VOA
အင်ဒိုနီးရှားနိုင်ငံ အာချေးကို ဇွန်လ ၄ ရက် သောကြာနေ့က လှေနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ ၈၁ ဦး အတွက် အင်္ဂါနေ့မှာ အစားအသောက်၊ သောက်ရေနဲ့ ဆေးဝါးတွေ ဆက်လက် ထောက်ပံ့နေကြောင်း နိုင်ငံတကာ ရွှေ့ ပြောင်း အခြေချမှုဆိုင်ရာ အဖွဲ့ IOM က ပြောပါတယ်။
အမျိုးသမီးနဲ့ ကလေးငယ် အများစုပါတဲ့ ရိုဟင်ဂျာတွေကို အာချေး တာ ၀န်ရှိသူတွေက COVID-19 စစ်ဆေး ပြီး COVID-19 ကာကွယ်ဆေး လည်း ထိုးနှံပေးပြီးဖြစ်ကြောင်း IOM ပြောခွင့်ရ Paul Dillon က အင်္ဂါနေ့ ဂျီနီ ဗာ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အခု အင်ဒို နီးရှားကို ရောက်လာသူတွေက ကောဇ်ဘ ဇား၊ ကုတုပလောင် ဒုက္ခသည် စခန်းတွေမှာ နေထိုင်ခဲ့ကြသူတွေလို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါ တယ်။
ဗွီအိုအေ (မြန်မာပိုင်း)
09 ဇွန်၊ 2021
09 ဇွန်၊ 2021
အင်ဒိုနီးရှားနိုင်ငံ အာချေးရောက် လှေစီးပြေး ရိုဟင်ဂျာတွေကို IOM ကူညီ (Courtesy of East Aceh Regency government)