RFA
RFA Burmese
2025.03.03
Showing posts with label ထောက်ပံ့. Show all posts
Showing posts with label ထောက်ပံ့. Show all posts
Tuesday, March 4, 2025
ရိုဟင်ဂျာတွေနဲ့ မြန်မာဒုက္ခသည်တွေကို ယူရို ၆၅ သန်းကျော် ထောက်ပံ့သွားမယ်လို့ EU ထုတ်ပြန်
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ကိုင်းတိုင်း၊ အင်းစရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်။Citizen Photo
Thursday, May 9, 2024
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကန် ဒေါ်လာသန်း ၃၀ ကျော် ထပ်မံ ထောက်ပံ့မည်
VOA
ဗွီအိုအေ (မြန်မာဌာန)
၀၉ မေ၊ ၂၀၂၄
အင်ဒိုနီးရှားနိုင်ငံကိုထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)
ဘင်္ဂလားဒေရှ့်နိုင်ငံက Cox’s Bazar၊ Bhasan Char နဲ့ ဒေသတွင်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေအတွက် အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ ၃၀.၅ သန်း ကူညီထောက်ပံ့လိုက်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ အဟာရ၊ သောက်သုံးရေနဲ့ နေထိုင်ရေးတို့အတွက်အပြင် လူသားချင်းစာနာတဲ့ အကူအညီတွေအပေါ် မှီခိုအားထားနေရတဲ့ အခြေအနေကနေ လွတ်ပြီး ကိုယ့်ကိုယ်ကို အား ကိုးနိုင်ရေး အစပြု ဆောင်ရွက်မှုတွေအတွက် ဒီငွေတွေကို အသုံးပြုမှာဖြစ်တယ်လို့ အမေရိကန်အစိုးရက ကြေညာပါတယ်။
Wednesday, January 24, 2024
ကမ္ဘာ့ဘဏ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၃၁၅ သန်းထောက်ပံ့
RFA
RFA Burmese
2024.01.24
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနောက်ဘက်ကမ်းခြေသို့ စက်လှေဖြင့် ဆိုက်ကပ်ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဥ်။ AFP
ကမ္ဘာ့ဘဏ်က ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ ၃၁၅ သန်း ထောက်ပံ့ကူညီသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တူရကီ အစိုးရပိုင်သတင်းဌာန AA က ဇန်နဝါရီလ ၂၃ ရက်မှာ ရေးသားခဲ့ပါတယ်။
Wednesday, October 18, 2023
ရိုဟင်ဂျာတွေအတွက် ဒေါ်လာ ၅ သန်းခွဲ ဗြိတိန် ထောက်ပံ့ မည်
VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၇ အောက်တိုဘာ၊ ၂၀၂၃
ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပေါင်ငွေ ၄ သန်းခွဲ (အမေရိကန်ဒေါ်လာ ၅ သန်းခွဲ) နောက်ထပ် ထောက်ပံ့မယ့်အကြောင်း ဗြိတိန်အစိုးရက ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ဘေး ကင်းလုံခြုံပြီး၊ ကိုယ့်သဘောဆန္ဒနဲ့အညီ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အပါအဝင် ရိုဟင်ဂျာအ ရေး ရေရှည်အဖြေရဖို့ သန္နိဓာန်ချထားကြောင်းလည်း ဗြိတိန်အစိုးရရဲ့ အင်ဒိုပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan က ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။ ရိုဟင်ဂျာတွေ နေရပ်မပြန်နိုင်သေး ခင် မှာ လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက် ပေးအပ်သွားဖို့ ဆုံးဖြတ်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
Wednesday, September 13, 2023
ရိုဟင်ဂျာတွေအတွက် အကူအညီ ဒေါ်လာသုံးသန်းကျော် UK ထောက်ပံ့မည်
VOA
ဗွီအိုအေ (မြန်မာဌာန)
၁၃ စက်တင်ဘာ၊ ၂၀၂၃
Bangladesh Rohingya
ဘင်္ဂလားဒေ့ရှ်မှာနေထိုင်နေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ပေါင် ၃ သန်း အမေရိကန် ဒေါ်လာအားဖြင့် ၃.၇ သန်း ရံပုံငွေထည့်ဝင်မယ်လို့ ယူကေ က အင်္ဂါနေ့က ကြေညာလိုက်ကြောင်း တူရကီသတင်းဌာန Anadolu က ဖော်ပြပါတယ်။
Saturday, May 20, 2023
မိုခါမုန်တိုင်းသင့်မြန်မာပြည်သူများအတွက် ဒေါ်လာနှစ်သန်း ခွဲ ဗြိတိန်ထောက်ပံ့မည်
လူထုနွေဦး
၁၉ မေ ၂၀၂၃
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ဆိုင်ကလုန်းမိုခါ တုံ့ပြန်ရေးအဖြစ် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် အပူတပြင်းလိုအပ်လျက်ရှိသည့် နားခိုစရာ၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အ ထောက်အကူပစ္စည်းများအတွက် USAID မှတဆင့် ကနဦး အမေရိကန်ဒေါ်လာ နှစ်သိန်းကို ပေးအပ်လှူ ဒါန်း သွားမည်ဟု ကြေညာထားသည်။
(ရခိုင်ပြည်နယ် စစ်တွေမြို့က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေကို မေလ ၁၄ ရက်က မိုခါ(မိုချာ) ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် အပျက်အစီးတွေကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
ဗြိတိန်သည် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူများအတွက် အမေရိကန် ဒေါ်လာ နှစ်သန်းခွဲ ထောက်ပံ့ကူညီမည်ဟု မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးက ကြေညာသည်။
Wednesday, March 15, 2023
ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာများအတွက် အကူအညီ ဒေါ်လာ ၆ သန်းကျော် ဗြိတိန် ထောက်ပံ့
Mizzima
By Anadolu Agency
12 March 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာများအတွက် အကူအညီထောက်ပံ့မှုအဖြစ် စတာလင်ပေါင် ၅ ဒသမ ၂၆ သန်း (ဒေါ်လာ ၆ ဒသမ ၃၁ သန်း) ထောက်ပံ့မည်ဖြစ်ကြောင်း ဗြိတိန်က မတ်လ ၁၀ ရက်တွင် ကြေ ညာသည်။
ဘင်္ဂလားဒေ့ရှ်ကို လာရောက်သည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်ဒိုပစိဖိတ်ဆိုင်ရာ အငယ်တန်းဝန်ကြီး အန်နီ မေရီ ထရီဗယ်လ်ယန်က ယခု အကူအညီသစ် ပေးအပ်မှုကိစ္စကို ကြေညာခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန် ချက်တစ်ရပ်အရ သိရသည်။
Wednesday, March 30, 2022
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန် ထောက်ပံ့ငွေ ထပ်ပေး
RFA
လွတ်လပ်တဲ့အာရှအသံ
2022.03.30
လွတ်လပ်တဲ့အာရှအသံ
2022.03.30
မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း တုံ့ပြန်ရေးအစီအစဉ်ကို ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံက နောက် ထပ် ဒေါ်လာ ၁၅၂ သန်းကျော် ထည့်ဝင်မယ်လို့ မတ်လ ၂၉ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူ Ned Price က ထုတ်ဖော်ပြောဆိုပါတယ်။
ရိုဟင်ဂျာတွေအတွက် နောက်ထပ် ဒေါ်လာသန်း ၁၅၀ ကျော် အမေရိကန်ထောက်ပံ့မည်
VOA
ဗွီအိုအေမြန်မာပိုင်း
30 မတ်၊ 2022
ဗွီအိုအေမြန်မာပိုင်း
30 မတ်၊ 2022
[[Unicode]]
ရိုဟင်ဂျာတွေအတွက် နောက်ထပ် ဒေါ်လာသန်း ၁၅၀ ကျော် အမေရိကန်ထောက်ပံ့မည်
ဘင်္ဂလားဒေရှ့်နိုင်ငံတွင်း ၂၀၂၂ ခုနှစ် အတွက် ရိုဟင်ဂျာ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်း ပြဿနာ ကို တုံ့ပြန်ဆောင်ရွက်ရေး ပူးတွဲ အစီအစဉ်ကို မတ်လ ၂၉ ရက်နေ့မှာ စတင်တာမှာ အမေရိကန် ပြည်ထောင်စု က ဒေါ်လာ ၁၅၂ သန်း ထပ်မံ ထည့်ဝင်မယ့် အကြောင်း ကြေညာပါတယ်။
မြန်မာ စစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့အထိ မြန်မာစစ် တပ်က နှိမ်နင်းတာခံခဲ့ရတဲ့ ရိုဟင်ဂျာတွေ အားလုံး အတွက် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေး အပ် ရေး အတွက် ထပ်မံ ထည့်ဝင်တာ ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Peter Haas က ကြေညာခဲ့တာပါ။ မြန်မာဘက်က ထွက်ပြေးပြီး ဘင်္ဂလားဒေရှ့် ကောဇ့်ဘဇားမှာ ရိုဟင်ဂျာ ၇၄၀,၀၀၀ ခိုလှုံခဲ့ရတဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်း အမေရိကန်ရဲ့ ကူညီ ထောက်ပံ့မှုဟာ ဒေါ်လာ သန်း ၁,၇၀၀ ကျော် ရှိသွားပါပြီ။

Monday, May 13, 2019
တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်
မြန်မာ့အလင်း
စစ်တွေ မေ ၁၂
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက် အကူပြု ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်
စစ်တွေ မေ ၁၂
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက် အကူပြု ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက် အကူပြုကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေး သာအောင် တက်ရောက်၍ ထောက်ပံ့ပေးအပ်သည်။
Saturday, September 22, 2018
ရိုဟင်ဂျာတွေ အတွက် ဒေါ်လာ ၂၅ သန်း ကမ္ဘာ့ဘဏ် ထောက်ပံ့
RFA
21.09.2018
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာမွတ်စလင် လူငယ်နဲ့ ကလေးသူငယ်၃သိန်း ခွဲရဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့နဲ့ ပညာသင်ကြားရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ထပ်မံထောက်ပံ့ဖို့ ကမ္ဘာ့ဘဏ်က သောကြာနေ့ မနေ့က အတည်ပြုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ဒုက္ခသည်စခန်းက မွတ်စလင်ကလေးငယ်တွေကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာမွတ်စလင် လူငယ်နဲ့ ကလေးသူငယ်၃သိန်း ခွဲရဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့နဲ့ ပညာသင်ကြားရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ထပ်မံထောက်ပံ့ဖို့ ကမ္ဘာ့ဘဏ်က သောကြာနေ့ မနေ့က အတည်ပြုလိုက်ပါတယ်။
Subscribe to:
Posts (Atom)