Showing posts with label ရခိုင်တိုင်းရင်းသား. Show all posts
Showing posts with label ရခိုင်တိုင်းရင်းသား. Show all posts

Monday, June 7, 2021

ရိုဟင်ဂျာအရေး ရခိုင်တိုင်းရင်းသားများ မစိုးရိမ်ရန် NUG ပြော

Myanmar Now
Published on Jun 5, 2021

ခေတ်အဆက်အဆက် ဖြေရှင်းမရသည့် ပြဿနာကို အလျင်စလိုလုပ်လျှင်၊ ဒေသအတွင်းအတူနေထိုင်ရမည့် သူများနှင့် ဆွေးနွေးခြင်းမရှိဘဲ ဆုံးဖြတ်လျှင် ဆိုးကျိုးသာဖြစ်စေမည်ဟု ရခိုင်အမျိုးသားပါတီက သတိပေး သည်။

၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေသော ရိုဟင်ဂျာများကို တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)
 
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားရသူများကို ရိုဟင်ဂျာဟု အသိအမှတ်ပြုခေါ်ဆိုခြင်း၊ နိုင်ငံ သားဖြစ်မှုဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းခြင်းများအပေါ် ရခိုင်တိုင်းရင်းသားများ မစိုးရိမ်ကြရန် အမျိုးသား ညီ ညွတ်ရေးအစိုးရ (NUG) က ဆိုသည်။

Wednesday, July 10, 2019

AA စစ်ဦးစီးချုပ်ရဲ့ညီဖြစ်သူအပါအဝင် ရခိုင်တိုင်းရင်း သားခြောက်ဦး စင်္ကာပူမှာဖမ်းဆီးခံရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-10
ရခိုင်အသင်း(စင်္ကာပူ) အမှတ်တံဆိပ်ကို တွေ့ရစဉ်၊ဓါတ်ပုံ - ရခိုင်အသင်း(စင်္ကာပူ)

                                    

AA စစ်ဦးစီးချုပ်ရဲ့ ညီအရင်းဖြစ်သူအပါအဝင် ရခိုင်တိုင်းရင်းသား ခြောက်ဦးကို မြန်မာနိုင်ငံအစိုးရရဲ့ တောင်းဆိုချက်အရ စင်္ကာပူ CID၊ လဝကနဲ့ ရဲတပ်ဖွဲ့က မနေ့ကနဲ့ ဒီနေ့ မနက်ပိုင်းက စင်္ကာပူနိုင်ငံမှာ ဖမ်း ဆီးလိုက်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကိုအတည်ပြုပြောပါတယ်။

Tuesday, May 14, 2019

ရခိုင်မှာအရပ်သားတွေအပေါ် မြန်မာစစ်တပ်အကြမ်း ဖက်မှု အရေးယူပေးဖို့ ဝါရှင်တန်မြန်မာသံရုံးရှေ့ ဆန္ဒ ပြတောင်းဆို

VOA  
ဗွီအိုအေ (မြန်မာဌာန) 
14 မေ၊ 2019
ကိုဉာဏ်ဝင်းအောင်
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ်သေဆုံးသွားတဲ့ ရခိုင်တိုင်းရင်းသား အရပ် သားပြည်သူတွေအမှုကို လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးပေးဖို့နဲ့ အပြစ်ရှိသူတွေကို ဖေါ်ထုတ်အရေးယူပေးဖို့ အမေရိကန်ရခိုင် လူမှုအဖွဲ့အစည်းက ဝါရှင်တန် မြန်မာသံရုံးရှေ့ ဆန္ဒပြတောင်း ဆိုလိုက်ကြပါတယ်။ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အရေးကို အလေးထား ဆောင်ရွက်နေတယ်လို့ မြန်မာ သံအမတ်ကြီးက တုန့်ပြန်ပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြော ပြမှာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */