Showing posts with label လူမျိုးရေး. Show all posts
Showing posts with label လူမျိုးရေး. Show all posts

Tuesday, April 23, 2024

လူမျိုးရေး၊ ဘာသာရေး ထောင်ချောက် သတိထားကြရန် တိုက်တွန်း

ဧရာဝတီ
by စောမေရီ
23 April 2024

 

 ရခိုင်ပြည်နယ်အတွင်း စစ်ရေးမှာ အကြီးအကျယ် ရှုံးနိမ့်နေတဲ့ စစ်တပ်ဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို အစီစဉ်တကျ ဖန်တီးလုပ်ဆောင်နေတယ်လို့ ရခိုင့်အရေး စောင့်ကြည့်လေ့လာသူတွေနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတွေက ထောက်ပြနေကြပါတယ်။

Saturday, March 30, 2024

စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ

ဧရာဝတီ
by Paul Greening
30 March 2024
သူ့အတွေး သူ့အမြင်

၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် ရိုဟင်ဂျာများ ဆန္ဒပြနေစဉ်

စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် လူမျိုးစုအရေးဖဲချပ်ကို ထုတ်သုံးနေပြီး ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးမှ အများအပြားမှာ ထပ်မံ လှည့်ဖျားခံနေရသည်။ ထိုကိစ္စကို ရှင်းပြရမည်ဆိုပါက စစ်ကောင်စီ ရုပ်သေးရုပ်အဖြစ် ကပြ အသုံးတော်ခံနေသူများသည် လူမှုအသိုက်အဝန်း နှစ်ခုလုံးမှ အစွန်းရောက်များဖြစ်သည်။

Friday, March 22, 2024

စစ်တပ်က လူမျိုးရေး အသုံးချဖို့ ကြိုးစားတာ (ရုပ်/သံ)

ဧရာဝတီ
22 Mar 2024

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) ရဲ့ စစ်ဆင်ရေးအောက်မှာ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ ရိုဟင်ဂျာတွေကို အသုံးချနေတယ် လို့ စောင့်ကြည့်လေ့လာနေသူတွေက ပြောကြပါတယ်။ 

Tuesday, July 25, 2023

လူမျိုးရေး၊ ဘာသာရေး ဝါဒမှိုင်းများကို ကျော်လွန်၍

DMG
DMG ၊ (Analysis Report)
ဇူလိုင်၂၁ ရက် ၂၀၂၃

မောင်ထွန်းကြိုင် - ရေးသည်။

ရက္ခိုင့်တပ်တော် (AA) ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့်ကဏ္ဍ လုပ်ငန်းစဉ်များထဲမှ ထူးခြားချက်တစ်ခုမှာ ဒေသအတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများနှင့် ယခင်က ရင်ဆိုင်ခဲ့ရသော အသိုက်အဝန်းတစ်ခုကိုလက်တွဲ ထားခြင်းဖြစ်သည်။

အာဏာသိမ်းမှု အစောပိုင်းကာလ ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် AA တို့ အပစ်ရပ်ထားသဖြင့် အခြားဒေသများ ကဲ့သို့ မဟုတ်ဘဲ တည်ငြိမ်နေခဲ့သည်။ တစ်ဆက်တည်းပင် ၂၀၂၁ ဩဂုတ်လတွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင် ပြည်ထဲက မွတ်ဆလင်အုပ်စုကို ULA ၏ အုပ်ချုပ်ရေးယန္တယားတွင် ပါဝင်ဖို့ ကြေညာလိုက်ခြင်းမှာ ရခိုင်ပြည်တွင်း လူဦးရေ ဒုတိယအများစုဖြစ်သည့် မွတ်ဆလင်နှင့် ရခိုင်တို့၏ ဆက်ဆံရေးကို များစွာအထေက်အကူဖြစ်ခဲ့ကြောင်း နိုင်ငံရေးအကဲခတ်တို့က မှတ်ချပေးသည်။

Sunday, November 24, 2019

ICJသို့သွားရောက်ဖြေရှင်းမည့်ကိစ္စ ထောက်ခံရာ၌ ဘာသာ ရေး၊ လူမျိုးရေး အဓိကရုဏ်းသတိထားရန် ဒေါက်တာမျိုး ညွန့် ပြော

မြန်မာတိုင်းမ်နေ့စဉ်
စွမ်းရဲထွဋ်
24 NOV 2019
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်။
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် ICJ သို့ သွားရောက်ဖြေရှင်းသည့်လုပ်ရပ်ကို ထောက်ခံကြောင်း ဆောင်ရွက်ရာတွင် ဘာသာရေးနှင့်လူမျိုးရေး အဓိကရုဏ်း များဖြစ်ပေါ်နိုင်၍ သတိထား ရှောင်ရှား ရန်လိုအပ်ကြောင်း  NLD ပါတီ ပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

Friday, March 22, 2019

လူမျိုးရေးကြောင့် ဖြစ်တဲ့ တိုက်ပွဲမဟုတ်ဘူးလို့ ရက္ခိုင့် တပ်မတော် အေအေက ပြော

B  B  C
ဘီဘီစီ မြန်မာပိုင်း
21 မတ် 2019
 
ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေ နဲ့ပတ် သက်ပြီး လူမျိုးရေးခွဲခြားပြောဆိုမှုတွေ ရှိနေပြီး အေအေကတော့ ဒီတိုက်ပွဲတွေက လူမျိုးရေးကြောင့် မဟုတ်ဘူးလို့ ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */