Showing posts with label ဦးကိုကိုလင်း. Show all posts
Showing posts with label ဦးကိုကိုလင်း. Show all posts

Sunday, September 8, 2024

စစ်ကောင်စီနဲ့ RSO အချင်းချင်းမတိုက်ခိုက်ဖို့ နားလည်မှုရှိ (RSO နိုင်ငံရေးဆိုင်ရာတာဝန်ခံ)

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ စက်တင်ဘာ၊ ၂၀၂၄ 
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) (Photo: RSO X media)
 
ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တခု ဖြစ်တဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နဲ့ မြန်မာ စစ်ကောင်စီတပ်တွေ ကြားမှာ အချင်းချင်း မတိုက်ခိုက်ဖို့ နားလည်မှု ရှိထားကြတယ်လို့ RSO တာဝန်ရှိသူ တဦးက ရိုက်တာ သတင်း ဌာနကို သီးသန့် ဖြေကြားကြောင်း စက်တင်ဘာ ၆ ရက်နေ့မှာ ရိုက်တာက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က သူတို့ကို မတိုက်သလို သူတို့ကလည်း စစ်ကောင်စီ တပ်တွေကို မတိုက်ဘူး လို့ ရိုက်တာက ရရှိတဲ့ ရှားပါး တွေ့ဆုံမေးမြန်းချက်တခုထဲမှာ ဦးကိုကိုလင်း အမည်နဲ့ RSO ရဲ့ နိုင်ငံရေးဌာန အကြီးအကဲဆိုသူက ဖြေကြားထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */