" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အစိုးရတပ်မတော်. Show all posts
Showing posts with label အစိုးရတပ်မတော်. Show all posts

Wednesday, March 20, 2019

AA နဲ့ တပ်မတော်တို့ကြောင့် လူထုထိခိုက်သေဆုံးမှု တွေကို ANP စုံစမ်းမည်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-20
 ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဗဟိုဌာနချုပ်ကို တွေ့ရစဉ် 


ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့က သမိုင်းဝင်ရှေး ဟောင်း အမွေအနှစ် ပျက်စီးမှုတွေ အပါအ၀င် ရခိုင်ပြည်နယ်အတွင်း ပြည်သူတွေ ထိခိုက်နစ်နာတာတွေကို နိုင်ငံ တော် သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ လူ့အခွင့်အရေးကော်မရှင်တို့ထံ တင်ပြဖို့ ရခိုင်အမျိုးသားပါတီ ANP က စုံစမ်းရေးကော်မရှင် ဖွဲ့စည်းလိုက်ပါတယ်။

Friday, March 15, 2019

ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ - အေ အေနဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲသုံးသပ်ချက်

B  B  C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉-၀၃-၁၅


အစိုးရတပ်မတော် နဲ့ မကြာခင်ကမှ ပေါ်ပေါက်လာတဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဘာကြောင့် ရခိုင်တွေ လက်နက်ကိုင်လာတာလဲ။ဒီအကြောင်း နိုင်ငံရေးအကဲခတ် ဦးမင်း ဇင်ကို ဘီဘီစီမြန်မာပိုင်း အကြီးတန်းသတင်းထောက် ကိုစောရန်နိုင်က မေးမြန်းထားပါတယ်။


-----------------
လင့်၊ https://www.bbc.com/burmese/media-47586264

Sunday, March 10, 2019

AA တိုက်ခိုက်မှုကြောင့် ယိုးတရုပ်ရဲစခန်း တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-10
 AA တိုက်ခိုက်မှုကြောင့် ယိုးတရုပ်ရဲစခန်းက ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်


ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စစ်တွေ-ရန်ကုန်ကားလမ်းမဘေးက ယိုးတရုတ်ကျေးရွာ ရဲစခန်းကို မနေ့ ည ၁၁ နာရီကျော်လောက်က AA ရက္ခိုင့်တပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ ပါတယ်။

Monday, February 11, 2019

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲ အရှိန်မြင့်

AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

စစ်ရေးပဋိပက္ခတွေဖြစ်ပွါးနေဆဲ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AAတို့အကြား မနေ့က မြောက်ဦးမြို့နဲ့ ကျောက်တော်မြို့နယ်တွေမှာတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ နှစ်ဖက်အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွါးစဉ် ဒေသခံတွေဘေးလွတ်ရာကိုတိမ်းရှောင်နေရသလို ကျောင်းနေ အရွယ် ကလေးတွေ စာမေးပွဲဖြေဆိုဖို့အခက်တွေ့နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီကနေ့မှာ တိုက်
ပွဲ ဖြစ်ပွါးရာဒေသကို တပ်မတော်နဲ့နယ်မြေခံရဲတွေကနေ စစ် ဆေးမှုတွေလုပ်ဆောင်နေတဲ့အခြေ အ
နေမှာ ရှိနေပါတယ်။

Sunday, February 10, 2019

ရခိုင်ပြည်နယ်က တိုက်ပွဲတွေ အဆုံးသတ်ရေး အစိုးရ က ဒေသခံတွေကို တွေ့ဆုံဖို့ USDP တိုက်တွန်း

ပါတီပြောရေးဆိုခွင့်ရှိသူများနဲ့ ရခိုင်အတွင်းရှိ မီဒီယာများ မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉၊ ဖေဖော်ဝါရီ ၉ ရက်နေ့က ရခိုင်ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ ကျင်းပစဉ်

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် အဖြေရှာအဆုံးသတ်ဖို့ အစိုးရမှာ တာဝန်ရှိပြီး ရခိုင်ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်နေပြီလို့ ရခိုင်ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒီနေ့ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ သတင်းသမားတွေနဲ့တွေ့ဆုံရာမှာ ပါတီရဲ့ ပြည်နယ်ပြောခွင့်ရသူ ဦးသန်းဝေ က ပြောခဲ့တာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */