိုအေ (မြန်မာဌာန)
14 မေ၊ 2019
ကိုဉာဏ်ဝင်းအောင်
14 မေ၊ 2019
ကိုဉာဏ်ဝင်းအောင်
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ်သေဆုံးသွားတဲ့ ရခိုင်တိုင်းရင်းသား အရပ် သားပြည်သူတွေအမှုကို လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးပေးဖို့နဲ့ အပြစ်ရှိသူတွေကို ဖေါ်ထုတ်အရေးယူပေးဖို့ အမေရိကန်ရခိုင် လူမှုအဖွဲ့အစည်းက ဝါရှင်တန် မြန်မာသံရုံးရှေ့ ဆန္ဒပြတောင်း ဆိုလိုက်ကြပါတယ်။ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အရေးကို အလေးထား ဆောင်ရွက်နေတယ်လို့ မြန်မာ သံအမတ်ကြီးက တုန့်ပြန်ပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြော ပြမှာပါ။
Thursday, April 4, 2019
ရိုဟင်ဂျာဒုက္ခသည်တွေ အနာဂတ်အရေး ဝါရှင်တန်မှာ ဆွေးနွေး
VOA
ဗွီအိုအေ (မြန်မာဌာန)
အောင်အောင် ၊
03 ဧပြီ၊ 2019 Woodrow Wilson Center မှာ ရိုဟင်ဂျာဒုက္ခသည်တွေ အနာဂတ်အရေး ဝါရှင်တန်မှာ ဆွေးနွေးစဉ်
ဗွီအိုအေ (မြန်မာဌာန)
အောင်အောင် ၊
03 ဧပြီ၊ 2019 Woodrow Wilson Center မှာ ရိုဟင်ဂျာဒုက္ခသည်တွေ အနာဂတ်အရေး ဝါရှင်တန်မှာ ဆွေးနွေးစဉ်
ရခိုင်ပြည်နယ်မှာ ၂၀၁၇ က မြန်မာလုံခြုံရေးတပ်တွေ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက် ပြေးသွားတဲ့ ရိုဟင်ဂျာ တွေရဲ့ အနာဂတ်အရေး ဆွေးနွေးပွဲကို ဝါရှင်တန်ဒီစီမြို့တော်က Woodrow Wilson Center မှာ ဧပြီလ ၂ ရက်နေ့က ကျင်းပပါတယ်။ ဆွေးနွေးပွဲမှာ O.P. Jindal Global တက္ကသိုလ်၊ အရှေ့တောင်အာရှလေ့လာရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး Dr. Nehginpao Kipgen က ဦးဆောင် ဆွေးနွေးခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် စခန်းမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေအနေနဲ့ ရင် ဆိုင်ရနိုင်တဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ကိုအောင်အောင်က မေးမြန်းရာမှာတော့ သူက အခုလို စပြော ပါတယ်။
Tuesday, March 26, 2019
ရခိုင်တိုင်းရင်းသား ရာချီ ဝါရှင်တန်မှာ ဆန္ဒပြ
VOA
ဗွီအိုအေ (မြန်မာဌာန)
မသိင်္ဂီထိုက်
26 မတ်၊ 2019 ရခိုင်ပြည်နယ်က အရပ်သားတွေ ထိခိုက်သေကြေ၊ မြောက်ဦး ရှေးဟောင်း အမွေအနှစ်တွေ၊ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေ ပျက်စီးမှုတွေနဲ့ ထိတ်လန့်တုန်လှုပ်နေရတဲ့ ဒေသတွင်း စစ်ပွဲတွေကို အမေရိကန်ရောက် ရခိုင်လူမှုအသိုင်းအဝိုင်းနဲ့ မြန်မာပြည်ဖွား ရာနဲ့ချီပြီး တနင်းလာနေ့က ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာသံရုံး၊ အမေရိကန် သမ္မတ အိမ်ဖြူတော်နဲ့ အမေရိကန် လွှတ်တော်ရှေ့မှာ ဆန္ဒပြခဲ့ကြပြီး အမေရိကန်ဆိုင်ရာ မြန်မာ သံ အမတ်ကြီးနဲ့လည်း ဆန္ဒပြသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။
ဗွီအိုအေ (မြန်မာဌာန)
မသိင်္ဂီထိုက်
26 မတ်၊ 2019
ရခိုင် တိုက်ပွဲတွေ အပေါ် အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားတွေနဲ့ မြန်မာနွယ်ဖွားတွေ မြို့တော် ဝါရှင်တန်မှာ ဆန္ဒပြ။
Subscribe to:
Posts (Atom)