" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Bhasab Char. Show all posts
Showing posts with label Bhasab Char. Show all posts

Saturday, January 28, 2023

ရိုဟင်ဂျာတွေပြန်ပို့ရေး OIC ကို ဘင်္ဂလာ အကူအညီတောင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၈ ဇန်နဝါရီ၊ ၂၀၂၃
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လာရောက်ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက OIC အစ္စလာမ်မစ် ကောင်စီကို ပန်ကြားလိုက်ပါတယ်။

အယ်လ်ဂျီးရီးယားမှာကျင်းပတဲ့ PUIC အစ္စလာမ်မစ်ကောင်စီအဖွဲ့ဝင်နိုင်ငံတွေက လွှတ်တော်အမတ်တွေရဲ့ သောကြာနေ့အစည်းအဝေးကို တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊လွှတ်တော် ရေးရာနဲ့ တရားရေးဝန်ကြီးဌာန လွှတ်တော်အမြဲတမ်းကော်မတီအကြီးအကဲ Md Shahiduzzaman Sarker က ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။ PUIC ရဲ့ ၄၈ ကြိမ် မြောက် အစည်းဝေးကို ဘင်္ဂလားဒေ့ရှ် လွှတ်တော်အမတ် ၃ ဦးတက်ရောက်ခဲ့ပါတယ်။

Friday, January 29, 2021

ဒုက္ခသည်စခန်းက ရိုဟင်ဂျာ၂၀၀၀ ကနေ ၃၀၀၀ အထိ ဘာဆန်ချာကျွန်းကို ထပ်ပို့မယ်

B B C 

Editor
ဇန်နဝါရီ (၂၈) ရက်၊၂၀၂၁။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာ သုံးထောင်နီးပါးကို အခုရက်ပိုင်းအတွင်း ဘင်္ဂလား ပင်လယ်အော်ထဲက ဘာဆန်ချာကျွန်းကို ထပ်ပို့မယ်လို့ ရေတပ်ဗိုလ်မှူးချုပ် အယ်လ်မာမမ်ချိုဒါရီက ရိုက်တာသ တင်းဌာနကို ဇန်နဝါရီ (၂၇)ရက်နေ့မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။

ဘာဆန်ချာကျွန်းဟာ လွန်ခဲ့တဲ့နှစ် (၂၀)ကမှ ပင်လယ်ထဲကနေ ကျွန်းအဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး မုတ်သုံရာသီ မှာ ရေမြုပ်တတ်တဲ့ကျွန်းဖြစ်လို့ လူ့အခွင့်အရေးသမားတွေက ရိုဟင်ဂျာတွေကို ဒီကျွန်းပေါ်ပို့တာနဲ့ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိနေခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်းကိုရေကြီးတာကနေ ကာကွယ်နိုင်ဖို့အတွက် ၁၂ ကီလိုမီတာ ( ၁.၅ မိုင်) ရှည်လျားတဲ့ တာတမံကို လည်း ဆောက်လုပ်ပေးထားတာကြောင့် ဘာမှစိုးရိမ်စရာမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက တုံ့ပြန် ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */