Showing posts with label ရဲချုပ်. Show all posts
Showing posts with label ရဲချုပ်. Show all posts

Saturday, October 8, 2022

ကြံ့ခိုင်ရေးပါတီ ဥက္ကဌသစ်က ဘယ်လိုလူမျိုးလဲ

ဧရာဝတီ
8 October 2022

ဦးခင်ရီ ဦးဆောင်မှုအောက်မှာ ပါတီဝင်တွေ အသတ်ခံရမှုတွေကို ပြန်လည်တုန့်ပြန်တဲ့ အကြမ်းဖက်လုပ်ရပ် တွေ ပိုမိုများပြားလာဖွယ်ရှိနေတယ်
 
ပါတီတွင်း အားပြိုင်မှုတွေ ပြင်းပြင်းထန်ထန် ရှိခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ တတိယ အကြိမ် ညီလာခံ အပြီးမှာတော့ လဝက ဝန်ကြီးဟောင်း၊ ရဲချုပ်ဟောင်း ဦးခင်ရီဟာ မူလကတည်းက ရေပန်း စားနေသလို ပါတီဥက္ကဌသစ် ဖြစ်လာခဲ့ပါတယ်။

ဦးခင်ရီ ပါတီဥက္ကဌသစ် ဖြစ်လာတာရဲ့နောက်ကွယ်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စွက် ဖက် ချယ်လှယ်မှုတွေနဲ့အတူ မိုးကျရွှေကိုယ် စစ်တပ်အငြိမ်းစား အရာရှိတွေက ပါတီရဲ့အရေးပါတဲ့ ခေါင်းဆောင် နေရာတွေမှာ နေရာ ဝင်ယူမယ့် သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Friday, April 26, 2019

ISIS က မြန်မာကို ပစ်မှတ်ထားလာဟု မလေးရှား ရဲချုပ် ပြော

ဧရာဝတီ
By ဧရာဝတီ
26 April 2019
 မလေးရှားရဲချုပ် တန်စရီမိုဟာမက်ဖူဇီဟာရမ် / Malay Mail
 
 ဆီးရီးယားနှင့်အီရတ်တို့တွင် ရှုံးနိမ်ခဲ့သော အစ္စလာမ္မစ်နိုင်ငံ(ISIS) အကြမ်းဖက်အုပ်စုသည် ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တို့ကို ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများ လုပ်ရန်အတွက် မျက်စိ ကျနေသည်ဟု ယုံကြည်ရကြောင်း မလေးရှား ရဲချုပ် တန်စရီမိုဟာမက်ဖူဇီဟာရမ်က ပြောကြောင်း သိရ သည်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့က မြန်မာနှင့် ဖိလစ်ပိုင် တောင်ပိုင်းကို ပစ်မှတ်ထားနေဟု မလေးရှားရဲချုပ် ပြော

မဇ္ဈိမ သတင်း
By Malaymail 
26 April 2019

ဧပြီ ၂၆ ။ ။ အိုင်အက်စ် IS အကြမ်းဖက်အဖွဲ့ဟာ ၎င်းတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဖို့အတွက် လက် ရှိမှာ မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင် တို့ကို ပစ်မှတ်ထားနေတယ်လို့ ယုံကြည်ရကြောင်း မလေးရှား ရဲချုပ် တန် ဆရီ မိုဟာမက် ဖူဇီ ဟာရန်က ဧပြီ ၂၅ ရက် သတင်းစာရှင်းလင်းပွဲတစ်ုခမှာ ပြောကြားလိုက်တယ်လို့ သိရပါ တယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */