" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လုံခြုံရေးအမြင်. Show all posts
Showing posts with label လုံခြုံရေးအမြင်. Show all posts

Saturday, September 9, 2017

“ရခိုင်ပြည်နယ် အရေးနှင့် လုံခြုံရေးအမြင်” ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင် ဆွေး နွေးပွဲ ပြုလုပ်ခဲ့ပြီး ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် တက်ရောက်

 ELEVEN

9 SEPTEMBER 2017

“ရခိုင်ပြည်နယ် အရေးနှင့် လုံခြုံရေး” ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ဆွေးနွေးပွဲ ပြုလုပ်စဥ

“ရခိုင်ပြည်နယ် အရေးနှင့် လုံခြုံရေး” ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ စကားဝိုင်းသို့ တပ်မတော်သား အများစု တက်ရောက်ခဲ့ပြီး တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် အရာရှိများ အပါအဝင် တပ်မတော်မှ အရာရှိများ၊ အရပ်ဘက်မှ ပုဂ္ဂိုလ်အချို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် နိုင်ငံတကာရေးရာ သုတေသီ ဦးကိုကိုလှိုင်၊ ပြင်သစ်နိုင်ငံ အရှေ့ တိုင်း ပညာရပ်များ သုတေသန (EFEO) ဒေါက်တာ ဂျော့က်ပီလိုက်ဒါတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး Moderator အဖြစ် စာရေးဆရာ ဦးသန်းအေးက ဆောင်ရွက်ခဲ့သည်။

စာရေးဆရာ ဦးသန်းအေးက ရခိုင်အရေးသည် မနေ့တစ်နေ့ကမှ ဖြစ်လာသည့် ပြဿနာ မဟုတ်ကြောင်း၊ ၁၉၄၂ ခုနှစ် ကတည်းက စတင်ခဲ့ကြောင်း၊ လက်ရှိတွင် ဥရောပနိုင်ငံများတွင်ပင် အစ္စလာမ်ကို ကြောက်နေရသည်ဆိုသည့် ရောဂါ ဖြစ်ပွားနေကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် နောက်ဆုံး ခံနေရခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံခံနေရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း၊ အခြား နိုင်ငံများတွင်လည်း ယင်းကဲ့သို့ ဖြစ်ပွားနေကြောင်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် နာမည်များသည် ရခိုင်တိုင်းရင်းသား နာမည်များဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့ပြင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များတွင် ဘင်္ဂါလီဦးရေသည် ရခိုင်တိုင်းရင်းသား လူဦးရေထက် များစွာ သာလွန်နေကြောင်း၊ တစ်နိုင်ငံလုံံးနှင့် နှိုင်းယှဉ်ပါက ဘင်္ဂါလီဦးရေသည် လူနည်းစုဟု ဆိုနိုင်သော်လည်း အကြမ်းဖက်မှု ဖြစ်ပွားနေသည့် ဘူးသီးတောင်၊ မောင်တောတွင် အကြမ်းဖက်ခံ၊ အနှိပ်စက်ခံများသည် ဘင်္ဂါလီများ မဟုတ်ဘဲ ရခိုင်တိုင်းရင်းသားများ ဖြစ်နေကြောင်း ၎င်းက ဆက်လက်ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲ တက်ရောက်လာသူ ဦးစစ်အေးက “အခု အချိန်မှာ နိုင်ငံတကာနဲ့ ပတ်ဝန်းကျင် ဘယ်လောက်အထိ ဘယ်လိုဖိအား ရှိနေတယ်။ ဒီပြဿနာကို နိုင်ငံရေးအရ ကြီးထွားလာအောင် လုပ်နေတဲ့ အနေအထားမျိုး။နောက် တစ်ခါ အစ္စလာမ္မစ် ကွန်မြူနတီက ဒီဟာကို အမြတ်ထုတ်ပြီးတော့ ပြဿနာ ပိုကြီးထွားလာအောင် ဒီလိုပုံစံမျိုးတွေ လှုံ့ဆော်ပြီးတော့ ရပ်တည်နေတယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံ တကာက အဖြစ်မှန်သိအောင် နိုင်ငံတကာ မီဒီယာကို ထိုးဖောက်ဖို့ အဖြစ်မှန်တွေကို သေသေချာချာပြောပြဖို့ လိုပါမယ်။ သံတမန်နည်းအရလည်း ဆက်သွယ် ဆောင်ရွက်ဖို့လိုမယ်။ ဒေသတွင်းရော၊ တစ်ကမ္ဘာလုံးရော အဖြစ်မှန်ကိုသိအောင် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုမယ်” ဟု သတင်းထောက်များအား ပြောကြားသည်

စစ်တွေတွင် လုပ်ကိုင်နေသူ ဦးကျော်ဇေယျက “ကျွန်တော့်လုပ်ငန်းက စစ်တွေမှာ ရှိပါတယ်။ ကျွန်တော်လည်း ရခိုင်အရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့အတွက် ဒီပွဲကို လာတက်တာပါ။ ဆွေးနွေးနေတဲ့ အပေါ်မှာတော့ ကျေ နပ်အားရမှု ရှိပါတယ်။ မြဝတီ မီဒီယာကနေ ဦးဆောင်ပြီးကျင်းပတဲ့ ပွဲဖြစ်လို့ လုံခြုံရေးအမြင်နဲ့ ပိုပြီးဆွေးနွေးသွားတာ တွေ့ရပါတယ်။ ကျွန်တော့်အမြင်ကတော့ လုံခြုံရေးအမြင်ရော၊ နိုင်ငံရေးအမြင်ရော ဆွေးနွေးစေချင်တာပေါ့။ ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်နေတာနဲ့ ဆွေးနွေးတာနဲ့ဆိုရင် လိုအပ်ချက်လေးတွေ ရှိနေပါတယ်။ တ ကယ် ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေ အများကြီးပဲ ရှိပါတယ်။ အဲဒီ အနေအထားတွေ ထည့်သွင်းဆွေးနွေးမယ်ဆိုရင် ပိုပြီးတော့ကောင်းမယ်လို့ ထင်ပါတယ်။ လုံခြုံရေးနဲ့ပတ်သက်လို့ ဘူးသီးတောင်၊ မောင်တောအနေနဲ့ မဟုတ်ဘဲ ရခိုင်ပြည်နယ် တစ်ခုလုံး အနေနဲ့ ကြည့်သင့်ပါတယ်။ လုံခြုံရေးအတွက် ဆိုရင်တော့ တပ်မတော်ရဲ့ အင်အားကို တိုးချဲ့ရမယ်။ ခေတ်မီစစ်လက်နက် ကိရိယာတွေ သုံးသင့်တယ်လို့ မြင်ပါတယ်။ နောက်ပြီးတော့ ရဲတပ်ဖွဲ့ကသုံးနေတဲ့ လက်နက်တွေကို ပံ့ပိုးပေးသင့်တယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူ့ရဲတွေ သုံးနေတဲ့ လက်နက်တွေက လိုအပ်ချက်တွေ ရှိနေလို့ပါ။ အဆင့်မြှင့်ပေးသင့်တယ်လို့ မြင်ပါတယ်” ဟု သတင်း ထောက်များအား ပြောကြားသည်။

ရန်ကုန်မြို့တွင် စက်တင်ဘာ ၇ ရက်က “ရခိုင်ပြည်နယ်အရေး ဆွေးနွေးမှုမှ အဖြေရှာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲစကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Link : Here

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */