Showing posts with label လက်နက်ကြီး. Show all posts
Showing posts with label လက်နက်ကြီး. Show all posts

Saturday, February 8, 2020

ဘူးသီးတောင်ပစ်ခတ်မှုမှာ ခြောက်နှစ်သမီး ကျည်ထိ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.02.08

ဘူးသီးတောင်မြို့နယ်၊ ငလှမ်းပြင်အုပ်စုထဲက ငွေတောင်ရွာထဲကို မနေ့ည ၇ နာရီလောက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အသက် ခြောက်နှစ်ကျော်အရွယ် မချမ်းအေးဖြိုး သေနတ်ကျည်ဆံ ထိမှန်ပြီး ဒဏ်ရာရသွားလို့ စေတီပြင် တိုက်နယ်ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရတယ်လို့ ငွေတောင်ရွာသား မောင်ဆန်းဝင်းက RFA ကိုပြောပါတယ်။

Tuesday, January 7, 2020

ဘူးသီးတောင်ပေါက်ကွဲမှု ၁၀နှစ် ဝန်းကျင် ကလေးငယ် လေးဦးသေဆုံး

B B C
ဘီဘီစီ မြန်မာပိုင်း
2020-01-07
  နှစ်အရွယ်နှစ်ဦးနဲ့ ၁၀ နှစ်အရွယ် ကလေး၆ ဦးဒဏ်ရာရ


ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီခွဲခန့်က ဘူးသီးတောင်မြို့နယ်အတွင်းက ထိပ်ထူးပေါက် ကျေးရွာအနီး လက်နက်ကြီးကျည်တစ်လုံး ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် ၉ ဦးနဲ့ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့ပြီး အဲ့ဒီထဲက ၄ ဦးဟာ သေဆုံးသွားခဲ့တယ်လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

Sunday, May 12, 2019

အမ်းမြို့နယ် ဓာတ်တော် ကျေးရွာအနီး လက်နက်ကြီး လက်နက်ငယ်ပစ်သံများကြားရ

နိရဉ္စရာ
ထွန်းလင်းနိုင်
နိရဉ္စရာ၊ မေလ ၁၂ /၂၀၁၉
ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်၊ တန်းတင် ကျေးရွာအုပ်စု ညောင် ချောင်းကျေးရွာနှင့် အောင်သပြေ (ဓါတ်တော်)ကျေးရွာကြား ကျွဲကူး-တောင်ကုတ် ကားလမ်း အထက် တောင်ကြောပေါ်တွင် မေလ ၁၂ ရက် ယနေ့ နံနက်က လက်နက်ကြီး ပစ်ခတ်သံများနှင့် အတူ သေနတ်သံ များကြားရကြောင်း ဒေသခံများက ပြောသည်။

Sunday, April 21, 2019

ဘူးသီးတောင်က ကျေးရွာတချို့မှာ လက်နက်ကြီးကျ လို့ ရွာလုံးကျွတ် ထွက်ပြေး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-04-20
ဘူးသီးတောင်မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နွားယုံတောင်၊ သျှိသျှားတောင်၊ စန်ဂိုးတောင်၊ ဥယျာဉ်သာ၊ ကွင်းသာနဲ့ စပါးထာ စတဲ့ကျေးရွာမှာ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့လို့ ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် သိုင်းတပုတ်ရွာအနီး လက်နက် ကြီး ကျည်ကျ၍ ရွာသား ၄၀၀ ကျော်ထွက်ပြေး

နိရဉ္စရာ၊
နိရဉ္စရာ၊ ဧပြီ ၂၀

အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ဘူးသီးတောင်မြို့နယ် သိုင်းတပုတ်ကျေးရွာမှ ရွာသား ၄၀၀ ကျော်သည် ရွာ အနီး တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် ရွာကို စွန့်ခွာ ထွက်ပြေးသွားခဲ့ကြသည်ဟု သတင်းရရှိသည်။

Wednesday, April 17, 2019

အမ်းမြို့နယ် လက်နက်ကြီးကျည်ကျမှု မိခင်သေဆုံး၊ သမီးဒဏ်ရာရ

VOA
ဗွီအိုအေ (မြန်မာဌာန)
17 ဧပြီ၊ 2019
မသိင်္ဂီထိုက်
အမ်းမြို့နယ် လူမှုကူညီရေးအဖွဲ့ မှ ဦးဇင်းရို့ က လက်နက်ကြီးကျည်ကျမှု ကြောင့် ဒဏ်ရာရ အမျိုးသမီးကို အလှူငွေပေးအပ်စဉ် (ဓါတ်ပုံ- အမ်းမြို့နယ် လူမှုကူညီရေးအဖွဲ့)
ရခိုင်ပြည်နယ် အမ်းမြို့နယ် ၀ါးကြီးတောင် ကျေးရွာ၊ ယာခင်း အတွင်းကလူနေအိမ်တွေအပေါ် မြန်မာစစ် တပ် ဘက်က လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် တဦး သေဆုံးပြီး တဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာနဲ့ ဆေးရုံတက်နေရသူ အမျိုးသမီးကိုတော့ တပ်မတော်နဲ့ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကထောက် ပံ့ ငွေ လာပေးခဲ့ပြီး နောက်ထပ် အရေးယူ ဆောင်ရွက်ပေးတာတွေ မရှိသေးဘူးလို့လည်း အခွင့်အ ရေး လှုပ် ရှားမှု အဖွဲ့တခုက ပြောဆိုထားပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။

Friday, March 22, 2019

ဘူးသီးတောင်မြို့နယ် စည်တောင်ရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲတဲ့အတွက် လူငါးယောက်သေ


B  B  C
ဘီဘီစီ မြန်မာပိုင်း
22-03-2019


ရခိုင်ပြည်နယ် ၊ဘူးသီးတောင်မြို့နယ် စည်တောင်ရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲတဲ့အတွက် လူ ငါးယောက် သေဆုံးခဲ့ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */