Myanmar Now
ပိုးဥ
Published on Jan 27, 2023
စခန်းတွင်း တိုက်ပွဲအပြီး ထွက်ပြေးရသည့် ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်ရှိ စာသင်ကျောင်းတစ်ခုတွင် ရောက်ရှိ နေသည်။
၂၀၂၂ သြဂုတ်လက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတစ်ခုတွင် သောက်သုံးရေ ရရယူနေသူများ (ဓာတ်ပုံ-EPA)
တိုက်ပွဲဖြစ်၊ စခန်းမီးရှို့ခံရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသော ရိုဟင်ဂျာ ၂၀၀၀ ခန့် နယ်စပ်အနီးရှိ စာသင်ကျောင်းတစ်ခုတွင် ခိုလှုံနေသည်ဟု သိရသည်။
ဇန်နဝါရီ ၁၇ နှင့် ၁၈ တို့တွင် နယ်စပ်ခြံစည်းရိုးအနီး အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နှင့် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့ တိုက်ပွဲဖြစ်ပြီး ထိုနေရာအနီး လူဦးရေ ၂၀၀၀ ကျော် နေထိုင် သော စခန်း မီးရှို့ခံရသည်။
ထို့နောက် ထိုစခန်းမှ ရိုဟင်ဂျာများ ထွက်ပြေးခဲ့ရာ လူ ၅၀၀ ခန့်သည် မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်ခဲ့ကြသည်။
သို့သော်လည်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက ခေတ္တသာ ခိုလှုံခွင့်ပြုပြီး နှင်ထုတ်ခဲ့၍ တစ်ဖက်နိုင်ငံပိုင် နက် Tumbru နယ်စပ်ရှိ စာသင်ကျောင်း၌ ထွက်ပြေးသူ လူ ၂၀၀၀ ခန့်သည် စုပေါင်းခိုလှုံနေကြရသည်။