" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဆန္ဒပြတောင်းဆို. Show all posts
Showing posts with label ဆန္ဒပြတောင်းဆို. Show all posts

Friday, June 9, 2023

မြန်မာပြည်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ ဆန္ဒပြတောင်းဆို

RFA
RFA Burmese
2023.06.08
နေရပ်ပြန်ခွင့်ရရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင် ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်များ တောင်းဆိုဆန္ဒပြနေစဉ်။AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ မြန်မာပြည်ပြန်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာက သူတို့ကို အမြန်ဆုံး ပြန်ပို့ပေးဖို့ ဇွန်လ ၈ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော် ပြလိုက်ပါတယ်။

ဆန္ဒပြသူတွေက သူတို့ဟာ ဒုက္ခသည်ဘဝနဲ့ ဆက်ပြီး မနေချင်တော့တဲ့အကြောင်း၊ စိစစ်မေးမြန်းတာတွေ ထပ်လုပ် မ နေတော့ဘဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကထုတ်ပေးထားတဲ့ လက်ရှိ အသိအမှတ် ပြု ကဒ်ပြားတွေ အသုံးပြုပြီး အမြန်ပြန်ပို့ပေးဖို့၊ မိမိတို့ မြန်မာပြည်ပြန်သွားရေးကို အချိန်ဆွဲ ရပ်တန့်ပိတ်ဆို့ခြင်း မပြု ဖို့… စသဖြင့် ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ကြွေးကြော်တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */