Showing posts with label ဦးဇော်ဌေး. Show all posts
Showing posts with label ဦးဇော်ဌေး. Show all posts

Saturday, October 24, 2020

AA အနေဖြင့် ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကူ အညီပေးမှုများ ရပ်ဆိုင်းရန် ဦးဇော်ဌေးပြော

ခေတ်သစ်မီဒီယာ
ရန်ကုန်၊ အောက်တိုဘာ ၂၃

AA အနေဖြင့် ပြည်ပ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကူအညီပေးမှုများ ရပ်ဆိုင်းရန် ဦးဇော်ဌေးပြောရခိုင် တပ်တော်AA အနေဖြင့် ပြည်ပ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကူအညီပေးမှုများ ရပ်ဆိုင်းရန် နိုင်ငံ တော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆို သည်။

Tuesday, June 23, 2020

၂၀၂၀ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြီးပြတ်အောင် လုပ် ဆောင်နိုင်ပါ့မလား

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဝေမာထွန်း
2020-06-22 
 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိ ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တွေ ပြီးပြတ်အောင် ဆောင်ရွက်ဖို့ ရည်မှန်းထားတယ်လို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်း က တည်းက အများသိရှိအောင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Sunday, June 7, 2020

ကျောက်ဖြူက ကမန်ဒုက္ခသည်တွေ မူလနေရာ ပြန်နေခွင့် တောင်းဆို

RFA
လွတ်လပ်တဲ့အာရှအသံ
သန့်ဇင်ဦး
2020-06-06

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး ဒုက္ခသည်စခန်းက ကမန် ဒုက္ခသည်တွေဟာ အစိုးရက ပြောင်းရွှေ့ပေးမယ့် နေရာသစ်မှာ မနေနိုင်ဘဲ မြို့ပေါ်ကမူလနေရာမှာပဲ ပြန်လည်နေရာချပေးဖို့အတွက် အင် တာ နက်လူမှုကွန်ယက်ကနေ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

Saturday, November 16, 2019

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ICJ တွင် တရားစွဲဆိုမှု အပေါ် နိုင်ငံတကာဥပဒေကြောင်းအရ တုံ့ပြန်သွားမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ELEVEN 
16 November 2019
မင်းနိုင်စိုး
နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းခန်းမဆောင်၌ နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်သည့် အိမ်တာ် သတင်းထောက်များနှင့် တွေ့ဆုံသော သတင်း ထုတ်ပြန်သည့် အခမ်းအနားကို တွေ့ရစဉ် 

 မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အ ပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရား စွဲဆိုထားမှုနှင့် ပတ်သက် ၍ နိုင်ငံတကာ ဥပဒေကြောင်းအရ တုံ့ပြန်သွားမည်ဟု နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောကြားသည်။

Friday, November 15, 2019

နိုင်ငံ တကာ ရာဇဝတ် ခုံရုံး အိုင်စီစီ ကိစ္စ မြန်မာ ပယ်ချ ( သတင်းစာရှင်းလင်းပွဲ )

B B C
ဘီဘီစီ မြန်မာပိုင်း
2019-11-15

ကုလသမဂ္ဂရဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ တရားစွဲဆို ခံရမှု အတွက် ဥပဒေကြောင်းအရ ရင်ဆိုင် သွားမယ်လို့ မြန်မာ အစိုးရ ဘက်က ထုတ်ပြန် ပြောဆိုပါတယ်။

အဲဒီ အတွက်လည်း အသင့်ပြင် ထားတယ်လို့ သမ္မတ ရုံး ပြောရေး ဆိုခွင့် ရှိသူက သတင်းစာ ရှင်းလင်း ပွဲမှာ ပြောဆို ခဲ့ပါတယ်။

ကုလတရားရုံးမှာစွဲဆိုခံရမှု နိုင်ငံတကာဥပဒေနဲ့ အညီတုံ့ပြန် မည်ဟု မြန်မာသမ္မတရုံးတုံ့ပြန်

ဗွီအိုအေ (မြန်မာဌာန)
 မေခ
15 နိုဝင်ဘာ၊ 2019၊ 2019  
သမ္မတရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး
 
လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာအစိုးရဘက်က ချိုးဖောက်တယ်ဆို တဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ကမကထပြုပြီး ကုလသမဂ္ဂရဲ့ ပင်မ တရားရေးအဖွဲ့ကြီးဖြစ်တဲ့ ICJ - နိုင်ငံ တကာ တရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ဥပဒေအကြာင်း အရ သင့်တော်သလို တုံ့ပြန်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

Friday, October 25, 2019

AA တပ်ချုပ်ညီမကိုဖမ်းတာ မန်းဖောက်ခွဲရေးကိစ္စနဲ့ ဆက် စပ် ဟု သမ္မတရုံး ပြော

လွတ်လပ်တဲ့ အာရှအသံ ( RFA ) 
သက်စုအောင်
2019-10-25
ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကို တွေ့ရစဉ်
Photo: Arakan Army
 
ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီမကို မန္တလေးမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အတူ မိတဲ့ ခြောက်ဦးကိစ္စနဲ့ ဆက်စပ်နေလို့ ဖမ်းဆီးရတာဖြစ်ပြီးတေ့ာ၊ ယောက်ဖဖြစ်သူကိုလည်း ထိုင်းဘက်က ပြည်နှင် ဒဏ်ပေးလို့ ဖမ်းဆီးရတာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဒီကနေ့ ပြောဆိုလိုက်ပါ တယ်။

Friday, June 7, 2019

AA ကို ထိရောက်တဲ့စစ်ဆင်ရေးလုပ်ဖို့ သမ္မတရုံးက ညွှန်ကြားထား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-07
နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲခန်းမမှာ ၂ဝ၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့က သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကို တွေ့ရစဉ်
Photo: Thiha Tun/RFA

ရခိုင်ပြည်နယ်က AA ရခိုင်အဖွဲ့နဲ့ တိုက်ပွဲတွေမှာ ထိရောက်တဲ့ သောင်းကျန်းမှုနှိမ်နှင်းရေး စစ်ဆင်ရေး အ တွက် လိုအပ်တဲ့ အင်အားကို အသုံးပြုဖို့နဲ့ လိုအပ်ရင် ရဟတ်ယာဉ်တွေပါ အသုံးပြုဖို့ သမ္မတရုံးက တပ်မတော်ကက ကြည်းကို ညွှန်ကြားထားတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဒီနေ့ ပြောကြားလိုက်ပါ တယ်။

Sunday, March 31, 2019

အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဧပြီလအတွင်း တွေ့ဆုံဖို့ရှိ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-30
မသက်စုအောင်
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကို ၂၀၁၉၊ မတ် ၂၉ ရက်နေ့က သမ္မတအိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်

အစိုးရနဲ့ တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေး ထိုး ထားတဲ့ အဖွဲ့တချို့အပြင် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါ လာမယ့် ဧပြီလအတွင်းမှာ တွေ့ဆုံဖို့ရှိတယ် လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

Saturday, March 30, 2019

ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာရန် မရှိဟု သမ္မတရုံး ပြော

ဧရာဝတီ
ထက်နိုင်ဇော် 
30 March 2019 

မတ်လ ၂၉ ရက်နေ့က သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသည့် ဦးဇော် ဌေး / ထက်နိုင်ဇော် / ဧရာဝတီ
 
ရခိုင်ပြည်နယ်တွင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA)တို့ကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိ သဖြင့် တည်ငြိမ် အေးချမ်းမှု မရှိဖြစ်နေသော်လည်း အစိုးရအနေဖြင့် ယင်းဒေသကို စစ်အုပ်ချုပ်ရေး ကြေ ညာရန် အစီ အစဉ် မရှိကြောင်း သိရသည်။

Friday, March 29, 2019

ရခိုင်ပြည်နယ်မှာ တိုက်ပွဲပေါင်းတစ်ရာကျော် ဖြစ်ပွားခဲ့ ကြောင်း သမ္မတရုံးပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-29
 နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို တွေ့ရစဉ်

ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်ကြား ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လ ၂၈ ရက်နေ့အထိ တိုက် ပွဲပေါင်းတစ်ရာကျော်၊ မိုင်းပေါက်ကွဲမှု ၄၄ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့တယ်လို့ ဒီနေ့ကျင်းပတဲ့ နိုင်ငံတော်သမ္မတရုံး သတင်း စာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

Monday, March 11, 2019

AA နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မြန်မာအစိုးရ လမ်းဖွင့် ထား

VOA
 ဗွီအိုအေ (မြန်မာဌာန)
ကောင်းစံဟိန်း 
 နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး (၂၀၁၉ ဇန်နဝါရီ ၇ ရက်နေ့)

မြန်မာစစ်တပ်နဲ့ ရခိုင် လက်နက်ကိုင်အဖွဲ့ AA တွေအကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပေ မယ့် လည်း AAအဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် အမြဲတမ်း လမ်းဖွင့်ထားတယ်လို့ နိုင်ငံတော်သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်ပါတယ်။ ကျောက်တော်ဒေသဘက်မှာ ပစ်ခတ်မှုတချို့ ရှိခဲ့သလို၊ ရသေ့တောင်မြို့နယ်မှာလည်း မနေ့က အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦး ပျောက်ဆုံးနေတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံး အခြေအနေကို ကိုကောင်းစံဟိန်းက သတင်းပေးပို့ထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */