" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label YU Open Political Society. Show all posts
Showing posts with label YU Open Political Society. Show all posts

Friday, May 7, 2021

အခုစာမေးပွဲ အောင်ဖို့ လိုပါတယ်။

YU Open Political Society
@yuopenps · Political Organization
ဥသြ
May 7'2021
အခုဆို NUG ဟာ ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာ(အထူးသဖြင့် အနောက်နိုင်ငံတွေ)ရဲ့ မေး ခွန်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စဟာ NUGရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအပေါ်မှာ ထားရှိတဲ့ သဘော ထား ကို စစ်လိုက်တဲ့ စာမေးပွဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကြောင့် အိမ်နီး ချင်း ဘင်္ဂလားဒေရှ့်နိုင်ငံကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးရတာဟာ အခုဆို လေးနှစ်နီးပါးရှိပြီဖြစ်ပါတယ် [i]။ ဒါပေမယ့် သူတို့အတွက် တရားမျှတမှုကို အခုအထိ ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိသေးပါဘူး။ နိုင်ငံတ ကာ အထူးသဖြင့် OICနဲ့ အနောက်နိုင်ငံများက ရိုဟင်ဂျာတွေအပေါ်မှာ စစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အရေး ယူပေးဖို့ မြန်မာအစိုးရ(တစ်နည်း NLDအစိုးရ)ကို အစဉ်တစိုက် ဖိအားပေးလာခဲ့ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */