" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 7, 2024

ဧရာဝတီတိုင်းတွင် ၁ လအတွင်း ရိုဟင်ဂျာ ၁၀၀ ကျော် ဖမ်းဆီးခံရ

DVB
February 7, 2024

ဧရာဝတီတိုင်းမှာ ဇန်နဝါရီလအတွင်း အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ အယောက် ၁၀၀ ကျော်အထိ စစ်တပ်ရဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ ကုန်းလမ်းရေလမ်းတွေကနေတဆင့် ဧရာဝတီတိုင်းထဲကို ဝင်လာတဲ့ ရိုဟင်ဂျာ အမျိုးသား ၅၂ ယောက် ၊ အမျိုးသမီး ၃၁ ယောက်နဲ့ ကလေးငယ် ၁၈ ယောက် ဖမ်းဆီးခံရတာပါ။

ရိုဟင်ဂျာများအရေး ဆောင်ရွက်ပေးသူ တဦးက “ရိုဟင်ဂျာတွေက ရန်ကုန်ကနေတဆင့် တဖက် မလေးရှားနိုင်ငံဘက်ကို သွားဖို့ ထွက်လာကြသူတွေလို့ ပြောတယ်။ ရိုဟင်ဂျာတွေက ရခိုင်ပြည်နယ်ကလာတဲ့သူတွေပါ။ ရခိုင်မှာက ဒေသမတည်ငြိမ်ဖြစ်နေတာနဲ့ အလုပ်အကိုင် အခွင့်အလမ်း မကောင်းတာ။ အစာရေစာ ပြတ်လတ်နေတာ ၊ ခွဲခြားဆက်ဆံ ခံရတာတွေကြောင့် ထွက်လာတဲ့သူတွေပါ။လိုရာခရီးမရောက်ပဲ အဖမ်းခံရတာ''လို့ ပြောပါတယ်။

အရင်ကတော့ အခုလိုဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေကို လ.ဝ.က ဥပဒေနဲ့ အရေးယူလေ့ရှိပြီး လတ်တလော ဖမ်းထားတဲ့ ရိုဟင်ဂျာတွေကိုတော့ ဘယ်ပုဒ်မနဲ့မှ အရေးယူခြင်း မရှိသေးဘူးလို့ စစ်ကောင်စီတပ်နဲ့နီးစပ်တွေဆီက သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တဦးက ''အရင်ကတော့ လဝက ဥပဒေနဲ့ အမှုဖွင့် ထောင်ချတာများတယ်။ ကလေးတွေကိုတော့ တွံ့တေးငှက်အော်စမ်းထိန်းသိမ်းရေးစခန်းကို ပို့တာ များတယ်။ အခုတော့ ရဲစခန်းတွေမှာပဲ ချုပ်ထားတာ''လို့ ပြောပါတယ်။

ဇန်နဝါရီလအတွင်း ဟိုင်းကြီးကျွန်း၊ သာပေါင်း၊ ငရုတ်ကောင်း၊ ဝါးခယ်မ၊ ဟင်္သာတစတဲ့ မြို့နယ်တွေကနေ အဲဒီ ရိုဟင်ဂျာ ၁၀၁ ယောက်ကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */